အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၉) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
လမ်းကြုံမှုံကြီး (၃)
ဗြိတိသျှကိုကိုမောင်
၂၀၁၉ ကိုဗစ်တွေမဖြစ်ခင်ကာလ ။ ဟေ့လူ ကလောသွားကြမလို့ ခင်ဗျားတို့လင်မယားလိုက်မလား ။ ဒီတခါလည်း ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကိုမြေမှူန်လွင်ပါပဲ။ လမ်းကြုံ မှုံကြီးတို့ လမ်းကြုံထပ်ခေါ်ပြန်ပါပြီ။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၈) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၁
ဗညားမော်
နွေဦးတော်လှန်ရေး အရေးတော်ပုံ သုံးနှစ်ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ဟာ ပြေး သုံးပြေးကို ဆင်ခြင်နေမိခဲ့ပါတယ်။ ကျွန်တော် ပြောချင်တဲ့ ပြေးသုံးပြေးဆိုတာ စစ်ပြေး၊ ပြည်ပြေးနဲ့ တပ်ပြေးတို့ ဖြစ်ပါတယ်။ စစ်ပြေးဆိုတာကို နားခံသာအောင် စစ်ဘေးရှောင်လို့ အခုခေတ်မှာ သုံးကြပေမဲ့ တိုက်ပွဲဖြစ်တဲ့ ဒေသကနေပြီး အရပ်သား လူထုဟာ အသက်လုပြေးရတာ ဆိုတော့ စစ်ပြေး ဆိုတဲ့ အသုံးက ဒက်ထိမှန်တဲ့စကားလုံးပါပဲ။ စစ်ဘေးရှောင်စခန်း ဆိုတာကလည်း ဗုံးစာ လေကြောင်းလက်နက်စာ လက်နက်ကြီးစာ မလွတ်နိုင်တာမျိုးဆိုတော့ စစ်ဘေးကို လွတ်အောင် ရှောင်နိုင်တာမဟုတ်ပါဘူး။ စစ်ပြေးရင်းနဲ့ ထိခိုက်သေဆုံးရတဲ့ အရပ်သားပြည်သူလူထုတွေ ရှိနိုင်တာပါပဲ။ ပြည်ပြေးမှာကတော့ အမျိုးအစား နည်းနည်းထွေပြားတယ်။ စစ်ဂိုဏ်းအုပ်စုက ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ထားလို့ လွတ်အောင်ပြေးကြရတဲ့နိုင်ငံရေးသမား၊ တက်ကြွလှုပ်ရှားသူ၊ ဆန့်ကျင်သူတွေက တဖက်နိုင်ငံနဲ့ အဲ့ဒီကတဆင့် တတိယနိုင်ငံအထိ ရောက်အောင် ပြေးကြရတဲ့ ပြည်ပြေးရှိတယ်။ တိုင်းပြည်ထဲ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ရွှေ့ပြောင်းလုပ်သားအဖြစ် တရားမဝင်နဲ့ တရားဝင် ပြည်ပထွက်ပြီး အကြောင်းကြောင်းအခြေအနေအရ ယာယီ၊ သို့မဟုတ် အစဉ် ပြန်ဝင်ဖို့ အခွင့်မသာတော့တဲ့ ပြည်ပြေး ရှိတယ်။ နောက်ဆုံးပေါ်ပြည်ပြေးတွေကတော့ စစ်ဂိုဏ်းအုပ်စုထဲ အဓမ္မ သွေးတပ်ဆွဲ အသွတ်သွင်းခံရတဲ့ဘေးကနေ ဘယ်နည်းနဲ့ပဲ လွတ်လွတ်ဆိုပြီး ရရာလမ်းကြောင်းကနေ ပြေးကြရတဲ့ အရွယ်ကောင်း လူငယ် ပြည်ပြေးတွေပဲ ဖြစ်တယ်။တပ်ပြေးဆိုတာကတော့ စစ်ဂိုဏ်းအုပ်စုရဲ့ အာဏာလု စစ်ကောင်စီရဲ့ အရှုံးနဲ့ အသေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကနေ အချိန်မီ ပြေးလာပြီး ပြည်သူ့ရင်ခွင်ရောက်တဲ့ တပ်ပြေး၊ တိုက်ပွဲမှာအလံဖြူထောင်လက်နက်ချပြီး သုံ့ပန်းအဖြစ်ရောက်လာတဲ့သူနဲ့ နီးစပ်ရာ တဖက်နိုင်ငံအထိ ထွက်ပြေး လက်နက်ဖြုတ် မြေကြီးနမ်း ဒူးထောက် အဖမ်းခံရပြီး ပြန်ပို့ခံရပြီး ရှေ့တန်းကို ပြန်ရောက်ရသူ ဆိုပြီး တွေ့နိုင်ပါတယ်။
ဒီပြေးသုံးပြေးဟာ မလွှဲမရှောင်သာ ပြေးကြရသူတွေလို ယေဘုယျသတ်မှတ်နိုင်ပြီး နွေဦးတော်လှန်ရေးအရေးတော်ပုံကို အဓိက မောင်းနှင်နေတဲ့ နောက်ထပ် ပြေးတပြေးကတော့ လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ အများစု လူငယ်ဂျန်းဇီတွေ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး စစ်ဂိုဏ်းအုပ်စုရဲ့ အဓမ္မ သွေးတပ်ဆွဲနေတာတွေကို တုန့်ပြန်တဲ့ အခါ အချို့လူငယ်တွေဟာ နွေဦးအစကတည်းက တော်လှန်ရေးတပ်တွေထဲ မိမိသဘောဆန္ဒ မိမိပိုင်းဖြတ်ချက် မိမိခံယူချက်အရ လိုက်ပါသွားခဲ့ကြတဲ့ လာမယ့်ဘေး ပြေးတွေ့သူ နောင်တော်တွေရဲ့ ခြေရာနောက်လိုက်ကာ ကြောက်မွှေးပါ ဇာကနာနဲ့နုတ်ပြီး လွတ်မြောက်နယ်မြေက တော်လှန်ရေးတပ်တွေရဲ့ တပ်သားသစ်တွေဖြစ်ဖို့ ထွက်ခွာသွားကြတဲ့ သူတွေလည်း ရှိနေပါတယ်။
တော်လှန်ရေးတပ်သားအဖြစ်လည်း မပါဝင်နိုင်၊ စစ်အုပ်စုရဲ့ လက်အောက်မှာလည်း မနေနိုင် နေမဖြစ်တဲ့ အရပ်သား ပြည်သူအချို့ဟာလည်း ပြည်ပြေးအဖြစ် ခံယူပြီး ယာယီဆုတ်ခွာရတဲ့ သူတွေ ရှိပါတယ်။ ကိုယ့်နေထိုင်ရာ စစ်မီးမဟပ်သမျှ သင့်သလို လည်စင်းခံ နေကြရသူတွေ ရှိသလို မိမိရဲ့ ဆန္ဒ၊ အင်အား၊ အခြေအနေအရ ယာယီဆုတ်ခွာသွားကြရတဲ့ အရပ်သားပြည်သူတွေကိုလည်း ကျွန်တော်တို့နားလည်ကြည့်ကြရပါမယ်။ အဲ့ဒီထဲက ဆုတ်ခွာသူတွေဟာ လူထုအရေးပုံအတွက် ကိုယ်မပါနိုင်သော်လည်း စိတ်ပါ၊ တမြေတရေမှာ ရပ်တည်မှုရတဲ့အခါ သူတို့ဟာ စိတ်ပါရုံမက ရန်ပုံငွေနဲ့ လက်ပါလာနိုင်မယ့်သူတွေလည်း များစွာ ရှိနိုင်ပါတယ်။ ဒီတစ်ပတ်တော့ နွေဦးကာလ ပြေးတွေအထဲက ယာယီဆုတ်ခွာသွားရတဲ့ ပြေးတွေရဲ့ ခံစားချက်ကို ဝင်စားရေးသားထားတဲ့ ကဗျာဆရာ ခဇရဲ့ မြနန္ဒာ ယာယီဆုတ်ခွာခြင်း ဆိုတဲ့ ကဗျာကို ကျွန်တော်တို့ ဖတ်ကြည့်ကြရအောင်ပါခင်ဗျား။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၅) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၄) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၃) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၂) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
ရွှေဟင်္သာဆရာတော်
ဧရာဝတီအယ်လ်ဘမ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ထင်ရှားတဲ့လူပုဂ္ဂိုလ်တွေအကြောင်းတင်ဆက်ခဲ့တာ စာပေ၊ အနုပညာနဲ့နိုင်ငံရေးနယ်ပယ်ကလူများအကြောင်း အတော်အသင့်ခရီးရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီတခါတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာမွေးဖွားခဲ့တဲ့ ရဟန်းတပါးအကြောင်းကိုပြောပြချင်ပါတယ်။
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရူနှင်လော့။
အထက်ပါကဗျာရေးဖွဲ့သူကတော့ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
လမ်းကြုံမှုံကြီး (၂)
ဗြိတိသျှကိုကိုမောင်
စမ်းရေစီးသံ တငြိမ့်ငြိမ့်လေး။ တခါတခါ ဆည်းလည်းသံလိုခပ်လွင်လွင်ဂီတ။ ကျွန်တော်မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ နူးညံ့သောလက်ဖဝါးတစုံက ခြေသလုံးပေါ် ခပ်ဖွ ဖွ။ ခပ်ဖွ ဖွ ဆိုသော်ငြား အတွင်းအား ဟုပြောရမလား အား တခုထည့်ထားသဖြင့် ထိ သည်၊ မိ သည်။
တီးတောင်.. တီးတောင် … တီးတောင်
ကျွန်တော့ဖုန်း Ringtone သံလေးကလည်း သာသာယာယာမြည်လာသည်။ ဗုဒ္ဓေါ .. ကျွန်တော့မိန်းမဆီက ဖုန်း
ဟယ်လို
ခုဘယ်မှာလည်း ဘယ်ရောက်နေလည်း သွားတာကြာလှချည်လား..
အမ်း …ဒီမှာကာတွန်းဆရာနဲ့ တွေ့ တွေ့ . . .
နွေဦးထဲက ကဗျာ ကဗျာထဲက နွေဦး ၁၂၀
ဗညားမော်
နွေဦးတော်လှန်ရေးမှာ ပြဿနာတွေ ရှိပါတယ်၊ ဒါဟာ ဒီလောက်ကြီးမားပြီး တနိုင်ငံလုံးက လူထုအများစု ပါဝင်နေတဲ့ တော်လှန်ရေးတိုင်းမှာ ရှိတတ်တဲ့ သဘောပေါ့။ ရှိရင်း ကုပ်တွယ်ထားတဲ့ အာဏာလု စစ်ဂိုဏ်းအုပ်စုနဲ့ သူ့ရဲ့ ခြေတံလက်တံ ဒေါက်တိုင်တွေ အကျိုးစီးပွားဖက်တွေ လက်ဝေခံတွေဟာလည်း ပြောရရင်တော့ ကျွန်တော်တို့ နိုင်ငံသားတွေပဲ မဟုတ်လား။ ဒီကြားထဲမှာမှ ကိုယ်လုပ်မှ ကိုယ်စား ကိုယ့်ထိမှကိုယ်နာ ဆိုတဲ့ လူတွေလည်း ရှိနိုင် ရှိနေတာ အရှိတရားပဲ။ တဖက်က နွေဦးတော်လှန်ရေး အရေးတော်ပုံကြီးရဲ့ ခေါ်သံနောက် နိုင်သလောက် လိုက်ပါနေတဲ့ သူတွေမှာရော တော်လှန်ရေး အရေးတော်ပုံရဲ့အကျိုးစီးပွားကို ဖော်ဆောင်နေရတာနဲ့ တပြိုင်တည်း ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနေကြရတဲ့ ပြဿနာက ရှိသေးတယ်။ အတွေးအခေါ်ပြသနာ၊ အကျိုးစီးပွားပြဿနာ၊ယုံကြည်ချက် ခိုင်မာရေး ပြဿနာ၊ ပဓာနဦးစားပေး ရွေးချယ်ရာ ပြဿနာ။ ကလေးတွေ ပြောကြသလို ပြဿနာတွေကို ပြာသနပ်လုပ်လိုက်လို့ဖြင့် မရနိုင်။ ဆန်းစစ် ဆစ်ပိုင်း ဖြေရှင်း ကျော်လွှားကြရဖို့ပဲ ဖြစ်ပါတယ်။
ပြောရရင်တော့ မျက်မှောက် တနိုင်ငံလုံး လက်ငင်းကြုံနေရတဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရင်ဆိုင်ကြရတဲ့ ပြဿနာကိုပဲ ကြည့်ပါတော့။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဆိုပြီး တယောက်ချင်းဖြေရှင်းနေကြပုံတွေကိုလည်း အပြစ်တင်ဖို့ မရှိပါ။ ငွေကြေးသိန်းဆယ်ချီ ရာချီ လက်သိပ်ထိုး ပေးပြီး တဦးချင်း တရွာချင်း တရပ်ကွက်ချင်းစသဖြင့် ဖြေရှင်းပုံတွေကတော့ ပြောစရာ ရှိလာပြီလို့ ဆိုရပါလိမ့်မယ်။ စစ်ဂိုဏ်းအုပ်စုဟာ ဒီ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး forced solder စုဆောင်းတဲ့ အလေ့ကို ပြည်သူ့စစ်ဆိုတဲ့ နာမည်အောက်က ကျင့်သုံးလာခဲ့တာ လက်ယဉ်လှပေါ့။ ခု ဒီတော်လှန်ရေးမှာတော့ ပျူစောထီးလို့ အရပ်က ခေါ်ကြတဲ့ အင်အားတွေက စစ်ပွဲဒေသတွေမှာ အကျယ်အပြန့် ကျင့်သုံးစုဆောင်းလာခဲ့တယ်။ မြှောက်လို့ရသူ မြှောက်ပေးပြီးဆွဲထည့်သလို ခြောက်ပြီးဆွဲထည့်ထားတဲ့ သူတွေဘယ်လောက်ပါနေခဲ့သလဲ။ အဲ့ဒီလိုပဲ ပေါ်တာဆွဲတယ် ဆိုပြီး စစ်ထဲ ဆွဲသွင်းခံရတဲ့ သူတွေလည်း အနှံ့အပြားရှိနေတယ်။ နည်းဥပဒေထွက်မှ စနစ်တကျစုဆောင်းတာမျိုး လာမယ်လို့ ခန့်မှန်းမျှော်လင့်ထားသူတွေလည်း တကျောင်းတဂါထာ တအုပ်ကြီး တနည်းတဖုံနဲ့ မဲနှိုက် ခွဲတမ်းချ လက်ထောက်ချ ငွေစု လူငှားထည့် ဆိုတဲ့ ပုံစံတွေ ကျွန်တော်တို့အားလုံး ကြားနေကြရပါပြီ။ ဆိုချင်တာက ဒိပြဿနာဟာ နွေဦးရဲ့ နောက်ဆုံးပေါ်ပြဿနာတခု၊ ကာယကံရှင် ပြည်သူလူထုရော တော်လှန်ရေးအင်အားစုတွေရော တစုလုံး ပြဿနာအဖြစ် သဘောထားပြီး ထိရောက်တဲ့ ဖြေရှင်းကျော်ဖြတ်တာ မလုပ်နိုင်သေးသမျှ တဦးချင်း ကြုံသလို သင့်သလို ဖြေရှင်းနေကြရမှာပါ။ နိုင်ငံရဲ့ အရွယ်ကောင်းတွေ မိုးတွင်း တောင်ကျချောင်းရေ ဝါးလုံးထိုး စီးထွက်သလို ရသမျှ ကမ်းပါးလမ်းအတိုင်း စီးထွက်သွားနေကြရဦးမှာပါ။
အဲ့သလို တတောလုံးမြင် တပင်ချင်းကြည့်နေကြရတဲ့ အတွေ့အကြုံကို နွေဦးကဗျာဆရာ တ ခ က ငါတို့ရဲ့ ပြဿနာဆိုပြီး ခေါ်သံမဂ္ဂဇင်းထဲ ရေးပါတယ်။ ကဗျာဆရာတွေလည်း အတိုကောက်စာလုံးတို့၊ကလောင်ပြောင်းတို့ စသဖြင့် နာမည်အသစ်တွေယူပြီး တဦးချင်းပြဿနာ လုံခြုံမှုကို ကြောင့်ကြစိုက်ကာ နွေဦးထဲ အသံပေးနေကြရတာပါ။ ငါတို့ရဲ ပြဿနာဟာ ဘာလဲ၊ ငါတို့ရဲ့ တကယ့်ပြဿနာဟာ ဘာလဲ။ကဗျာဆုံးရင် အတွေးပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ တ ခ ရဲ့ ကဗျာကို နားထောင်ကြည့်လိုက်ကြရအောင်ပါ။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၆) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
ဝါးခယ်မကဒါရိုက်တာ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဆန်ရေစပါးပေါများသလို လူသားအရင်းအမြစ် ကြွယ်ဝတဲ့ဒေသလည်း ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ရဟန်းရှင်လူ အများအပြားလည်း ဧရာဝတီတိုင်းက ထွက်ပေါ်လေ့ရှိပါတယ်။ထိုပုဂ္ဂိုလ်များထဲက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဝါးခယ်မမြို့က ရုပ်ရှင်ဒါရိုက်တာတယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ နာမည်ကြီးဒါရိုက်တာဦးချစ်ခင်ပါ။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၅) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
နွေဦးထဲက ကဗျာ၊ ကဗျာထဲက နွေဦး (၁၁၉)
ဗညားမော်
နွေဦးမှာ ကဗျာဆရာတွေ အဖမ်းခံရ ထောင်သွင်း အကျဉ်းချခံကြရပါတယ်။ နွေဦးမှာ ကဗျာဆရာတွေ လမ်းပေါ်ဆန္ဒပြပွဲတွေအတွင်း သေနတ်မှန်ကျဆုံးကြရပါတယ်။ မုံရွာမြို့ ဘုရားနီလမ်းပေါ်မှာ သေနတ်မှန်လဲကျသွားတဲ့ ကျွန်တော်တို့ရဲ့ ကဗျာဆရာ ကေဇဝင်းကို စစ်သားတွေက တရွတ်တိုက်ဆွဲ စစ်ကားပေါ်တင်သွားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ကြရတဲ့ အခိုက် သူ့မိတ်ဆွေတွေဟာ ကဗျာဆရာမှန်းမသိကြရ။ နောက်မှ ဒီရက်စက်ပက်စက်တဲ့ မြင်ကွင်းထဲက သားကောင်ဟာ ကဗျာဆရာ ကေဇဝင်းမှန်း သိကြရတယ်။ ၂၀၂၁ မတ်လ ၃ ရက်။ ကဗျာဆရာမ ကြည်လင်အေး အဲ့ဒီဆန္ဒပြပွဲမှာပဲ ကျဆုံးတဲ့ သတင်းတက်လာတယ်။ ကေဇဝင်းရဲ့ သတင်းက နောက်နေ့မှ သိကြရတယ်။ ဒီလိုပဲ အဖမ်းခံရတဲ့ ကဗျာဆရာ ခက်သီဟာ လက်မရွံ့ သားသတ်သမား စစ်သားတွေရဲ့ လက်မှာ ကျဆုံးသွားတယ်။ တချို့ကဗျာဆရာတွေဟာ မီဒီယာတာဝန်ထမ်းဆောင်ရင် တိုက်ပွဲနယ်မြေမှာ ထိမှန်ကျဆုံးရ။ လေးကေကော်မှာ အေစိုင်းကေ လက်နက်ကြီးထိမှန်ကျဆုံး။ တချို့ သေနတ်ကိုင်တိုက်ပွဲဝင်ရင်း ကျဆုံးရ။ ကျောင်းဆရာ ကဗျာဆရာ မောင်ပို။ နောက်ထပ် နောက်ထပ် ထပ်တိုး ကဗျာဆရာတွေရဲ့ စာရင်းကို ကျွန်တော်တို့ ထပ်ပြီး အတည်ပြု မှတ်တမ်းတင်ကြရပါလိမ့်မယ်။ ဒါတွေကို ကျွန်တော်ဟာ ဒီနှစ် မတ်လ ၂၁ ရက် ကမ္ဘာ့ကဗျာနေ့မှာ ပြန်ပြောင်း တွေးတော့နေမိတာပါ။ ကဗျာဆရာတွေ စစ်ထဲကို ကာယကံမြောက် ပါဝင်ကြ၊ ကျဆုံးကြရတာဟာ သမိုင်းမှတ်တမ်းစာမျက်နှာတွေ လှန်လှောဖတ်ရင်လည်း အရှာရခက်တာမျိုး မဟုတ်။ စစ်သားတွေက ကဗျာရေးတာ မဆန်းသလို ကဗျာဆရာတွေ မလွှဲမရှောင်သာ စစ်ထဲဝင်သွားကြရတာလည်း အဆန်းတော့ မဟုတ်။
မြသန်းတင့် မြန်မာပြန်တဲ့ ရုရှားစာရေးဆရာ အီလျာအာရင်ဘတ်ရဲ့ လူများ၊ သက္ကရာဇ်များ - ဘဝ ဆိုတဲ့ စာအုပ်ဟာ ရုရှားတော်လှန်ရေး၊ ပထမကမ္ဘာစစ်၊ စပိန် ပြည်တွင်းစစ်၊ ဒုတိယကမ္ဘာစစ် စတဲ့ စစ်မြေပြင်တွေမှာ သူကြုံရတဲ့ အမှတ်ရချက်တွေက ပေါ်လွင်တဲ့ ကဏ္ဍမှာ ရှိနေတယ်။ အဲ့ဒီထဲ ပထမကမ္ဘာစစ်ထဲ ပြင်သစ်ကဗျာဆရာ ဂျာမန်နဲ့တိုက်ပွဲ စစ်မြေပြင်မှာ ကျဆုံးပုံကို သူက ဒီလို ရေးတယ်။ “ကဗျာဆရာ အယ်ပိုလင်နဲယားလည်း စစ်ထဲဝင်ရပါသည်။ သူ၏ ကတုတ်ကျင်းသို့ စာတွေ ရောက်လာတတ်ပါသည်။ အယ်ပိုလင်နဲယားသည် နောက်ဆုံးရောက်လာသည့် ‘ပြင်သစ်မာကျူရီ’ မဂ္ဂဇင်းကို လှန်ဖတ်ပါသည်။ ထိုမဂ္ဂဇင်းထဲတွင် သူ့ဆောင်းပါး တပုဒ် ပါပါသည်။ ထိုစဉ် သူ့ခေါင်းကို အမြောက်ကျည်ဆန် ထိမှန်သွားပါသည်။”
ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမျာ ကျဆုံးသွားတဲ့ ကဗျာဆရာတွေရဲ့အကြောင်းကို လက်လှမ်းမီ တွေ့ကြုံကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေက တချိန်ကျရင် ကျကျနန ရေးထိုး မှတ်တမ်းတင်ကြရလိမ့်မယ်။ ခုနှစ် ကဗျာနေ့မှာ ကဗျာဆရာ အောင်ဝေးက “World Poetry Day တဲ့/ ရက်ဂေးတပုဒ်ရေးမယ်/ သားရီး” လို့အစချီပြီး ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တယ် လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာတပုဒ်ကို ရေးတယ်။ ဒီကဗျာထဲ နွေဦးမှာ တောထဲ တောင်ထဲ တိုက်ပွဲထဲ အကျနာရတဲ့ ကဗျာဆရာတွေအကြောင်း ရေးသလို ကဗျာဆရာဟာ နေသာရာ အရက်သီချင်းဆိုင်ထဲမှာ အနာကျနေတဲ့ ကဗျာဆရာတွေအကြောင်းလည်း ခြွင်းချန်ထိန်ဝှက်တာမရှိပဲ ထည့်ရေးသွားတယ်။ အဓိကကတော့ အကျနာရရှာတဲ့ ကဗျာဆရာတွေအကြောင်း အမည်နာမနဲ့တကွ အမူကွန်းတင်လိုက်တာပေါ့။ ပြီးတော့ စစ်အာဏာရှင်တွေ လက်နက်ကိုင်တော့ အာဏာဟာ သေနတ်ပြောင်းဝက ထွက်ပေမဲ့ ကဗျာဆရာတွေ မလွှဲမရှောင်သာ တော်လှန်ရေးထဲ လက်နက်ကိုင်ရတော့ ကဗျာဟာ သေနတ်ပြောင်းဝက ထွက်တဲ့အကြောင်းလို့ ဆိုရမယ်။ ကဗျာကို လက်နက်သဖွယ် သုံးပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာတွေရဲ့ ပြောင်းဝကလည်း ကဗျာထွက်သလို တိုက်ပွဲမြေပြင်မှာ တကယ်တမ်း ဝင်နွှဲရတဲ့ ကဗျာဆရာတွေရဲ့ သေနတ်ပြောင်းဝကလည်း ကဗျာပဲ ထွက်ပါလိမ့်မယ်။ အဲ့ဒီ သေနတ်ပြောင်းဝက ထွက်တဲ့ ကဗျာဟာ နှင်းဆီနံ့ မွှေးချင်လည်း မွှေးလိမ့်မယ်။ သပြေညိုရနံ့ ရချင်လည်း ရလိမ့်မယ်။ အသေချာဆုံးက ဓမ္မ၊ တရားမျှတမှုနဲ့ အမှန်တရားရဲ့ ရနံ့နဲ့ အရသာ ပါဝင်နေမှာသာ ဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၂) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။
အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၀) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။