အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
- မိုးမောက်-လွယ်ဂျယ်လမ်းပေါ် နောက်ဆုံးကျန်နေတဲ့ စိန်လုံဗျူဟာကုန်းကို KIA သိမ်းပိုက်
- ဖျာပုံထောင်တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး အကျဉ်းသားနှစ်ဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရထား
- ဖာပွန်နဲ့ မံစီမှာ လေကြောင်းဗုံးကြဲမှုကြောင့် လူဆယ်ဦးကျော်သေဆုံး
- မုန်းမြို့နယ်မှာ စစ်တပ်လက်ချက်နဲ့သုံးလအတွင်း လူနှစ်ဆယ်နီးပါး သေဆုံး၊ ခြောက်သောင်းကျော် ထွက်ပြေးနေရ
- ထားဝယ်ကို အင်အားဖြည့်ဖို့လာတဲ့စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
- ကင်ဆာရောဂါ ဖြစ်နေကြောင်း ကြေညာပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် ထွက်ခဲ့တဲ့ ချားလ်စ်ဘုရင်
- တန်ဖိုးကြီး လက်ပတ်နာရီတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပီရူးသမ္မတ အိမ်တော်ကို ရဲတပ်ဖွဲ့ စီးနင်း
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။