
ရွှေဟင်္သာဆရာတော်
ဧရာဝတီအယ်လ်ဘမ်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ထင်ရှားတဲ့လူပုဂ္ဂိုလ်တွေအကြောင်းတင်ဆက်ခဲ့တာ စာပေ၊ အနုပညာနဲ့နိုင်ငံရေးနယ်ပယ်ကလူများအကြောင်း အတော်အသင့်ခရီးရောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီတခါတော့ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာမွေးဖွားခဲ့တဲ့ ရဟန်းတပါးအကြောင်းကိုပြောပြချင်ပါတယ်။
အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနဲ့ယှဉ်၊ ရှေးရူနှင်လော့။
အထက်ပါကဗျာရေးဖွဲ့သူကတော့ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်မှ ဘဒ္ဒန္တပဏ္ဍိတသိရီ ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။