Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
History
Music
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts125/v4/d2/3e/ab/d23eabae-d734-cef0-883c-d0e8689b56ec/mza_16885627181387298086.jpg/600x600bb.jpg
ရာမညပြည်သူ့FM
Rehmonnya Pyithu FM
16 episodes
1 week ago
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.
Show more...
Documentary
Society & Culture
RSS
All content for ရာမညပြည်သူ့FM is the property of Rehmonnya Pyithu FM and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.
Show more...
Documentary
Society & Culture
https://d3t3ozftmdmh3i.cloudfront.net/production/podcast_uploaded_episode400/17094731/17094731-1630978709005-f709026de8292.jpg
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)
ရာမညပြည်သူ့FM
8 minutes 3 seconds
4 years ago
ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)

၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ (၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန် (၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။ (၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့ ကသာမြို့ရဲ့မြောက်ဘက်မြေပြန့်ဒေသများ ပါဝင်စေရန်။ (၄)ဗမာအမျိုးသားများနဲ့ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နိမိတ်ချက်ချင်းသတ်မှတ်ရန်။ (၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာများ၊ကချင်အမျိုးသားများလက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသားဝန်ကြီးတဦးခန့်အပ်ရန်၊(၅-က)ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးဆောင်ရွက်ရန်၊(၅-ခ)ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စရပ်များတွင် ပါဝင်နိုင်ရန်(၅-ဂ) ကာကွယ်ရေးဝန်ကြီးကိုအကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး စောလျင်စွာလွတ်လပ်ရေးရရှိရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာချက်ချင်းပါဝင်ကြရန်(၇) အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာအမျိုးသားအားလုံးလွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်တဲ့ကချင်နိုင်ငံအပါအဝင် လွတ်လပ်တဲ့ဗမာပြည်ပြည်ထောင်စုအစိုးရဖွဲစည်းရန်။

ခြင်းချက်အနေဖြင့် (က)သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည်၊မပါဝင်မည်ကို သီခြားကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။ (ခ)ပြည်ထောင်စုဖွဲစည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာခွဲထွက်ခွင့်ရှိရမည်။(ဂ)ဗမာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးရမည်။အထက်ပါဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကိုရယူရန် စသည့်အချက်တို့ကို သဘောတူဆွေးနွေးညှိနှိုင်းခဲ့ကြလေသည်။

ထိုသို့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်များဆွေးနွေးပြီး၍ ဖေဖော်ဝါရီ(၆)ရက်နေ့ရောက်သောအခါ ပင်လုံမြို့၌ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ရှမ်းလူထုကိုယ်စားလှယ်များ၊ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးတခုပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြသည်။(၁)၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်မှ (၁၃)ရက်အထိကျင်းပသော ဒုတိယပင်လုံညီလာခံတွင် နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ရန် သဘောတူကြသည်။(၂)ရှမ်းနဲ့ကချင်ကော်မတီက ဗမာပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဆောလျင်စွာလွတ်လပ်ရေးရမည်ကို ယုံကြည်သည့်အလျောက် ဗမာပြည်မအစိုးရအမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များအရ ပို့လွှတ်မည်။(က)ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျခံစားခွင့်ရှိရမည်။(ခ)အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်နေကြသော ရှမ်းနှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်။ထို့အပြင် ကာကွယ်ရေး၊နိုင်ငံခြားရေး၊မီးရထား၊အကောက်ခွန်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံးစုပေါင်းတာဝန်ယူဆောင်ရွက်ကြရမည်။(ဂ)ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။(ဃ)ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ၏ အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက်များသည် ရှမ်း၊ကချင်တို့နှင့်ပတ်သက်ခြင်း မရှိစေရ။(င)လွတ်လပ်ရေး ရပြီးသည့်နောက် "ဗမာပြည်ထောင်စု” မှ ရှမ်းနဲ့ကချင်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်တို့ကိုသဘောတူဆုံးဖြတ်ခဲ့ကြလေသည်။ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ(၇)ရက်တွင် ထပ်မံရောက်ရှိလာသောချင်းကိုယ်စားလှယ်များပါဝင်သည့် နယ်စပ်ဒေသကိုယ်စားလှယ်စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည်။

(က)ဗဟိုအခွန်ငွေကိစ္စနှင့်ပတ်သက်၍ ရှမ်းတို့ခံစားရသောအခွင့်အရေးရပိုင်ခွင့်အားလုံးတို့အတိုင်း ချင်းနှင့်ကချင်တို့ကလည်း လူဦးရေအလိုက်ခံစားခွင့်ရှိစေရမည်။(ခ)ချင်းတို့ဒေသတွင် ဘဏ္ဍာရေးမလုံလောက်မှုရှိခဲ့သော် ဗမာပြည်အခွန်တော်မှ ဖြည့်တင်းသုံးစွဲရမည်။ (ဂ)ရှမ်း၊ကချင်၊ချင်းကိုယ်စားလှယ်များပါဝင်သော တောင်တန်းသားအမှုဆောင်ကောင်စီတရပ်ကို ဖွဲစည်းတည်ထောင်ရမည်။၎င်းအမှုဆောင်ကောင်စီ၌ တောင်တန်းသားများနှင့် ဗမာပြည်မအစိုးရတို့အကြားတွင်ပေါ်ပေါက်သမျှသော ပေါ်လစီဆိုင်ရာကိစ္စရပ်အားလုံးနှင့်စပ်လျဉ်း၍ အဆုံးအဖြတ်ပေးနိုင်သော အာဏာအပြည့်အစုံရှိရမည်။

ရာမညပြည်သူ့FM
Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.