
ဝါးခယ်မကဒါရိုက်တာ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဆန်ရေစပါးပေါများသလို လူသားအရင်းအမြစ် ကြွယ်ဝတဲ့ဒေသလည်း ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်တဲ့ရဟန်းရှင်လူ အများအပြားလည်း ဧရာဝတီတိုင်းက ထွက်ပေါ်လေ့ရှိပါတယ်။ထိုပုဂ္ဂိုလ်များထဲက ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဝါးခယ်မမြို့က ရုပ်ရှင်ဒါရိုက်တာတယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ နာမည်ကြီးဒါရိုက်တာဦးချစ်ခင်ပါ။