Home
Categories
EXPLORE
True Crime
Comedy
Business
Society & Culture
Health & Fitness
Sports
Technology
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Podjoint Logo
US
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts126/v4/4a/77/8a/4a778a25-ef07-86c6-b010-696f9f3b0645/mza_10193793868924491952.jpg/600x600bb.jpg
DNA Podcast
delta news agency
446 episodes
2 hours ago
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
Show more...
News
RSS
All content for DNA Podcast is the property of delta news agency and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
Show more...
News
Episodes (20/446)
DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • စစ်ကောင်စီအကျဉ်းချထားတဲ့ဦးဝင်းထိန် မန္တလေးဆေးရုံမှာကုသမှုခံယူနေရ
  • မြဝတီမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကသံချပ်တပ်တွေနဲ့စစ်ကူရာချီစေလွှတ်
  • မတ္တရာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ တအိမ်တည်းနေသူလေးဦးသေဆုံး
  • ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးအကြောင်းပြပြီး သင်္ကြန်ကာလ မီးပျက်ချိန်တိုးဦးမယ်
  • နိုင်ငံရေးအကျဉ်းသားသမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာသေဆုံး
  • ပြီးခဲ့တဲ့လဟာ သမိုင်းတလျှောက်အပူဆုံး မတ်လ ဖြစ်ခဲ့တယ်လို့ဆို
  • ဆီးနှင်းအရည်ပျော်ပြီး ရေကြီးမှုတွေကြောင့် ရုရှားနဲ့ ကာဇက်စတန်မှာ လူသိန်းနဲ့ချီ ရွှေ့ပြောင်းကြရ 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။



Show more...
1 year ago
15 minutes 5 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၉) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • လွယ်ဂျယ်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တရုတ်ဘက်ထွက်ပြေး
  • မန္တလေးမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးတဦးလဲကျသေဆုံး
  • အတက်ကြမ်းနေဆဲ ရွှေဈေး လေးဆယ့်ခြောက်သိန်းကျော်အထိ ရောက်
  • မြန်မာ့အရေး ကုလက တဖက်သတ်ဖိအားပေးနေတယ်လို့ စစ်ကောင်စီဝေဖန်
  • ပြည်သူ့ညီလာခံနောက်ဆုံးရက်မှာနှုတ်ထွက်သွားတဲ့ ရွေးကောက်ခံအစုအဖွဲ့
  • နေအပြည့်ကြတ်မှုကို မြောက်အမေရိကမှာ စောင့်ကြည့်သူ သန်းပေါင်းများစွာရှိခဲ့
  • မဟာမိတ် ဆက်ဆံရေး နှစ်တရာ့နှစ်ဆယ်ပြည့်အဖြစ် အစိုးရ အိမ်တော်စောင့် ဗြိတိန်နဲ့ ပြင်သစ်တပ်တွေ လူချင်းလဲ 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။



Show more...
1 year ago
14 minutes 45 seconds

DNA Podcast
စကားပြောအက်ဆေး (၃၀ )

လမ်းကြုံမှုံကြီး  (၃)


ဗြိတိသျှကိုကိုမောင်


၂၀၁၉ ကိုဗစ်တွေမဖြစ်ခင်ကာလ ။ ဟေ့လူ ကလောသွားကြမလို့ ခင်ဗျားတို့လင်မယားလိုက်မလား ။ ဒီတခါလည်း ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကိုမြေမှူန်လွင်ပါပဲ။ လမ်းကြုံ မှုံကြီးတို့ လမ်းကြုံထပ်ခေါ်ပြန်ပါပြီ။ 



Show more...
1 year ago
7 minutes 6 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၈) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • အာဏာသိမ်းမြန်မာစစ်တပ်အင်အား ချိနဲ့လာနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော
  • ရခိုင်မှာ မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်၊ သေဆုံးရသူတွေ ဆက်တိုက်ရှိနေ
  • စစ်ကောင်စီသင်္ဃန်းညီနောင်ဗျူဟာမှူး လက်နက်ချရတဲ့အကြောင်းရင်းကိုရှင်းလင်း
  • ဟုမ္မလင်းရှိ စစ်ကောင်စီတပ်စခန်းလေးခုကို တော်လှန်ရေးပူးပေါင်းတပ်သိမ်းပိုက်
  • ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်
  • နယ်သာလန်မှာ ဆန္ဒပြရင်း တနေ့တည်း နှစ်ကြိမ် အဖမ်းခံခဲ့ရတဲ့ ဂရက်တာ တွန်းဘက်ဂ် 
  • အီတလီ မီးတောင် ပေါက်ကွဲမှုမှာ ရှားပါးအခြေအနေအဖြစ် ညီညာဝိုင်းစက်တဲ့ မီးခိုးကွင်းတွေ ဖြစ်ပေါ်

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။ 



Show more...
1 year ago
11 minutes 44 seconds

DNA Podcast
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၂၁)

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၁


ဗညားမော်


နွေဦးတော်လှန်ရေး အရေးတော်ပုံ သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ဟာ ပြေး သုံးပြေးကို ဆင်ခြင်နေမိခဲ့ပါတယ်။ ကျွန်တော် ပြောချင်တဲ့ ပြေးသုံးပြေးဆိုတာ စစ်ပြေး၊ ပြည်ပြေးနဲ့ တပ်ပြေးတို့ ဖြစ်ပါတယ်။ စစ်ပြေးဆိုတာကို နားခံသာအောင် စစ်ဘေးရှောင်လို့ အခုခေတ်မှာ သုံးကြပေမဲ့ တိုက်ပွဲဖြစ်တဲ့ ဒေသကနေပြီး အရပ်သား လူထုဟာ အသက်လုပြေးရတာ ဆိုတော့ စစ်ပြေး ဆိုတဲ့ အသုံးက ဒက်ထိမှန်တဲ့စကားလုံးပါပဲ။ စစ်ဘေးရှောင်စခန်း ဆိုတာကလည်း ဗုံးစာ လေကြောင်းလက်နက်စာ လက်နက်ကြီးစာ မလွတ်နိုင်တာမျိုးဆိုတော့ စစ်ဘေးကို လွတ်အောင် ရှောင်နိုင်တာမဟုတ်ပါဘူး။ စစ်ပြေးရင်းနဲ့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူလူထုတွေ ရှိနိုင်တာပါပဲ။ ပြည်ပြေးမှာကတော့ အမျိုးအစား နည်းနည်းထွေပြားတယ်။ စစ်ဂိုဏ်းအုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ထားလို့ လွတ်အောင်ပြေးကြရတဲ့နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ ဆန့်ကျင်သူတွေက တဖက်နိုင်ငံနဲ့ အဲ့ဒီကတဆင့် တတိယနိုင်ငံအထိ ရောက်အောင် ပြေးကြရတဲ့ ပြည်ပြေးရှိတယ်။ တိုင်းပြည်ထဲ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ရွှေ့ပြောင်းလုပ်သားအဖြစ် တရားမဝင်နဲ့ တရားဝင် ပြည်ပထွက်ပြီး အကြောင်းကြောင်းအခြေအနေအရ ယာယီ၊ သို့မဟုတ် အစဉ် ပြန်ဝင်ဖို့ အခွင့်မသာတော့တဲ့ ပြည်ပြေး ရှိတယ်။ နောက်ဆုံးပေါ်ပြည်ပြေးတွေကတော့ စစ်ဂိုဏ်းအုပ်စုထဲ အဓမ္မ သွေးတပ်ဆွဲ အသွတ်သွင်းခံရတဲ့ဘေးကနေ ဘယ်နည်းနဲ့ပဲ လွတ်လွတ်ဆိုပြီး ရရာလမ်းကြောင်းကနေ ပြေးကြရတဲ့ အရွယ်ကောင်း လူငယ် ပြည်ပြေးတွေပဲ ဖြစ်တယ်။တပ်ပြေးဆိုတာကတော့ စစ်ဂိုဏ်းအုပ်စုရဲ့ အာဏာလု စစ်ကောင်စီရဲ့ အရှုံးနဲ့ အသေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ အချိန်မီ ပြေးလာပြီး ပြည်သူ့ရင်ခွင်ရောက်တဲ့ တပ်ပြေး၊ တိုက်ပွဲမှာအလံဖြူထောင်လက်နက်ချပြီး သုံ့ပန်းအဖြစ်ရောက်လာတဲ့သူနဲ့ နီးစပ်ရာ တဖက်နိုင်ငံအထိ ထွက်ပြေး လက်နက်ဖြုတ် မြေကြီးနမ်း ဒူးထောက် အဖမ်းခံရပြီး ပြန်ပို့ခံရပြီး ရှေ့တန်းကို ပြန်ရောက်ရသူ ဆိုပြီး တွေ့နိုင်ပါတယ်။

        ဒီပြေးသုံးပြေးဟာ မလွှဲမရှောင်သာ ပြေးကြရသူတွေလို ယေဘုယျသတ်မှတ်နိုင်ပြီး နွေဦးတော်လှန်ရေးအရေးတော်ပုံကို အဓိက မောင်းနှင်နေတဲ့ နောက်ထပ် ပြေးတပြေးကတော့ လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ အများစု လူငယ်ဂျန်းဇီတွေ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ဂိုဏ်းအုပ်စုရဲ့ အဓမ္မ သွေးတပ်ဆွဲနေတာတွေကို တုန့်ပြန်တဲ့ အခါ အချို့လူငယ်တွေဟာ နွေဦးအစကတည်းက တော်လှန်ရေးတပ်တွေထဲ မိမိသဘောဆန္ဒ မိမိပိုင်းဖြတ်ချက် မိမိခံယူချက်အရ လိုက်ပါသွားခဲ့ကြတဲ့ လာမယ့်ဘေး ပြေးတွေ့သူ နောင်တော်တွေရဲ့ ခြေရာနောက်လိုက်ကာ ကြောက်မွှေးပါ ဇာကနာနဲ့နုတ်ပြီး လွတ်မြောက်နယ်မြေက တော်လှန်ရေးတပ်တွေရဲ့ တပ်သားသစ်တွေဖြစ်ဖို့ ထွက်ခွာသွားကြတဲ့ သူတွေလည်း ရှိနေပါတယ်။ 

        တော်လှန်ရေးတပ်သားအဖြစ်လည်း မပါဝင်နိုင်၊ စစ်အုပ်စုရဲ့ လက်အောက်မှာလည်း မနေနိုင် နေမဖြစ်တဲ့ အရပ်သား ပြည်သူအချို့ဟာလည်း ပြည်ပြေးအဖြစ် ခံယူပြီး ယာယီဆုတ်ခွာရတဲ့ သူတွေ ရှိပါတယ်။ ကိုယ့်နေထိုင်ရာ စစ်မီးမဟပ်သမျှ သင့်သလို လည်စင်းခံ နေကြရသူတွေ ရှိသလို မိမိရဲ့ ဆန္ဒ၊ အင်အား၊ အခြေအနေအရ ယာယီဆုတ်ခွာသွားကြရတဲ့ အရပ်သားပြည်သူတွေကိုလည်း ကျွန်တော်တို့နားလည်ကြည့်ကြရပါမယ်။ အဲ့ဒီထဲက ဆုတ်ခွာသူတွေဟာ လူထုအရေးပုံအတွက် ကိုယ်မပါနိုင်သော်လည်း စိတ်ပါ၊ တမြေတရေမှာ ရပ်တည်မှုရတဲ့အခါ သူတို့ဟာ စိတ်ပါရုံမက ရန်ပုံငွေနဲ့ လက်ပါလာနိုင်မယ့်သူတွေလည်း များစွာ ရှိနိုင်ပါတယ်။ ဒီတစ်ပတ်တော့ နွေဦးကာလ ပြေးတွေအထဲက ယာယီဆုတ်ခွာသွားရတဲ့ ပြေးတွေရဲ့ ခံစားချက်ကို ဝင်စားရေးသားထားတဲ့ ကဗျာဆရာ ခဇရဲ့ မြနန္ဒာ ယာယီဆုတ်ခွာခြင်း ဆိုတဲ့ ကဗျာကို ကျွန်တော်တို့ ဖတ်ကြည့်ကြရအောင်ပါခင်ဗျား။

Show more...
1 year ago
7 minutes 6 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၅) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • အာဏာရှင်ဟောင်းဦးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်ဟောင်းတချို့ကို တရုတ်သံအမတ်တွေ့ဆုံ
  • စစ်ကောင်စီအတွက် လေယာဉ်ဆီတင်ပို့မှုပိတ်ပင်သင့်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီသဘောတူ
  • မန္တလေး-ဗန်းမော်လမ်းပေါ်က ဟန်ထက်ရွာစစ်စခန်းကို KIAသိမ်းပိုက်
  • ဘီးလင်းမှာ ခရီးသည်တင်ယာဉ် မိုင်းဆွဲ၊ ပစ်ခတ်ခံရလို့ ယာဉ်နောက်လိုက်သေဆုံး၊ လေးဦးဒဏ်ရာရ
  • နယ်စပ်ဖြတ်ကျော်မယ့်သူတွေကို စစ်ကောင်စီက UID လက်မှတ်တွေ လုပ်ခိုင်းပြီး ပိုမိုတင်းကျပ်
  • ထိုင်းမှာ ကူးတို့ရေယာဉ် မီးလောင်မှုကြောင့် ခရီးသည်တွေ ပင်လယ်ထဲခုန်ချ
  • အဓိက အတိုက်အခံပါတီ ဖျက်သိမ်းရေး တောင်းဆိုမှုကို ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပ​ဒေ ခုံရုံး ကြားနာဖို့ သဘောတူ

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
16 minutes 3 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၄) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • တော်လှန်ရေးအလွန်မှာ လက်နက်ကိုင်ပဋိပက္ခအသစ်တွေမပေါ်ရောက်ရေးကြိုးစားဖို့  NUG ယာယီသမ္မတ သတိပေး
  • နေပြည်တော် ဧလာလေဆိပ်နဲ့စစ်ရုံးချုပ်တို့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ NUG စစ်ရုံးချုပ်ထုတ်ပြန်
  • ထားဝယ်ထောင်ထဲကနေ စစ်တပ်ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဥ်းသားနှစ်ဦး အသတ်ခံရ
  • ဘူးသီးတောင်၊ အမ်းနဲ့မောင်တော ကစစ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့  AA အသိပေး
  • ဆင်ဆာမူဝါဒမလိုက်နာတဲ့ ရိုက်ကူးထုတ်လွှင့်မှုတွေကို အရေးယူမယ်လို့ စစ်ကောင်စီဆို
  • ထိုင်ဝမ်ငလျင်အပြီး ရှင်းလင်းရေးလုပ်ငန်းတွေ စတင် 
  • နည်းပညာသစ် ဟိုက်ပါဆောနစ် တာလတ်ပစ်ဒုံးကျည် စမ်းသပ်မှုဗီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန် 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
15 minutes 31 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၃) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • ပုပ္ပါးတောတွင်းလမ်းကြမ်းခရီးအပြေးပြိုင်ပွဲနဲ့ပတ်သတ်လို့ ကန့်ကွက်ဝေဖန်မူတွေရှိ
  • မင်းပြားနဲ့ မြေပုံမှာ စစ်တပ်ဗုံးကြဲလို့ ခြောက်ဦး သေဆုံး၊ ဆယ့်တဦး ဒဏ်ရာရ 
  • ရှမ်းပြည်နယ်တောင်ပိုင်းမှာ နှစ်လကျော်တိုက်ပွဲအတွင်း အရပ်သား ငါးဆယ်ကျော် သေဆုံး
  • ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုအတွက် အကျဉ်းသားနှစ်ဆယ်နီးပါး ထောင်ခြောက်လစီ ထပ်တိုးခံရ 
  • စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့ လောင်းလုံးဒေသခံ လူငယ်နှစ်ဦး သတင်းအစအန ပျောက်နေ 
  • ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု မဟာမိတ်တွေ အပြင်းအထန် ရှုတ်ချ 
  • တူရကီမှာ နိုက်ကလပ်တခု ပြန်လည် မွမ်းမံနေချိန် မီးလောင်မှုဖြစ်ပြီး လူသုံးဆယ်ဝန်းကျင် သေဆုံး

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
17 minutes 19 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၂) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး
  • နပခ စစ်ဌာနချုပ်ရှိရာ အမ်းနဲ့ မကွေးတိုင်း ဆက်သွယ်ထားတဲ့လမ်းကို AA က အသုံးပြုခွင့်ပိတ်
  • မန္တလေးသင်္ကြန် စည်ကားဖို့ စစ်ကောင်စီကဖြေလျှော့မှုတွေပါလုပ်ပြီး ပြင်ဆင်နေ
  • ကရင်နီ စစ်ဘေးရှောင်တွေ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရ
  • ဘူးသီးတောင် ထောင်က  အချုပ်သား ၅၀၀ ကျော်ကို ရန်ကုန်သို့ ရွှေ့ပြောင်း  
  • လုပ်ငန်းခွင်ကိုစွန့်ခွာပြီး ဆန္ဒပြနေတဲ့ဆရာဝန်တွေနဲ့ ညှိနှိုင်းလိုကြောင်း တောင်ကိုရီးယားအစိုးရ ကမ်းလှမ်း
  • ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေး ဗုံးကြဲခဲ့တယ်လို့ အီရန်စွပ်စွဲ

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
15 minutes 49 seconds

DNA Podcast
ဧရာဝတီအယ်လ်ဘမ် (၄၀)

ရွှေဟင်္သာဆရာတော်


ဧရာဝတီအယ်လ်ဘမ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ထင်ရှားတဲ့လူပုဂ္ဂိုလ်တွေအကြောင်းတင်ဆက်ခဲ့တာ စာပေ၊ အနုပညာနဲ့နိုင်ငံရေးနယ်ပယ်ကလူများအကြောင်း အတော်အသင့်ခရီးရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီတခါတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာမွေးဖွားခဲ့တဲ့ ရဟန်းတပါးအကြောင်းကိုပြောပြချင်ပါတယ်။

အများအကျိုး၊ ရွက်သယ်ပိုးက

ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း

မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို

စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရူနှင်လော့။ 

အထက်ပါကဗျာရေးဖွဲ့သူကတော့ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။


Show more...
1 year ago
3 minutes 21 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • မိုးမောက်-လွယ်ဂျယ်လမ်းပေါ် နောက်ဆုံးကျန်နေတဲ့ စိန်လုံဗျူဟာကုန်းကို KIA သိမ်းပိုက်
  • ဖျာပုံထောင်တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး အကျဉ်းသားနှစ်ဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရထား
  • ဖာပွန်နဲ့ မံစီမှာ လေကြောင်းဗုံးကြဲမှုကြောင့် လူဆယ်ဦးကျော်သေဆုံး
  • မုန်းမြို့နယ်မှာ စစ်တပ်လက်ချက်နဲ့သုံးလအတွင်း လူနှစ်ဆယ်နီးပါး သေဆုံး၊ ခြောက်သောင်းကျော် ထွက်ပြေးနေရ
  • ထားဝယ်ကို အင်အားဖြည့်ဖို့လာတဲ့စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
  • ကင်ဆာရောဂါ ဖြစ်နေကြောင်း ကြေညာပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် ထွက်ခဲ့တဲ့ ချားလ်စ်ဘုရင် 
  •  တန်ဖိုးကြီး လက်ပတ်နာရီတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပီရူးသမ္မတ အိမ်တော်ကို ရဲတပ်ဖွဲ့ စီးနင်း 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။ 



Show more...
1 year ago
13 minutes 46 seconds

DNA Podcast
စကားပြောအက်ဆေး (၂၉ )

လမ်းကြုံမှုံကြီး  (၂)

ဗြိတိသျှကိုကိုမောင်


စမ်းရေစီးသံ တငြိမ့်ငြိမ့်လေး။ တခါတခါ ဆည်းလည်းသံလိုခပ်လွင်လွင်ဂီတ။ ကျွန်တော်မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ နူးညံ့သောလက်ဖဝါးတစုံက ခြေသလုံးပေါ် ခပ်ဖွ ဖွ။ ခပ်ဖွ ဖွ ဆိုသော်ငြား အတွင်းအား ဟုပြောရမလား အား တခုထည့်ထားသဖြင့် ထိ သည်၊ မိ သည်။ 

တီးတောင်.. တီးတောင် … တီးတောင်

ကျွန်တော့ဖုန်း Ringtone သံလေးကလည်း သာသာယာယာမြည်လာသည်။ ဗုဒ္ဓေါ .. ကျွန်တော့မိန်းမဆီက ဖုန်း 

ဟယ်လို

ခုဘယ်မှာလည်း ဘယ်ရောက်နေလည်း သွားတာကြာလှချည်လား..

အမ်း …ဒီမှာကာတွန်းဆရာနဲ့ တွေ့ တွေ့ . . .



Show more...
1 year ago
7 minutes 8 seconds

DNA Podcast
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၂၀)

နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၀


ဗညားမော်


နွေဦးတော်လှန်ရေးမှာ ပြဿနာတွေ ရှိပါတယ်၊ ဒါဟာ ဒီလောက်ကြီးမားပြီး တနိုင်ငံလုံးက လူထုအများစု ပါဝင်နေတဲ့ တော်လှန်ရေးတိုင်းမှာ ရှိတတ်တဲ့ သဘောပေါ့။ ရှိရင်း ကုပ်တွယ်ထားတဲ့ အာဏာလု စစ်ဂိုဏ်းအုပ်စုနဲ့ သူ့ရဲ့ ခြေတံလက်တံ ဒေါက်တိုင်တွေ အကျိုးစီးပွားဖက်တွေ လက်ဝေခံတွေဟာလည်း ပြောရရင်တော့ ကျွန်တော်တို့ နိုင်ငံသားတွေပဲ မဟုတ်လား။ ဒီကြားထဲမှာမှ ကိုယ်လုပ်မှ ကိုယ်စား ကိုယ့်ထိမှကိုယ်နာ ဆိုတဲ့ လူတွေလည်း ရှိနိုင် ရှိနေတာ အရှိတရားပဲ။ တဖက်က နွေဦးတော်လှန်ရေး အရေးတော်ပုံကြီးရဲ့ ခေါ်သံနောက် နိုင်သလောက် လိုက်ပါနေတဲ့ သူတွေမှာရော တော်လှန်ရေး အရေးတော်ပုံရဲ့အကျိုးစီးပွားကို ဖော်ဆောင်နေရတာနဲ့ တပြိုင်တည်း ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ပြဿနာက ရှိသေးတယ်။ အတွေးအခေါ်ပြသနာ၊ အကျိုးစီးပွားပြဿနာ၊ယုံကြည်ချက် ခိုင်မာရေး ပြဿနာ၊ ပဓာနဦးစားပေး ရွေးချယ်ရာ ပြဿနာ။ ကလေးတွေ ပြောကြသလို ပြဿနာတွေကို ပြာသနပ်လုပ်လိုက်လို့ဖြင့် မရနိုင်။ ဆန်းစစ် ဆစ်ပိုင်း ဖြေရှင်း ကျော်လွှားကြရဖို့ပဲ ဖြစ်ပါတယ်။ 

        ပြောရရင်တော့ မျက်မှောက် တနိုင်ငံလုံး လက်ငင်းကြုံနေရတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရင်ဆိုင်ကြရတဲ့ ပြဿနာကိုပဲ ကြည့်ပါတော့။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုပြီး တယောက်ချင်းဖြေရှင်းနေကြပုံတွေကိုလည်း အပြစ်တင်ဖို့ မရှိပါ။ ငွေကြေးသိန်းဆယ်ချီ ရာချီ လက်သိပ်ထိုး ပေးပြီး တဦးချင်း တရွာချင်း တရပ်ကွက်ချင်းစသဖြင့် ဖြေရှင်းပုံတွေကတော့ ပြောစရာ ရှိလာပြီလို့ ဆိုရပါလိမ့်မယ်။ စစ်ဂိုဏ်းအုပ်စုဟာ ဒီ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး forced solder စုဆောင်းတဲ့ အလေ့ကို ပြည်သူ့စစ်ဆိုတဲ့ နာမည်အောက်က ကျင့်သုံးလာခဲ့တာ လက်ယဉ်လှပေါ့။ ခု ဒီတော်လှန်ရေးမှာတော့ ပျူစောထီးလို့ အရပ်က ခေါ်ကြတဲ့  အင်အားတွေက စစ်ပွဲဒေသတွေမှာ အကျယ်အပြန့် ကျင့်သုံးစုဆောင်းလာခဲ့တယ်။ မြှောက်လို့ရသူ မြှောက်ပေးပြီးဆွဲထည့်သလို ခြောက်ပြီးဆွဲထည့်ထားတဲ့ သူတွေဘယ်လောက်ပါနေခဲ့သလဲ။ အဲ့ဒီလိုပဲ ပေါ်တာဆွဲတယ် ဆိုပြီး စစ်ထဲ ဆွဲသွင်းခံရတဲ့ သူတွေလည်း အနှံ့အပြားရှိနေတယ်။ နည်းဥပဒေထွက်မှ စနစ်တကျစုဆောင်းတာမျိုး လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားသူတွေလည်း တကျောင်းတဂါထာ တအုပ်ကြီး တနည်းတဖုံနဲ့ မဲနှိုက် ခွဲတမ်းချ လက်ထောက်ချ ငွေစု လူငှားထည့် ဆိုတဲ့ ပုံစံတွေ ကျွန်တော်တို့အားလုံး ကြားနေကြရပါပြီ။ ဆိုချင်တာက ဒိပြဿနာဟာ နွေဦးရဲ့ နောက်ဆုံးပေါ်ပြဿနာတခု၊ ကာယကံရှင် ပြည်သူလူထုရော တော်လှန်ရေးအင်အားစုတွေရော တစုလုံး ပြဿနာအဖြစ် သဘောထားပြီး ထိရောက်တဲ့ ဖြေရှင်းကျော်ဖြတ်တာ မလုပ်နိုင်သေးသမျှ တဦးချင်း ကြုံသလို သင့်သလို ဖြေရှင်းနေကြရမှာပါ။ နိုင်ငံရဲ့ အရွယ်ကောင်းတွေ မိုးတွင်း တောင်ကျချောင်းရေ ဝါးလုံးထိုး စီးထွက်သလို ရသမျှ ကမ်းပါးလမ်းအတိုင်း စီးထွက်သွားနေကြရဦးမှာပါ။ 

        အဲ့သလို တတောလုံးမြင် တပင်ချင်းကြည့်နေကြရတဲ့ အတွေ့အကြုံကို နွေဦးကဗျာဆရာ တ ခ က ငါတို့ရဲ့ ပြဿနာဆိုပြီး ခေါ်သံမဂ္ဂဇင်းထဲ ရေးပါတယ်။ ကဗျာဆရာတွေလည်း အတိုကောက်စာလုံးတို့၊ကလောင်ပြောင်းတို့ စသဖြင့် နာမည်အသစ်တွေယူပြီး တဦးချင်းပြဿနာ လုံခြုံမှုကို ကြောင့်ကြစိုက်ကာ နွေဦးထဲ အသံပေးနေကြရတာပါ။ ငါတို့ရဲ ပြဿနာဟာ ဘာလဲ၊ ငါတို့ရဲ့ တကယ့်ပြဿနာဟာ ဘာလဲ။ကဗျာဆုံးရင် အတွေးပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ တ ခ ရဲ့ ကဗျာကို နားထောင်ကြည့်လိုက်ကြရအောင်ပါ။

Show more...
1 year ago
6 minutes 4 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ မတ်လ (၂၆) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • တော်လှန်ရေးအင်အားစုတွေ လူထုမျက်နှာငဲ့ဖို့ NUG ယာယီသမ္မတပြော
  • စစ်မှုထမ်းဥပဒေအသက်ဝင်ပြီးနောက် အုပ်ချုပ်ရေးဝန်ထမ်းတွေအပါအဝင် လူတရာဝန်းကျင် လုပ်ကြံခံရ
  • TBPကတ်နဲ့ လာမယ့်သူတွေကို တရုတ်က စစ်ဆေးရေးတင်းကျပ်လို့ မြန်မာအလုပ်သမားတွေ အခက်တွေ့
  • အပစ်ရပ်ထားတဲ့ ရှမ်းမြောက်၊ လားရှိုးမှာ လက်နက်ကြီးပစ်ခတ်သံတွေကြောင့်မြို့ခံတွေထိတ်လန့်
  • AA နဲ့ဆက်စပ်တဲ့ ကျပ်ဘီလီယံသုံးရာတန်ကြေးရှိမူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီဆို
  • ဂျပန် အခြေစိုက် စစ်ရေး အစီအမံတွေကို မွမ်းမံအဆင့်မြှင့်ဖို့ အမေရိကန်စဉ်းစားနေ 
  • ထိုင်းက ထောက်ပံ့ရေးပစ္စည်းတွေ မြန်မာဖက်ကို စတင်ပို့ဆောင် 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။ 



Show more...
1 year ago
17 minutes 40 seconds

DNA Podcast
ဧရာဝတီအယ်လ်ဘမ် (၃၉)

ဝါးခယ်မကဒါရိုက်တာ

    ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဆန်ရေစပါးပေါများသလို လူသားအရင်းအမြစ် ကြွယ်ဝတဲ့ဒေသလည်း ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ရဟန်းရှင်လူ အများအပြားလည်း ဧရာဝတီတိုင်းက ထွက်ပေါ်လေ့ရှိပါတယ်။ထိုပုဂ္ဂိုလ်များထဲက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဝါးခယ်မမြို့က ရုပ်ရှင်ဒါရိုက်တာတယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ နာမည်ကြီးဒါရိုက်တာဦးချစ်ခင်ပါ။

Show more...
1 year ago
3 minutes 16 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ မတ်လ (၂၅) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • မန္တလေးမြို့လယ် ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရလို့ကျပ်သိန်း (၂၀၀၀) ကျော် ပါသွား
  • မြန်မာအရေး ဒေါ်လာ ၁၂၁ သန်း အကူအညီပါဝင်တဲ့ အစိုးရအသုံးစရိတ် အမေရိကန်အတည်ပြု
  • မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီ ထိုင်းစတင်ပေးအပ်
  • ဖမ်းဆီးခံအရပ်သားသေဆုံးခဲ့လို့ တပ်ဖွဲ့ဝင်နှစ်ဦးကို KNDF က ထောင်နှစ် နှစ်ဆယ်ကျော် စီချမှတ်
  • တထစ်လျှော့လိုက်ရတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲမျှော်မှန်းချက် 
  • ဖိလစ်ပိုင် ထောက်ပံ့ရေး ရေယာဉ်တွေကို တရုတ် ကမ်းခြေစောင့် သင်္ဘောတွေက မီးသတ်ပိုက်နဲ့ထိုးပြီး နှောင့်ယှက် 
  • Earth Hour လှုပ်ရှားမှုမှာ ပါဝင်ပြီး ကမ္ဘာအနှံ့က အထင်ကရ အဆောက်အအုံတွေမှာ တနာရီကြာ မီးမှောင်ချ 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
16 minutes 28 seconds

DNA Podcast
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၉)

နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၉)

ဗညားမော်


နွေဦးမှာ ကဗျာဆရာတွေ အဖမ်းခံရ ထောင်သွင်း အကျဉ်းချခံကြရပါတယ်။ နွေဦးမှာ ကဗျာဆရာတွေ လမ်းပေါ်ဆန္ဒပြပွဲတွေအတွင်း သေနတ်မှန်ကျဆုံးကြရပါတယ်။ မုံရွာမြို့ ဘုရားနီလမ်းပေါ်မှာ သေနတ်မှန်လဲကျသွားတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာ ကေဇဝင်းကို စစ်သားတွေက တရွတ်တိုက်ဆွဲ စစ်ကားပေါ်တင်သွားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ကြရတဲ့ အခိုက် သူ့မိတ်ဆွေတွေဟာ ကဗျာဆရာမှန်းမသိကြရ။ နောက်မှ ဒီရက်စက်ပက်စက်တဲ့ မြင်ကွင်းထဲက သားကောင်ဟာ ကဗျာဆရာ ကေဇဝင်းမှန်း သိကြရတယ်။ ၂၀၂၁ မတ်လ ၃ ရက်။ ကဗျာဆရာမ ကြည်လင်အေး အဲ့ဒီဆန္ဒပြပွဲမှာပဲ ကျဆုံးတဲ့ သတင်းတက်လာတယ်။ ကေဇဝင်းရဲ့ သတင်းက နောက်နေ့မှ သိကြရတယ်။ ဒီလိုပဲ အဖမ်းခံရတဲ့ ကဗျာဆရာ ခက်သီဟာ လက်မရွံ့ သားသတ်သမား စစ်သားတွေရဲ့ လက်မှာ ကျဆုံးသွားတယ်။ တချို့ကဗျာဆရာတွေဟာ မီဒီယာတာဝန်ထမ်းဆောင်ရင် တိုက်ပွဲနယ်မြေမှာ ထိမှန်ကျဆုံးရ။ လေးကေကော်မှာ အေစိုင်းကေ လက်နက်ကြီးထိမှန်ကျဆုံး။ တချို့ သေနတ်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးရ။ ကျောင်းဆရာ ကဗျာဆရာ မောင်ပို။ နောက်ထပ် နောက်ထပ် ထပ်တိုး ကဗျာဆရာတွေရဲ့ စာရင်းကို ကျွန်တော်တို့ ထပ်ပြီး အတည်ပြု မှတ်တမ်းတင်ကြရပါလိမ့်မယ်။ ဒါတွေကို ကျွန်တော်ဟာ ဒီနှစ် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့မှာ ပြန်ပြောင်း တွေးတော့နေမိတာပါ။ ကဗျာဆရာတွေ စစ်ထဲကို ကာယကံမြောက် ပါဝင်ကြ၊ ကျဆုံးကြရတာဟာ သမိုင်းမှတ်တမ်းစာမျက်နှာတွေ လှန်လှောဖတ်ရင်လည်း အရှာရခက်တာမျိုး မဟုတ်။ စစ်သားတွေက ကဗျာရေးတာ မဆန်းသလို ကဗျာဆရာတွေ မလွှဲမရှောင်သာ စစ်ထဲဝင်သွားကြရတာလည်း အဆန်းတော့ မဟုတ်။

        မြသန်းတင့် မြန်မာပြန်တဲ့ ရုရှားစာရေးဆရာ အီလျာအာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ - ဘဝ ဆိုတဲ့ စာအုပ်ဟာ ရုရှားတော်လှန်ရေး၊ ပထမကမ္ဘာစစ်၊ စပိန် ပြည်တွင်းစစ်၊ ဒုတိယကမ္ဘာစစ် စတဲ့ စစ်မြေပြင်တွေမှာ သူကြုံရတဲ့ အမှတ်ရချက်တွေက ပေါ်လွင်တဲ့ ကဏ္ဍမှာ ရှိနေတယ်။ အဲ့ဒီထဲ ပထမကမ္ဘာစစ်ထဲ ပြင်သစ်ကဗျာဆရာ ဂျာမန်နဲ့တိုက်ပွဲ စစ်မြေပြင်မှာ ကျဆုံးပုံကို သူက ဒီလို ရေးတယ်။ “ကဗျာဆရာ အယ်ပိုလင်နဲယားလည်း စစ်ထဲဝင်ရပါသည်။ သူ၏ ကတုတ်ကျင်းသို့ စာတွေ ရောက်လာတတ်ပါသည်။ အယ်ပိုလင်နဲယားသည် နောက်ဆုံးရောက်လာသည့် ‘ပြင်သစ်မာကျူရီ’ မဂ္ဂဇင်းကို လှန်ဖတ်ပါသည်။ ထိုမဂ္ဂဇင်းထဲတွင် သူ့ဆောင်းပါး တပုဒ် ပါပါသည်။ ထိုစဉ် သူ့ခေါင်းကို အမြောက်ကျည်ဆန် ထိမှန်သွားပါသည်။”

        ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမျာ ကျဆုံးသွားတဲ့ ကဗျာဆရာတွေရဲ့အကြောင်းကို လက်လှမ်းမီ တွေ့ကြုံကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေက တချိန်ကျရင် ကျကျနန ရေးထိုး မှတ်တမ်းတင်ကြရလိမ့်မယ်။ ခုနှစ် ကဗျာနေ့မှာ ကဗျာဆရာ အောင်ဝေးက “World Poetry Day တဲ့/ ရက်ဂေးတပုဒ်ရေးမယ်/ သားရီး” လို့အစချီပြီး ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တယ် လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာတပုဒ်ကို ရေးတယ်။ ဒီကဗျာထဲ နွေဦးမှာ တောထဲ တောင်ထဲ တိုက်ပွဲထဲ အကျနာရတဲ့ ကဗျာဆရာတွေအကြောင်း ရေးသလို ကဗျာဆရာဟာ နေသာရာ အရက်သီချင်းဆိုင်ထဲမှာ အနာကျနေတဲ့ ကဗျာဆရာတွေအကြောင်းလည်း ခြွင်းချန်ထိန်ဝှက်တာမရှိပဲ ထည့်ရေးသွားတယ်။ အဓိကကတော့ အကျနာရရှာတဲ့ ကဗျာဆရာတွေအကြောင်း အမည်နာမနဲ့တကွ အမူကွန်းတင်လိုက်တာပေါ့။ ပြီးတော့ စစ်အာဏာရှင်တွေ လက်နက်ကိုင်တော့ အာဏာဟာ သေနတ်ပြောင်းဝက ထွက်ပေမဲ့ ကဗျာဆရာတွေ မလွှဲမရှောင်သာ တော်လှန်ရေးထဲ လက်နက်ကိုင်ရတော့ ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တဲ့အကြောင်းလို့ ဆိုရမယ်။ ကဗျာကို လက်နက်သဖွယ် သုံးပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာတွေရဲ့ ပြောင်းဝကလည်း ကဗျာထွက်သလို တိုက်ပွဲမြေပြင်မှာ တကယ်တမ်း ဝင်နွှဲရတဲ့ ကဗျာဆရာတွေရဲ့ သေနတ်ပြောင်းဝကလည်း ကဗျာပဲ ထွက်ပါလိမ့်မယ်။ အဲ့ဒီ သေနတ်ပြောင်းဝက ထွက်တဲ့ ကဗျာဟာ နှင်းဆီနံ့ မွှေးချင်လည်း မွှေးလိမ့်မယ်။ သပြေညိုရနံ့ ရချင်လည်း ရလိမ့်မယ်။ အသေချာဆုံးက ဓမ္မ၊ တရားမျှတမှုနဲ့ အမှန်တရားရဲ့ ရနံ့နဲ့ အရသာ ပါဝင်နေမှာသာ ဖြစ်ပါတယ်။


Show more...
1 year ago
8 minutes 31 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ မတ်လ (၂၂) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • ရခိုင်မှာ ဘဏ်တွေပိတ်ထားလို့ ငွေသား တသိန်းကို တသောင်းကျော်ထိ ပေးထုတ်နေရ
  • ဖယ်ခုံမြို့တိုက်နယ်ဆေးရုံကို စစ်ကောင်စီဗုံးကြဲလို့အရပ်သားနှစ်ဦးသေဆုံး
  • ရွှေတကျပ်သား ကျပ် ၄၂ သိန်းဝန်းကျင်အထိမြင့်တက်လာ
  • ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလိုက်နာဖို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ် NUG ထုတ်ပြန် 
  • ခရီးသွားလျော့နည်းလာလို့ ပုဂံမှာ ဟိုတယ်အလုံးလိုက်ရောင်းချသူများလာ
  • မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့ တုံ့ပြန် 
  • သွေးလွန်တုပ်ကွေးကူးစက်မှုတွေ စံချိန်တင်ဆိုးရွားမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ အာဂျင်တီးနား 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  


 



Show more...
1 year ago
15 minutes 24 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ မတ်လ (၂၁) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • ရခိုင်မှာ စစ်တပ်လေကြောင်းကဗုံးကြဲလို့ အရပ်သားခြောက်ဦး ထပ်မံသေဆုံး
  • မြန်မာ့အရေးအလှည့်အပြောင်းကာလမှာ ပိုမိုအာရုံစိုက်ပေးဖို့ နိုင်ငံတကာကို ကုလသမဂ္ဂကိုယ်စားလှယ် တိုက်တွန်း 
  • ကရင်မှာစစ်ကောင်စီတပ်သားတွေ ထိုင်းဘက် ထပ်မံထွက်ပြေး
  • ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သား သုံးဦးသေဆုံး
  • ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ကားလက်မှတ်မရောင်းရန်ညွှန်ကြားထား
  • လယ်သမားတွေကြား ရေပန်းစားနေတဲ့ ကျွဲဖြူကြီးကို ဖိတ်ကြားတွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်
  • ရာသီဥတု အလွန်အကျွံပူပြင်းတာကြောင့် တောင်ပိုင်းဆူဒန်မှာ ကျောင်းတွေကိုအရေးပေါ် ပိတ်ထားရ 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။ 



Show more...
1 year ago
17 minutes 25 seconds

DNA Podcast
DNA 7 PM Podcast

အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ 

ဒီကနေ့ မတ်လ (၂၀) ရက်နေ့ ရဲ့  Podcast အသံလွှင့်အစီအစဉ်မှာတော့

  • ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) လေလံဝင်ဆွဲသူမရှိလို့ လေလံပွဲ အထမမြောက်
  • စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့အဝင် ကားလမ်းမကြီးကို စစ်ကောင်စီ ဖျက်ဆီး
  • ထားဝယ်ထောင်မှာနိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော် ရိုက်နှက်တိုက်ပိတ်ခံထားရ
  • မကွေးမြို့နယ် စသုံးလုံးဦးစီးမှူးရဲ့ဇနီးကို ဂန့်ဂေါကာကွယ်ရေးတပ်တွေဖမ်းထားတယ်လို့ဆို
  • ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်
  • ရုရှားမှာ ရွှေသတ္တုမိုင်းတွင်း ပြိုကျပြီး မိုင်းလုပ်သား ဒါဇင်နဲ့ချီ ပိတ်မိနေ 
  • ဒုံးကျည် စမ်းသပ်မှုတွေကို ကင်ဂျုံအန်း ကြီးမှူးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန် 

စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။  



Show more...
1 year ago
14 minutes 35 seconds

DNA Podcast
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.