အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁၀) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
- စစ်ကောင်စီအကျဉ်းချထားတဲ့ဦးဝင်းထိန် မန္တလေးဆေးရုံမှာကုသမှုခံယူနေရ
- မြဝတီမြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီကသံချပ်တပ်တွေနဲ့စစ်ကူရာချီစေလွှတ်
- မတ္တရာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ တအိမ်တည်းနေသူလေးဦးသေဆုံး
- ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးအကြောင်းပြပြီး သင်္ကြန်ကာလ မီးပျက်ချိန်တိုးဦးမယ်
- နိုင်ငံရေးအကျဉ်းသားသမီးဖြစ်သူကို ထောင်ဝင်စာသွားပို့တဲ့မိခင် ထောင်ရှေ့မှာသေဆုံး
- ပြီးခဲ့တဲ့လဟာ သမိုင်းတလျှောက်အပူဆုံး မတ်လ ဖြစ်ခဲ့တယ်လို့ဆို
- ဆီးနှင်းအရည်ပျော်ပြီး ရေကြီးမှုတွေကြောင့် ရုရှားနဲ့ ကာဇက်စတန်မှာ လူသိန်းနဲ့ချီ ရွှေ့ပြောင်းကြရ
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။