Home
Categories
EXPLORE
True Crime
Business
Society & Culture
History
TV & Film
Comedy
Education
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
PW
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts125/v4/d2/3e/ab/d23eabae-d734-cef0-883c-d0e8689b56ec/mza_16885627181387298086.jpg/600x600bb.jpg
ရာမညပြည်သူ့FM
Rehmonnya Pyithu FM
16 episodes
5 days ago
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.
Show more...
Documentary
Society & Culture
RSS
All content for ရာမညပြည်သူ့FM is the property of Rehmonnya Pyithu FM and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.
Show more...
Documentary
Society & Culture
Episodes (16/16)
ရာမညပြည်သူ့FM
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၁)
ကျွန်မတိုရဲ့ ယခုပြည်ထောင်စုနိုင်ငံတော်ဟူ၍ ပေါင်းစည်းတည်ထောင်မှုမပြုရသေးခင် ရှေးယခင်ပဒေသရာဇ်ကိုလိုနီစနစ်များအတိုင်း လူမျိုးစုနိုင်ငံတော်များသည် အားကြီးရာလူမျိုးစုနိုင်ငံတော်များ၏လက်အောက်ခံဘဝသို တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ခေတ်ကာလနှစ်အပိုင်းအခြားဖြင့် တင်ပြရသော် အောက်ပါလူမျိုးစုပြည်နယ်၊ ဒေသ၊ ခရိုင်၊ နိုင်ငံများသည် ဗြိတိသျှအစိုရက ဗမာပြည်မဟုခေါ်သော Ministerial Burma လက်အောက်ခံနယ်များအဖြစ်ကျရောက်ခဲ့ရသည်။

၁။ မွန်လူမျိုးတို၏ ဩဇာအာဏာများသည် အလောင်းမင်းတရာလက်ထက် ခရစ်နှစ် ၁၅၇၅ ခုနှစ်တွင်လည်းကောင်း…….။

၂။ ရခိုင်လူမျိုးများကို ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင်လည်းကောင်း အသီးသီး နယ်ချဲ့ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၆၊ ဇန်နဝါရီ (၁) ရက်နေ့တွေင် ဗြိတိသျှအင်ပါယာသို သွတ်သွင်းကြောင်း ကြေညာသည့်အခါ အဆိုပါ မွန်လူမျိုးတို၏ နိုင်ငံတော်၊ ရခိုင်လူမျိုးတို၏ နိုင်ငံတော်သည်လည်း Ministerial Burma ဟုခေါ်သော မြန်မာပြည်မ အဖြစ်သာ တပါတည်း ပါဝင်ခဲ့ကြရလေသည်။

၃။ သိုသော် ချင်းလူမျိုးများကိုမူကား ဗြိတိသျှတိုသည် မြန်မာပြည်မကို သိမ်းယူနိုင်ခဲ့သည့် ၁၈၈၆ ခုနှစ်ထက် (၁၀) နှစ်နောက်ကျပြီး ၁၈၉၆ ခုနှစ်မှသာ တရားဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

၄။ ကရင်လူမျိုးများသည်လည်း ချင်းလူမျိုးကဲ့သို မြန်မာပြည််မ၏ လက်အောက်ခံအဖြစ်သိမ်းယူခဲ့ရခြင်းမဟုတ်သော်လည်း ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်မကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီး သီးခြားဘုရင်ခံဖြင့်အုပ်ချုပ််မည့် ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဖွဲစည်းရမည့် ဗြိတိသျှအစိုးရ၏ အတိုင်ပင်ခံကောင်စီတွင် ကရင်လူမျိုးများ အမတ်နေရာရယူခြင်ရအားဖြင့် ကရင်လူမျိုးများ၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် ပိုမိုတိုးတက်ကောင်းမွန်မည်ဟု ကြံစည်တွေးဆမိလျက် ၁၉၃၅ ခုနှစ် အက်ဥပဒေတွင် ကရင်လူမျိုးများအတွက်ပါဝင်လာရေးကြိုးပမ်းခဲ့ခြင်းမှစကာ ၁၉၄၆ ခုနှစ်တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မိရာမှ မြန်မာကြားဖြတ်အစိုးရ၏ ဝန်ကြီးများဖြစ်ကုန်၍ ၁၉၃၅ ခုနှစ်အက်ဥပဒေအရ မိမိတိုလူမျိုးစုကိုယ်စား ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခွင့်မရဘဲ ဗိုလ်ချုပ်အောင်ဆန်းကသာ ကရင်လူမျိုးများနှင့် မြန်မာလူမျိုးများပါဝင်သော ပြည်မကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်တွင် ကိုယ်စားပြုလက်မှတ်ရေးထိုးခြင်းရှိခဲ့ရသည်။ 

၅။ ထိုအပြင် ကချင်နှင့် ရှမ်းလူမျိုးများသည်လည်း မြန်မာပြည်မ၏ လက်အောက်ခံနယ်များအဖြစ် ဗြိတိသျှတိုက သိမ်းပိုက်နိုင်ခဲ့ခြင်း မဟုတ်ဘဲ သီးခြားနိုင်ငံ(ဝါ) နယ်မြေများအဖြစ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။ 

၆။ ကရင်နီခေါ် ယခုကယားပြည်နယ်ဟု ခေါ်ဆိုနေကြသည့် ကရင်နီပြည်နယ်သည် - ၁၈၇၅ ခုနှစ်တွင် ဗြိတိသျှအစိုးရနှင့် မြန်မာဘုရင် မင်းတုန်းမင်းတိုကြား ချုပ်ဆိုသော စာချုပ်အရ ဗြိတိသျှတိုကလည်းကောင်း၊ မြန်မာမင်းတိုကလည်းကောင်း ကရင်နီလူမျိုးများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကာ မည်သူကမျှ ကျူးကျော်ခြင်းမပြုဘဲ ကရင်နီပြည်ကို နှစ်နိုင်ငံကြားခံနယ်အဖြစ်ထားရန် သဘောတူစာချုပ်ချုပ်ဆိုခံခဲ့ကြရခြင်းသည်လည်း တချက်အပါအဝင်ဖြစ်သည်။ ထိုကြောင့် ကရင်နီပြည်နယ်သည် ဗြိတိသျှအပါအဝင် မည်သည့်နယ်ချဲ့ကိုလိုနီများ၏ ဩဇာခံများအဖြစ် ကျရောက်ခဲ့ခြင်းမရှိသော တခုတည်းသောပြည်နယ်ဖြစ်သည်။

သိုဖြစ်ပါ၍ ကျွန်မတို့၏ ပြည်ထောင်စုဟု ဆိုအပ်သော နိုင်ငံတော်ကြီးတည်ဆောက်ခြင်းမပြုရခင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊ ရှမ်းတိုသည် အထက်ဖော်ပြပါခုနှစ်များမတိုင်ခင်က မိမိတို လူမျိုးစုနိုင်ငံ၊ ပြည်နယ်၊ ဒေသများအဖြစ် တည်ရှိခဲ့ကြရာမှ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရေးထိုးသောအခါ မွန်၊ ရခိုင်၊ ကရင်၊ ဗမာတိုပါဝင်သည်ဟုဆိုအပ်သော ဗမာပြည်မ ကိုယ်စားပြု ကိုယ်စားလှယ်၊ ကချင်ကိုယ်စားပြု ကိုယ်စားလှယ်၊ ချင်းကိုယ်စားပြု ကိုယ်စားလှယ်၊ ရှမ်းကိုယ်စားပြု ကိုယ်စားလှယ် စသည်အားဖြင့် သီးခြားလွတ်လပ်ရေးရယူကာ နိုင်ငံများအဖြစ် တည်ထောင်နိုင်သည့် အခွင့်အရေးများကို လက်လွှတ်ကာ တန်းတူရည်တူရှိသည့် ပြည်နယ်များပေါင်းစည်းသည့် “ပြည်ထောင်စု နိုင်ငံတော်” အဖြစ်တည်ထောင်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို၌ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်…..။

ကိုးကား - 

(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခု

(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲခေါင်းဆောင်) ၊ ဇွန် (၇) ၊ ၂၀၁၈ ခု

(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို” ၊ ခွန်မတ်ရ်ကိုဘန်း၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်


"ညီညွတ်ခြင်းတိ

Show more...
3 years ago
6 minutes 7 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - အနာဂတ် တမ်းချင်း (နေမခ)

"အနာဂတ် တမ်းချင်း"


ငါဟာ လပြည့်လကွယ်ဆိုရင် 

ဒီရေ အထူးသတိထားတယ်.....။


ညအမှောင်မှာ မမြင်ရပေမယ့်

မထွက်သေးတဲ့ နေမင်းကို

ငါလှမ်းလို့ နှုတ်ဆက်ထားတယ်.....။


မိုးသံတွေညံလို့ 

ဖားတွေပျော်နေကြပြီဆို

လယ်ထဲဆင်းဖို့ ထွန်တုံးပြင်ထားတယ်....။


အဲဒီလို မမြင်ရသေးပေမယ့်

အဲဒီလို မတွေ့ရ သေးပေမယ့်

အဲဒီလို မကြားရသေးပေမယ့်

တစ်ခုသော တစ်နေ့အတွက်

ငါဟာ ပျော်နေတယ်

ငါဟာ ဝမ်းသာနေတယ်

ငါဟာ မှန်းရည်ကြိုးစားနေတယ်။


ဒါတွေဟာ ဘယ်ဘုရားကမှ

ပေးတာမဟုတ်

ဒါဟာ ဘယ်သူကမှ

တိုက်တွန်းနှိုးဆော်လို့ မဟုတ်

ဒါဟာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်….


ငါတို့ရဲ့ စိတ်ဝိဉာဉ်

ငါတို့ရဲ့ ယုံကြည်ချက်

ငါတို့ရဲ့ လုံ့လဇွဲနပဲတွေကပေးတဲ့

တော်လှန်ရေး တပ်လှန့်သံ

တော်လှန်ရေး စစ်ချီသံ

တော်လှန်ရေး သန္နိဒ္ဒါန်

တော်လှန်ရေး အောင်ပွဲရဲ့ ကြွေးကြော်သံ

ဒါဟာ ငါတို့ရဲ့ အနာဂတ်တမ်းချင်းပဲ…….။


#နေမခ

Show more...
3 years ago
1 minute 28 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - ကာရံမဲ့ ဘဝ (မင်းသုဓမ္မ)

"ကာရံမဲ့ ဘဝ"


တချို့ကျ 

ကိုယ့်အသက်ဘေးအတွက်

လွတ်မြောက်မှုကိုရှာတယ်….။


တချို့ကျ 

သူများအသက်ဘေးအတွက်

သေရဲလိုက်ကြတယ်….။


ဘယ်အသက်က 

အပိုတခုပါခဲ့ကြတာလဲ….။


တချို့ကျ 

လွတ်မြောက်ဖို့အတွက် အချုပ်ခံလိုက်ကြတယ်။


တချို့ကျ

ရှင်ဖို့ရာအတွက် အနင်းခံခဲ့လိုက်ကြတယ်


တချို့ကျ 

နေရာရဖို့ရာအတွက် ရှင်သန်နေကြတယ်တဲ့......။


ဘဝ ဘဝ 

ဘဝအဓိပ္ပါယ်က

ဘယ်တခုများလဲ…..။ 


မင်းသုဓမ္မ

12:00AM

11.8.21

Show more...
3 years ago
50 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - ညည အိပ်ပျော်ပါစေ (နွေဦးတိမ်)

‘’ညညအိပ်ပျော်ပါစေ’’


ငါတို့အနာဂတ်တွေပျောက်

အာဏာရူးက လုတာခံလိုက်ရတယ်

တရားတာ မတရားတာ မစဉ်းစား

ပိုနေမြဲ ကျားနေမြဲ

အာဏာရူးနေမှုက အခုထိကြီးစိုးနေဆဲ......။


လမ်းမထက်မှာ တင့်ကားတလူလူ

အဲဒါငါတိုချွေးနှဲစာနဲ့ 

ခင်းထားတဲ့လမ်း

မင်းတို သွေးရူးသွေးတမ်း

လျှောက်မောင်းစမ်းနေဖို့ မဟုတ်ဘူး.....။


ကုတင်ပေါ်မှာ လူနာတွေ

ပုခက်ထဲက ကလေးတွေ

ကိုယ်လေးလက်ဝန် ပြည်သူတွေ

မြေးမမြင်ဖူးသေးတဲ့ ရွယ်အိုတွေ

ဘယ်သူတွေကို မင်းတို့ထောက်ခဲ့သလဲ...။


ထောက်ချင် ထောက် 

သေနတ်နဲ့ ထောက်မပေါ့။

ဖောက်ချင် ဖောက်

ဗျောက်မကတဲ့ အမြှောက်တွေ

ဖောက်ကြမပေါ့...။

မှောက်ချင် မှောက် 

အာဏာရူးတွေအောက် 

မင်းတို့ခေါင်းတွေ မှောက်ပေးခဲ့ကြမပေါ့။


မင်းတို့ လက်ကွေးတတ်ဖို့ 

ငါတို့ပြည်သူတွေ မွေးထုတ်ထားပေးတာ

မင်းတို့အထက် အပွင့်တွေဝေဖို့

ငါတို့ အနာဂတ်တွေ

ထိုးကျွေးခံထားရတာ

မင်းတို့လှမ်းတဲ့ ခြေလမ်းတိုင်းအတွက်

ငါတို့ အခွန်တွေ ထမ်းပေးထားခဲ့ရတာ....။


တာဝန်ကို ဦးထိပ်ပန်ဆင်

နိုင်ငံ့ဂုဏ်ကို မြှင့်မတဲ့လား

အမိန့်ကို လိုသလိုဆင်

ပြည်သူကို နင်းချေဖို့ပြင်ပြီး

အာဏာကို လိုချင်တဲ့သူအတွက်

ပြည်သူတွေကို ဘေးချ

အာဏာရူးကို ဖေးမနေသရွေ့ကတော့

နိုင်ငံ့ဂုဏ်မပြောနဲ့

ပုံပြင်တစ်ပုဒ်တောင် မမျှော်နဲ့....။


စစ်သည်ကို မြတ်နိုးလိုဆိုဆို

တိုင်းပြည်ကို ကာကွယ်ဖို့ဆိုဆို

တာဝန်ကို အပိုလိုမဆိုချင်ပေမယ့်

မင်းတို့အသိတရား

မပျက်သွားဖို့ လိုတယ်...။


သွေးလေတွေ ခြောက်ခြား

အာဏာရူးအနား ကပ်ပါးပြီး

မတရားအမိန့်ကို ဦးတော်တင်

အသိဉာဏ်ကို ခြေတော်ထား

တိုင်းပြည်ကို ဖျက်မယ့်ဟန်ဆင်ရင်တော့

လက်နက်မရှိတဲ့ ငါတို့ပြည်သူတွေ

မင်းတို့အတွက် 

ဆုတစ်ခုတောင်းပေးလိုက်မယ်

ညည အိပ်ပျော်ပါစေ.....။


နွေဦးတိမ်

၂.၂.၂၀၂၁

Show more...
3 years ago
1 minute 58 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - ဝိုင်းကူတွန်းကြမယ်လေ (Myo Min)

"ဝိုင်းကူ တွန်းကြမယ်လေ"


သူငယ်ချင်းရေ

မင်းဟာ ကရင်

ငါ ကချင်ဖြစ်လို့

ရင်ဘတ်ချင်း မတူရဘူးလား။


သူငယ်ချင်းရေ

မင်းဟာ ရခိုင်

ငါ ကယားဖြစ်လို့

အမှားက အမှန်ဖြစ်ရတာလား။


သူငယ်ချင်းရေ

မင်းဟာ ချင်း

ငါ ရှမ်းဖြစ်လို့

ပန်းရနံ့က ယမ်းနံ့သင်းရတာလား။


သူငယ်ချင်းရေ

မင်းဟာ ဗမာ

ငါ မွန်ဖြစ်လို့

ခွေးဆိုးခွေးစစ်တွေကို

ချစ်တတ်ရမှာလား။


သူငယ်ချင်းရေ

မင်းဟာ ကုလားဖြစ်လို့

မင်းဟာ တရုတ်ဖြစ်လို့

မင်းဟာ လူမည်းဖြစ်လို့

မင်းဟာ လူဖြူဖြစ်လို့

မတူတာက အပြစ်လား။


သူငယ်ချင်းရေ

လောကမှာ 

လူလာဖြစ်တာမို့

မတူတာ အပစ်မဟုတ်

မင်းဆိုးမင်းညစ်

ခွေးဆိုး ခွေးစစ်ကို

နှစ်သက်လျှင်တော့


သူငယ်ချင်းရေ

မင်း...လူမဟုတ်။


သူငယ်ချင်းရေ

ရှေ့မှာ...ခွေးဆိုး ခွေးစစ်တွေ

တို့ကလေးရဲ့အနာဂတ်ကို

နင်းဖျက်နေကြပေ...။


တို့ကလေး အနာဂတ်

ခရီးဆက်ဖို့

တစ်ယောက်တစ်လက်

ဝိုင်းကူ တွန်းကြမယ်လေ။


Myo Min

28.6.21

12:53AM(Monday)

Show more...
3 years ago
1 minute 31 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - ကျိုးသောအညွှန့်များ (ကိုဟိန်း(KyH))

"ကျိုးသော အညွှန့်များ"


အချိန်လည်းသင့် ၊ အရွယ်လည်းကောင်း၏။

သိုသော် တက်လမ်းမလှခဲ့။

အချိန်စတေး ၊ ငါတိုယူသော

ပညာသည်လည်း

အညွှန့်ကျိုးလျက်။

အရွယ်ရယ်ရောက် ၊ အတွေးပေါက်တော့

နောင်တများစွာ ရင်ဝယ်ပိုက်လျက်။

ပညာ ပညာ..

ငါတိုရသော ပညာသည်ကား

လူရာမဝင် ၊ လူတောမတိုး

ချာလွန်းခဲ့ပြီ။

အညွှန့် တလူလူ

ရွက်နုများလည်း ၊ တက်မည့်အစား

ကျိုးပေါင်းအကြိမ် ၊ များလွန်းခဲ့ပြီ။

ဒါမျှမမှတ် ၊  ၁ နှစ် (၂) တန်း

ခွေးစကားအား ၊ အဟုတ်မှတ်လျက်

ယုံစားလျှင်လည်း…..

သွားပေအုံးပေါ့ ၊ မြောင်းထဲ…

                  ကိုဟိန်း(KyH).

Show more...
3 years ago
59 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - ငါတို့အိမ် ငါတို့မြို့ ငါတို့တိုင်းပြည် (မင်းမွန်ဆောင်း)

"ငါတို့အိမ်၊ ငါတို့မြို့၊ ငါတို့တိုင်းပြည်"


လမ်းမကြီးထက်က မခြောက်သေးသော

သွေးကွက်တွေ၊

သံတိုင်တွေနောက်က အချုပ်နှောင်ခံ

ဘဝတွေ၊

လျှောက်ခဲ့တဲ့လမ်းတွေဟာ မဖြောင့်တန်း

လျှောက်ကြတဲ့လမ်းတွေဟာ ကြမ်းတယ်။


နွေးထွေးတဲ့မြို့ကလေးကနေ

ထွက်လာခဲ့ကြရ၊

နွေးထွေးတဲ့အိမ်ကလေးကနေ

ခဏတာစွန့်ခွာခဲ့ကြရ၊

ယုံကြည်ချက်နဲ့ ယုံကြည်မှုပြင်းထန်ခြင်းက

ငါတို့တော်လှန်ရေးရဲ့ အောင်နိုင်ခြင်းပဲ။


သွေးစိမ်းရှင်ရှင်ထွက်နေတဲ့

တိုင်းပြည်ရဲ့ဒဏ်ရာကိုကုသဖို့၊

နာတာရှည်ရောဂါလိုစွဲကပ်နေတဲ့

အာဏာရှင်စနစ်ဆိုးကိုအမြစ်ဖျက်ဖို့၊

ကောင်းကင်ယံအထိ

ငါတို့ပျံသန်းလာခဲ့တယ်။


အာဏာရှင်တွေရဲ့နေဝင်ချိန်

ငါတို့အတွက်တော့ အရုဏ်ဦးပဲ၊

ကျေးငှက်လေးတွေရဲ့ အော်မြည်သံတွေနဲ့အတူ

တိုင်းပြည်သစ်တစ်ခုကိုတည်ထောင်မယ်၊

နွေးထွေးတဲ့ငါတို့မြို့လေးနဲ့

ငါတို့အိမ်ကိုပြန်မယ်။


-မင်းမွန်ဆောင်း

Show more...
3 years ago
1 minute 29 seconds

ရာမညပြည်သူ့FM
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)

၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ (၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန် (၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။ (၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့ ကသာမြို့ရဲ့မြောက်ဘက်မြေပြန့်ဒေသများ ပါဝင်စေရန်။ (၄)ဗမာအမျိုးသားများနဲ့ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နိမိတ်ချက်ချင်းသတ်မှတ်ရန်။ (၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာများ၊ကချင်အမျိုးသားများလက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသားဝန်ကြီးတဦးခန့်အပ်ရန်၊(၅-က)ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးဆောင်ရွက်ရန်၊(၅-ခ)ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စရပ်များတွင် ပါဝင်နိုင်ရန်(၅-ဂ) ကာကွယ်ရေးဝန်ကြီးကိုအကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး စောလျင်စွာလွတ်လပ်ရေးရရှိရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာချက်ချင်းပါဝင်ကြရန်(၇) အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာအမျိုးသားအားလုံးလွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်တဲ့ကချင်နိုင်ငံအပါအဝင် လွတ်လပ်တဲ့ဗမာပြည်ပြည်ထောင်စုအစိုးရဖွဲစည်းရန်။

ခြင်းချက်အနေဖြင့် (က)သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည်၊မပါဝင်မည်ကို သီခြားကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။ (ခ)ပြည်ထောင်စုဖွဲစည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာခွဲထွက်ခွင့်ရှိရမည်။(ဂ)ဗမာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးရမည်။အထက်ပါဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကိုရယူရန် စသည့်အချက်တို့ကို သဘောတူဆွေးနွေးညှိနှိုင်းခဲ့ကြလေသည်။

ထိုသို့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်များဆွေးနွေးပြီး၍ ဖေဖော်ဝါရီ(၆)ရက်နေ့ရောက်သောအခါ ပင်လုံမြို့၌ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ရှမ်းလူထုကိုယ်စားလှယ်များ၊ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးတခုပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြသည်။(၁)၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်မှ (၁၃)ရက်အထိကျင်းပသော ဒုတိယပင်လုံညီလာခံတွင် နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ရန် သဘောတူကြသည်။(၂)ရှမ်းနဲ့ကချင်ကော်မတီက ဗမာပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဆောလျင်စွာလွတ်လပ်ရေးရမည်ကို ယုံကြည်သည့်အလျောက် ဗမာပြည်မအစိုးရအမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များအရ ပို့လွှတ်မည်။(က)ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျခံစားခွင့်ရှိရမည်။(ခ)အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်နေကြသော ရှမ်းနှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်။ထို့အပြင် ကာကွယ်ရေး၊နိုင်ငံခြားရေး၊မီးရထား၊အကောက်ခွန်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံးစုပေါင်းတာဝန်ယူဆောင်ရွက်ကြရမည်။(ဂ)ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။(ဃ)ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ၏ အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက်များသည် ရှမ်း၊ကချင်တို့နှင့်ပတ်သက်ခြင်း မရှိစေရ။(င)လွတ်လပ်ရေး ရပြီးသည့်နောက် "ဗမာပြည်ထောင်စု” မှ ရှမ်းနဲ့ကချင်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်တို့ကိုသဘောတူဆုံးဖြတ်ခဲ့ကြလေသည်။ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ(၇)ရက်တွင် ထပ်မံရောက်ရှိလာသောချင်းကိုယ်စားလှယ်များပါဝင်သည့် နယ်စပ်ဒေသကိုယ်စားလှယ်စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည်။

(က)ဗဟိုအခွန်ငွေကိစ္စနှင့်ပတ်သက်၍ ရှမ်းတို့ခံစားရသောအခွင့်အရေးရပိုင်ခွင့်အားလုံးတို့အတိုင်း ချင်းနှင့်ကချင်တို့ကလည်း လူဦးရေအလိုက်ခံစားခွင့်ရှိစေရမည်။(ခ)ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်မှုရှိခဲ့သော် ဗမာပြည်အခွန်တော်မှ ဖြည့်တင်းသုံးစွဲရမည်။ (ဂ)ရှမ်း၊ကချင်၊ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားအမှုဆောင်ကောင်စီတရပ်ကို ဖွဲစည်းတည်ထောင်ရမည်။၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည်မအစိုးရတို့အကြားတွင်ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

Show more...
3 years ago
8 minutes 3 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - တော်လှန်ရေးမျိုးဆက်သစ် (Egret)

တော်လှန်ရေးမျိုးဆက်သစ်

ခံယူချက်ချင်းတူတဲ့လူတွေနဲ့ ဆုံစည်းခဲ့တယ်

ရည်ရွယ်ချက်ချင်းတူတဲ့သူတွေနဲ့ ဆုံစည်းခဲ့တယ်...။


အတူတူ ပန်းတိုင်ဆီချီတက်နေရင်းနဲ့

ဖိနှိပ်သူတွေကြောင့် ဝေးသွားခဲ့ရတယ်...။


တောတွေမှာတချို့

တောင်တွေမှာတချို့

ရေမြေခြားမှာတချို့

အကျဉ်းကျသူတချို့

အကျယ်ကျသူတချို့

ကြွေလွင့်ခဲ့ရသူတချို့........။


သမိုင်းတွေရိုင်းခဲ့လေသမျှ

လူသားအရင်းအမြစ်တွေ

ပေးဆပ်နေရဦးမယ့်

ဒီနိုင်ငံတော်ကြီးကို

ရင်နှင့်အမျှ ချစ်လျက်ပါ....။


ဒီတော်လှန်ရေး မနိုင်စရာအကြောင်း တစ်ခုမကရှိနေလည်း

နိုင်အောင်တိုက်မယ့် မျိုးဆက်သစ်တွေ 

သန်းပေါင်းများစွာ ရှိနေတယ်....။


ဘယ်သောအခါမှ မလျှော့သောဇွဲဖြင့်

အောင်လံကို လွှင့်ထူနိုင်မယ့်နေ့အထိ

အသက်ရှင်အောင် ကြိုးစားလို့

အရေးတော်ပုံ အောင်ရမည်။


           Egret(12:45AM)

Show more...
3 years ago
1 minute 3 seconds

ရာမညပြည်သူ့FM
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၄)

     မိဘပြည်သူများရှင် ကျွန်မတို့ရာမညပြည်သူ့FMကနေ ပြည်ထောင်စုရဲ့အနှစ်သာရ ပင်လုံစာချုပ်အကြောင်း ဆွေးနွေးထားတဲ့ "ဖက်ဒရယ်ပြည်ထောင်စုဆီသို့ "ဆောင်းပါးကို တင်ဆက်ပေးခဲ့တာဟာ ဒီအပတ်မှာဆိုရင် အပိုင်း - ၄ ကို တင်ဆက်ပေးဖို့ ကျရောက်လာပါပြီ။ ယခင်တပတ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မလွတ်လပ်ရေးနဲ့အတူ တောင်တန်းဒေသများကိုပါ အတူတကွ ပူးတွဲလွတ်လပ်ရေးပေးဖို့ ဗြိတိသျှဘုရင်ခံ အက်တလီနဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့တဲ့အပေါ် ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) တို့၏ သဘောထားများကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အဲဒီလို ရှမ်းစော်ဘွားများရဲ့ ကြေးနန်းစာနဲ့ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ လူငယ်များရဲ့ ကြေးနန်းစာများက ဗမာပြည်မနဲ့အတူ တောင်တန်းဒေသများရဲ့ လွတ်လပ်ရေးအတွက် ဘယ်လို သက်ရောက်ခဲ့လဲဆိုတာကို တင်ပြပေးသွားပါမယ်ရှင်….။

     ထိုသို့ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မကိုယ်စားလှယ်ကို ကိုယ်စားမပြုကြောင်းနှင့် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာပြည်မနှင့်အတူ တောင်တန်းဒေသကို တပါတည်းလွတ်လပ်ရေးပေးဖို့ တောင်းဆိုချက်ကို ထောက်ခံကြောင်း ကြေးနန်းစာများကြောင့် အောင်ဆန်း-အက်တလီစာချုပ်တွင် နယ်ခြားဒေသ (တနည်း) တောင်တန်းဒေသများနှင့် ဗမာပြည်မ ပေါင်းစည်းရေးကို  ဗြိတိန်ဘုရင်မင်းမြတ်ကလည်း သဘောတူကြောင်း၊ သို့သော် တောင်တန်းဒေသနှင့် ဗမာပြည်မတို့နှစ်ဦးနှစ်ဖက် လက်ခံသဘောတူသောနည်းဖြင့် ပေါင်းစည်းကြရမည်ကို ရည်ရွယ်သောကြောင့် အောင်ဆန်း - အက်တလီစာချုပ် ပုဒ်မ (၈)တွင် နယ်ခြားဒေသများနှင့် ဗမာပြည်မရှိလူများသည် အတားအဆီးမရှိဘဲ ကူးလူးဆက်ဆံခွင့်၊ နယ်ခြားကိစ္စများတွင် ဘုရင်ခံကို အကြံပေးရန် နယ်ခြားကိုယ်စားလှယ် ခန့်အပ်ခြင်း (သို့မဟုတ်) အခြားနည်းများဖြင့်သော်လည်းကောင်း၊ နယ်ခြားဒေသများက မိမိတို့ထင်မြင်ယူဆသော ဗမာအစိုးရနဲ့တွက်ဖက်ပုံနှင့်ပတ်သက်၍ မိမိတို့ထင်မြင်သလို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည့် ဝန်ကြီးကွန်ဖရင့်တွင်ဖြစ်စေ၊ ယခုကိစ္စအတွက် ကွန်ဖရင့် (Conference) သီးသန့်ကျင်းပ၍ဖြစ်စေ နယ်ခြားခေါင်းဆောင်ကိုယ်စားလှယ်များကို မေးမြန်းရမည်၊ ဗမာပြည်မအစိုးရနှင့် အင်္ဂလိပ်အစိုးရနှစ်ခုစလုံးက နယ်ခြားဒေသခေါင်းဆောင်များ၏ ထင်မြင်ယူဆချက်များကို ဖြည့်စွက်ရန် အကောင်းဆုံးနည်းလမ်းကို သဘောတူလက်ခံရမည်၊ ဗမာပြည်မနှင့် နယ်ခြားဒေသပေါင်းစည်းရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ရန် စုံစမ်းရေးကော်မတီတခုကို ဖွဲ့စည်းကြရမည် ဟု သဘောတူချုပ်ဆိုရေးသားခဲ့လေသည်။

     ဤသို့ အောင်ဆန်း - အက်တလီစာချုပ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောသဘာဝ အနှစ်ချုပ်အားဖြင့် ဗမာပြည်မနှင့် တောင်တန်းဒေသများက အတူတကွလွတ်လပ်ရေး ရယူမည်ဆိုပါက မတူညီသော နိုင်ငံရေးအခြေအနေ၊ အုပ်ချုပ်ရေးစနစ်များကြောင့် မည်သို့မည်ပုံပေါင်းစည်းကြမည်ကို ဆွေးနွေးရန်လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ကချင်တောင်တန်းဒေသကိုယ်စားလှယ်များ၊ ချင်းကိုယ်စားလှယ်များ၊ ရှမ်းကိုယ်စားလှယ်များနှင့် ဗမာပြည်မကိုယ်စားလှယ်များသည် လွတ်လပ်ရေးအတွက် ဆွေးနွေးရန်အတွက် အသီးသီး ပင်လုံညီလာခံသို့ တက်ရောက်လာခဲ့ကြပါတယ်…..။ ထိုညီလာခံကို ဒုတိယအကြိမ် ပင်လုံညီလာခံဟုခေါ်ဆိုပြီး ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၁၃) ရက်နေ့အထိကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ တောင်တန်းနဲ့ပြည်မပူးပေါင်းရေးစာချုပ်၊ ပြည်ထောင်စုရဲ့အုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ် ကို ချုပ်ဆိုခဲ့ကြပါတယ်…..။

ကိုးကား -

(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခုနှစ်

(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲ့ခေါင်းဆောင်) ၊ ဇွန် (၇) ၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊  ၂၀၁၈ ခုနှစ်

(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို့” ၊ ခွန်မတ်ရ်ကိုဘန်း၊ တိုင်းရင်းသားရေးရာ သုတေသနအဖွဲ့၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်


"ညီညွတ်ခြင်းတို့ရဲ့အသံ ရာမညပြည်သူ့FM"


#ဖက်ဒရယ်ပြည်ထောင်စုဆီသို့

#ဆောင်းပါး

#ဗမာဘာသာ

#ရာမညပြည်သူ့FM

Show more...
3 years ago
5 minutes 34 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - အောင်နိုင်သူသည် သင်သာ (Krentz)

"အောင်နိုင်သူသည် သင်သာ"


တကိုယ်ကောင်းဆန်စွာ 

ရှင်သန်ရမလား လောကကြီးရယ် 

ဒီစိတ်ဟာ 

အတ္တနဲ့နောင်တဆီ ဦးတည်နေတယ်

တစ်ခုခုအတွက်

သေဆုံးဖို့တွေးတိုင်း

အဝေးကိုမျှော်နေတဲ့ဒီလူမှာ 

မျှော်လင့်ချက်မရှိ 

အနာဂတ်လည်းမရှိပြန်


သစ်ရွက်တွေဟာ 

လေတစ်ချက်အဝေ့မှာ 

အစုလိုက် ကြွေတယ်

ရာသီဥတုမမျှလို့ 

တစ်ချို့ဟာ ဆွေးတယ် 

တစ်ချို့ဟာ အေးချမ်းစွာ ဝေတယ်

လှလှပပ ပွင့်ရမယ့် ပန်းဖူးတွေဟာ

မိုးဒဏ်လေဒဏ်ကြောင့် 

အချိန်မကျခင် မြေခတယ်...။


အငြိုးကြီးတဲ့ ဒီရာသီ

သွေး၊ မျက်ရည်စနဲ့ နွေကို ဦးညွတ်တယ်.......။

နွေ 

အစွန်းအထင်းလေးတွေနဲ့ နွေ

စိမ်းစိုတဲ့ ဒီလယ်ကွင်းမှာ 

အပင်ဖျက်ပိုး စဝင်တယ်......။


သာယာဝပြောတဲ့ ဒီမြေ

မင်းဆိုးဟာ အာဏာလုတယ်

ပြည်သူတွေမှာ 

လေကို ရှူရင်းရှိုက်ရင်း ပြေးရင်းလွှားရင်း 

သူရဲကောင်းတွေကို ပါရမီဖြည့်တယ်......။


တချို့...

အပြင်ပန်းလှတဲ့ လှောင်အိမ်ထဲ

ရုန်းမထွက်နိုင်အောင်

ညွတ်တယ်

နောက်...

ပြည်သူ့လျှို့ဝှက်ချက်ကို ဖော်.. 

အခကြေးငွေ ယူတယ်

အမှန်သတင်း အမှောင်ချကာ

လောကကြီးဟာ မြန်မာအရေး... 

ခေတ် နောက် ကျကျန်ခဲ့........


အဆုံးတော့..

အောင်နိုင်သူမှာ တော်လှန်ရေးနိုင်ကြောင်း 

အလံလွှင့်တယ်

လူမဆန်တဲ့ လူသတ်သူဟာ

သူပျိုးတဲ့ သူ့နွံမှာ

ရုန်းရင်း နစ်ရင်း 

လှုပ်ရင်း မြုပ်ရင်း...

သူပစ်တဲ့ ကျောက်တုံး

နောက်ဆုံး သူ့ကိုပြန်မှန်တာ 

သူမသိလေရော့သလား


                            Krentz

Show more...
3 years ago
2 minutes 9 seconds

ရာမညပြည်သူ့FM
အမှန်တရားဘက်က ပြည်သူ့နှလုံးသား အပိုင်း (၂)

အကြမ်းဖက်စစ်တပ်ရဲ့  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတို့ရဲ့ ဘဝအခြေအနေများကို ပုံဖော်တင်ဆက်ထားပါသည်။

Show more...
3 years ago
7 minutes 54 seconds

ရာမညပြည်သူ့FM
တော်လှန်ကဗျာကဏ္ဍ - နွေဦးကဗျာ (ကျားကြီး)

"နွေဦးကဗျာ"


ကြောက်ရွံ့မှုကြောင့်တုန်ခါနေတဲ့ နှလုံးသားတစ်စုံကိုကျားကန်ပြီး

ရင်ကော့လမ်းလျောက်တဲ့မောက်မာသူရဲ့ ရင်အစုံကိုပိတ်ကန်ပစ်လိုက်စမ်းပါ။


ဘာကိုကြောက်ရမှာလဲ ငါတို့ကသိန်းငှက်တွေပါ

ဝေဟင်မှာပျံဝဲပြီး ကောင်းကင်ကြီးကိုဆူညံအောင်လုပ်ပစ်လိုက်မယ်။


ဘာကိုကြောက်ရမှာလဲ ငါတို့ကတော်လှန်သူတွေပါ

သေခြင်းကိုရှေ့မှာထားပြီး အာဏာရူးကိုဆုတ်ခွာပစ်မယ်။


ငါတို့အားလုံးဟာ တစ်ကိုင်းထဲမှာနားနေတဲ့ငှက်ကလေးတွေပါ။

သစ်ကိုင်းကိုတော့လာမလှုပ်နဲ့ အားလုံးထပျံကြလိမ့်မယ်။


မတောက်တခေါက်နဲ့တော့ ဗျောက်လာမဖောက်နဲ့

နာကျင်မှုကသက်ဆိုးရှည်သွားလိမ့်မယ်။


                    ကျားကြီး

                  (၂၄.၈.၂၀၂၁)

Show more...
3 years ago
57 seconds

ရာမညပြည်သူ့FM
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၃)

၁၉၄၆ ခုနှစ် မတ်လ (၁) ရက်နေ့မှ မတ်လ (၁၂) ရက်နေ့အထိ ပထမပင်လုံညီလာခံတွင် အမျိုးသားခေါင်းဆောင်များ ချစ်ကြည်းရင်းနှီးမှု ရရှိခဲ့ကြပြီး ဗမာပြည်မသည် လွတ်လပ်ရေးကို ဦးစွာရရန်အကြောင်းဖန်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်မ အစိုးရအဖွဲကိုယ်စားလှယ်များကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အက်တလီ၏ ဖိတ်ခေါ်ချက်အရ လန်ဒန်မြိုသို ထွက်ခွါခဲ့ကြသည်။ ထိုသို နှစ်ဖက် တွေ့ဆုံစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်မနှင့်အတူ တောင်တန်းဒေသများကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် အရေးဆိုလေသည်။ 

ထိုအခါ ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မကိုသာ ကိုယ်စားပြုပြီး ရှမ်းပြည်နှင့်တောင်တန်းဒေသများကို ကိုယ်စားမပြုကြောင်း ကြေးနန်းစာပေးပိုခဲ့သည်။ ကြေးနန်းစာပါ အချက်များအနေဖြင့်

(၁) ဗမာမင်းများလက်ထက်ကတည်းက ရှမ်းပြည်သည် သီးခြားနယ်အဖြစ်တည်ရှိနေကြောင်း 

(၂) ဗမာပြည်မအား လွတ်လပ်ရေးပေးရန်ဆုံးဖြတ်ပါက ဖက်ဒရယ်ရှမ်းပြည်သည်လည်း အလားတူ အခွင့်အရေးရသင့်ကြောင်း၊ 

(၃) ရှမ်းပြည်သည် ဗမာပြည်မနှင့် ပူးပေါင်းရန် အချိန်မကျရောက်သေးကြောင်း

(၄) စော်ဘွားများအား အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးများတွင် စီမံခန့်ခွဲခွင့်ကို အပ်သင့်ကြောင်း

(၅) ရှမ်းပြည်နှင့် နယ်ချင်းစပ်နေသော တိုင်းပြည်များနှင့်လွတ်လပ်စွာဆက်ဆံခွင့်ပေးသင့်ကြောင်း

(၆) ရှမ်းပြည်သည်အခြားတောင်တန်းဒေသများနည်းတူ နယ်ခြားဒေသအုပ်ချုပ်ရေး၏ ဘောင်အတွင်း၌သာ နေထိုင်လိုကြောင်း

(၇) ဗမာပြည်မနှင့်ပူးပေါင်းရမည်ဆိုပါက ရှမ်းပြည်အတွက် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိမည်ဟူသော မူဖြင့်သာ ဆွေးနွေးလိုကြောင်း

(၈) ပြည်ထောင်စုနိုင်ငံအတွင်းမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင်ခွင့်ကို နောင်ရေးဆွဲမည့် ဖွဲစည်းပုံအခြေခံဥပဒေတွင် အာမခံချက်ပေးရမည်ဖြစ်ကြောင်း ဟူ၍ ပါရှိပါတယ်။

ထိုသို ရှမ်းစော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်မအစိုးရသည် ရှမ်းပြည်အတွက် ကိုယ်စားမပြုကြောင်း ဗြိတိသျှ အစိုးရထံ ကြေးနန်းစာပေးပိုကြောင်း ရှမ်းပြည်လွတ်လပ်ရေးအဖွဲ (ရပလ)က ကြားသိရသည့်အခါ တောင်ကြီးမြိုစျေးနေ့တွင် ပြည်သူလူထု (၂၀၀၀) ခန့်ကို စုစည်း၍ လူထုအစည်းအဝေးတရပ်ကျင်းပခဲ့သည်။ 

ထိုလူထုအစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်မနှင့် တောင်တန်းဒေသများကိုပါ တပါးတည်လွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထိုကြောင့် ဗမာပြည်မနှင့်အတူ ရှမ်းပြည်ကိုပါ လွတ်လပ်ရေး တပြိုင်တည်း ချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအား တညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး အတည်ပြုသည့် ကြေးနန်းစာတစောင်ကို ဗြိတိသျှ အစိုးရကို ပေးပိုခဲ့ပြန်သည်။ 

ရှမ်းပြည်လွတ်လပ်ရေးအဖွဲက ပေးပိုသည့် ကြေးနန်းစာအချက်များအနေဖြင့်

(၁) ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်းပြည်လူထုက ထောက်ခံကြောင်း

(၂) ဗမာပြည်နှင့်အတူ ရှမ်းပြည်ကို လွတ်လပ်ရေးတပြိုင်တည်းချက်ချင်းပေးရန် တညီတညွတ်တည်း တောင်းဆိုကြောင်း

(၃) ရှမ်းပြည်လူထုသည် ပဒေသရာဇ်စနစ်အောက်မှ မနှေးအမြန်လွတ်မြောက်ရေးကို တောင်းဆိုကြောင်း စသဖြင့် ပါရှိပါတယ်။


ကိုးကား - 

(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခု

(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲခေါင်းဆောင်) ၊ ဇွန် (၇) ၊ ၂၀၁၈ ခု

(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆီသို့” ၊ ခွန်မတ်ရ်ကိုဘန်း၊ တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်

Show more...
3 years ago
5 minutes 25 seconds

ရာမညပြည်သူ့FM
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၂)

ကိုလိုနီနယ်ချဲ့တို့ဟာ ကချင်တောင်တန်းများဒေသကို Kachin Hills Regulation၊ ချင်းတောင်တန်းများဒေသကို Chin Hills Regulation၊ရှမ်းပြည်ကိုမူ Federated Shan State Act၊ ဗမာပြည်မအတွက် Burma Act တို့ကို အသီးသီးပြဌာန်းက သီးခြားနယ်မြေများအဖြစ် အုပ်ချုပ်ခဲ့ကြပါသည်။ ထိုသို့ကိုလိုနီလက်အောက်သို့ မကျရောက်ခင် ကချင်လူမျိုးများနှင့် မြန်မာဘုရင်များ၏ ဆက်ဆံမှုအခြေအနေများကို ဦးစွာတင်ပြလိုပါသည်။ မြန်မာဘုရင်များသည် ကချင်လူမျိုးများကို ခေတ်အဆက်ဆက် အုပ်စိုးနိုင်ခဲ့ခြင်းမရှိခဲ့ပါ။ တန်ခိုးအာဏာကြီးမားလှသည်ဟုဆိုရမည့် မင်းများလက်ထက်တွင်မူပင်လျှင် ဧရာဝတီမြစ်ကြောင်း(ရေကြောင်း) ခရီးဖြင့်တွက်ဆလျှင် အထက်သို့ ဗန်းမော်၊ကောင်းတုံအထိ၊ ကုန်းလမ်းခရီးဖြင့်ဆိုလျှင် မိုးညှင်း၊ မိုးကောင်းအထိသာ အာဏာပျံ့နှံခဲ့သည်။ မြိုစားများထားလေ့ရှိသော ထိုခေတ်အခါက ယင်းမြို့နယ် မြို့စားများသည် ရှမ်းဗမာများသာဖြစ်ခဲ့ကြပါသည်။ ထိုအပြင် မင်းဆက်တိုင်းလည်း ထိုဒေသများကို အုပ်စိုးနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါချေ။

သို့သော် ကချင်လူမျိုးများသည် မြန်မာဘုရင်များ၏ ဩဇာခံမဟုတ်သော်လည်း မြန်မာဘုရင်များနှင့်လက်တွဲကာ အရေးကြီးသောစစ်ပွဲများတွင် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။ ဥပမာဆိုရသော် မြန်မာ-အာသံ၊အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲများ၌ မြန်မာဘက် စစ်သူကြီးမဟာဗန္ဓုလ နှင့်အတူ ထိပ်ဆုံးမှနေ၍ တိုက်ခိုက်ခဲ့သူများထဲတွင် ဟူးကောင်းနယ်၊ ကချင်ဒူဝါတဦးဖြစ်သည့် ဒိုင်ဖာဒူဝါ နှင့် ကချင်စစ်သည်တော် အမြောက်အများပါဝင်ခဲ့ကြပါသည်။ ဒိုင်ဖာဒူဝါ သည် သီဟသူရဘွဲ့မှစ၍ လက်ျာကျော်ထင်ဘွဲ့များအထိ ရရှိခဲ့သည်။ ၎င်းဘွဲတံဆိပ်တော်များနှင့် စစ်သုံးဓါးများသည် ယခုတိုင်သူ၏မြေးမြစ်များလက်ထက်ထိ ကျန်ရစ်ခဲ့သည်။ ဤသို့ ကချင်လူမျိုးနှင့် မြန်မာဘုရင်များ၏ ဆက်ဆံရေးအပြင် နယ်ချဲ့ကိုလိုနီများကို လွတ်လပ်ရေးရရှိရန် စုပေါင်းအားဖြင့် တိုက်ထုတ်ခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓါတ်ကို လှစ်ဟာမြင်လိုက်ရပြီဖြစ်ပါသည်။

အထက်ဗမာပြည်ကို အင်္ဂလိပ်တို့သိမ်းပြီး၍ မြစ်ဖျားသို့ ချီတက်ရာတလျှောက် အင်္ဂလိပ်တို့သည် ကချင်မျိုးချစ်တပ်မတော်များ၏ တိုက်ခိုက်မှုကိုခံရပြီး ၁၉၂၇ ခုနှစ်တွင်မှ မြောက်ပိုင်းတြိဂံနယ်ကို သိမ်းပိုက်နိုင်ကာ ကချင်နှင့်အင်္ဂလိပ်တို့စစ်ပွဲလည်း ပြီးဆုံးခဲ့သည်။ အင်္ဂလိပ်ခေတ်ပြီး၍ ဂျပန်တပ်တို့ဝင်လာသော ၁၉၄၁ ခုနှစ်တွင်လည်း ကချင်ပြောက်ကျားတပ်များ၏ အစွမ်းအစကို ဂျပန်တပ်များ မခံနိုင်သည်ကို သမိုင်းမှတ်တမ်းများက အလီလီအထွေထွေ ပြဆိုခဲ့ကြသည်ပင်ဖြစ်သည်။

ထိုသို့ လူမျိုးအသီးသီးကွဲပြားစွာဖြင့် ကချင်၊ ရှမ်း၊ ချင်းတို့သည်လည်ကောင်း ကိုလိုနီနယ်ချဲ့ကို တော်လှန်နေကြခဲ့ရာမှ လွတ်လပ်ရေးရရှိမည့်အချိန်၊ ပြည်ထောင်စုအဖြစ်မွေးဖွားပေးမည့်အချိန်သို့ ရောက်ရှိခဲ့လေပြီ။ ထိုအချိန်ကား ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၏ မဟာဒေဝီအသုဘအခမ်းအနားသို့ အရပ်ရပ်မှ စော်ဘွားကြီးများ တက်ရောက်လာခဲ့ကြသည့် အခါပင်ဖြစ်တော့သည်။ ထိုစဉ်စော်ဘွားများက ကမ္ဘာ့အခြေအနေ၊ ဗမာ့အခြေအနေများကို ဆွေးနွေးကြရင်း မိမိတိုရှမ်းပြည်လည်း အနာဂတ်အတွက် မည်သို့ဆောင်ရွက်ကြမည်ကို ထည့်သွင်းစဉ်းစားရန် အချိန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။

စော်ဘွားကြီးများအားလုံးက မိုင်းပွန်စော်ဘွားကြီးအား နည်းလမ်းရှာဖွေရန် တာဝန်ပေးခဲ့လိုက်သည်။ မိုင်းပွန်စော်ဘွားကြီးက ၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် စော်ဘွားများကောင်စီ အစည်းအဝေးတရပ်ကို ကျင်းပရန် မိုင်းကိုင်မြို့သို့ ဖိတ်ခေါ်ခဲ့သည်။ ယင်းမိုင်းကိုင်မြို့ စော်ဘွားကြီးများအစည်းအဝေးတွင် စော်ဘွားများဆွေးနွေးကြရာမှ လာမည့် မတ်လတွင် ကျရောက်မည့် လဲချားနယ်၊ ပင်လုံမြို့ဘုရားပွဲတွင် “ရှမ်းပြည်နယ် လက်မှုပြပွဲ” တရပ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ကုန်ကျစရိတ်များကို လဲချားစော်ဘွားကြီးမှ တာဝန်ယူခဲ့သည်။ “ရှမ်းပြည်နယ် လက်မှုပြပွဲ” ဟု အမည်တပ်ခေါ်သော်လည်း ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီ ခေါင်းဆောင်များကိုလည်း ဖိတ်ကြားခဲ့ပါသဖြင့် နိုင်ငံရေးအသွင်လက္ခဏာအပြည့်အဝဆောင်သည်။ ယင်းပြပွဲကို “ပထမ ပင်လုံညီလာခံ” ဟု အမည်ကင်ပွန်းတပ် ခေါ်ဝေါ်သတ်မှတ်ပါသည်။

ပထမပင်လုံညီလာခံကို ပင်လုံမြို့တွင် ၁၉၄၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပခဲ့သည်။ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်ဘက်သို ခရီးလွန်နေသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား ဦးနု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေအပြင် ဂဠုန်ဦးစောလည်း တက်ရောက်ခဲ့သည်။ ညီလာခံတွက် ရှမ်းပြည်မှ ဦးထွန်းမြင့်(လင်းခေး)၊ ဦးတင်အေးတို့ ဟောပြောကြသည်။ ဦးနုက ရှမ်း-ဗမာ ချစ်ကြည်ရေး သမိုင်းကိုလည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံ အုပ်ချုပ်ရေးအကြောင်း ဟောပြောကြသည်။

Show more...
3 years ago
8 minutes 57 seconds

ရာမညပြည်သူ့FM
အမှန်တရားဘက်က ပြည်သူ့နှလုံးသား အပိုင်း (၁)

အကြမ်းဖက် စစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစပြီး အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတို့ရဲ့ ဘဝအခြေအနေများကို ပုံဖော်တင်ဆက်ထားပါသည်။

Show more...
3 years ago
4 minutes 54 seconds

ရာမညပြည်သူ့FM
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.