အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ မတ်လ (၂၀) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
- ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) လေလံဝင်ဆွဲသူမရှိလို့ လေလံပွဲ အထမမြောက်
- စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့အဝင် ကားလမ်းမကြီးကို စစ်ကောင်စီ ဖျက်ဆီး
- ထားဝယ်ထောင်မှာနိုင်/ကျဥ်းတွေအပါအဝင် အကျဥ်းသား နှစ်ဆယ်ကျော် ရိုက်နှက်တိုက်ပိတ်ခံထားရ
- မကွေးမြို့နယ် စသုံးလုံးဦးစီးမှူးရဲ့ဇနီးကို ဂန့်ဂေါကာကွယ်ရေးတပ်တွေဖမ်းထားတယ်လို့ဆို
- ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်
- ရုရှားမှာ ရွှေသတ္တုမိုင်းတွင်း ပြိုကျပြီး မိုင်းလုပ်သား ဒါဇင်နဲ့ချီ ပိတ်မိနေ
- ဒုံးကျည် စမ်းသပ်မှုတွေကို ကင်ဂျုံအန်း ကြီးမှူးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန်
စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။