၁။ မွန်လူမျိုးတို၏ ဩဇာအာဏာများသည် အလောင်းမင်းတရာလက်ထက် ခရစ်နှစ် ၁၅၇၅ ခုနှစ်တွင်လည်းကောင်း…….။
၂။ ရခိုင်လူမျိုးများကို ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင်လည်းကောင်း အသီးသီး နယ်ချဲ့ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၆၊ ဇန်နဝါရီ (၁) ရက်နေ့တွေင် ဗြိတိသျှအင်ပါယာသို သွတ်သွင်းကြောင်း ကြေညာသည့်အခါ အဆိုပါ မွန်လူမျိုးတို၏ နိုင်ငံတော်၊ ရခိုင်လူမျိုးတို၏ နိုင်ငံတော်သည်လည်း Ministerial Burma ဟုခေါ်သော မြန်မာပြည်မ အဖြစ်သာ တပါတည်း ပါဝင်ခဲ့ကြရလေသည်။
၃။ သိုသော် ချင်းလူမျိုးများကိုမူကား ဗြိတိသျှတိုသည် မြန်မာပြည်မကို သိမ်းယူနိုင်ခဲ့သည့် ၁၈၈၆ ခုနှစ်ထက် (၁၀) နှစ်နောက်ကျပြီး ၁၈၉၆ ခုနှစ်မှသာ တရားဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
၄။ ကရင်လူမျိုးများသည်လည်း ချင်းလူမျိုးကဲ့သို မြန်မာပြည််မ၏ လက်အောက်ခံအဖြစ်သိမ်းယူခဲ့ရခြင်းမဟုတ်သော်လည်း ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်မကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီး သီးခြားဘုရင်ခံဖြင့်အုပ်ချုပ််မည့် ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဖွဲစည်းရမည့် ဗြိတိသျှအစိုးရ၏ အတိုင်ပင်ခံကောင်စီတွင် ကရင်လူမျိုးများ အမတ်နေရာရယူခြင်ရအားဖြင့် ကရင်လူမျိုးများ၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် ပိုမိုတိုးတက်ကောင်းမွန်မည်ဟု ကြံစည်တွေးဆမိလျက် ၁၉၃၅ ခုနှစ် အက်ဥပဒေတွင် ကရင်လူမျိုးများအတွက်ပါဝင်လာရေးကြိုးပမ်းခဲ့ခြင်းမှစကာ ၁၉၄၆ ခုနှစ်တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မိရာမှ မြန်မာကြားဖြတ်အစိုးရ၏ ဝန်ကြီးများဖြစ်ကုန်၍ ၁၉၃၅ ခုနှစ်အက်ဥပဒေအရ မိမိတိုလူမျိုးစုကိုယ်စား ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခွင့်မရဘဲ ဗိုလ်ချုပ်အောင်ဆန်းကသာ ကရင်လူမျိုးများနှင့် မြန်မာလူမျိုးများပါဝင်သော ပြည်မကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်တွင် ကိုယ်စားပြုလက်မှတ်ရေးထိုးခြင်းရှိခဲ့ရသည်။
၅။ ထိုအပြင် ကချင်နှင့် ရှမ်းလူမျိုးများသည်လည်း မြန်မာပြည်မ၏ လက်အောက်ခံနယ်များအဖြစ် ဗြိတိသျှတိုက သိမ်းပိုက်နိုင်ခဲ့ခြင်း မဟုတ်ဘဲ သီးခြားနိုင်ငံ(ဝါ) နယ်မြေများအဖြစ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။
၆။ ကရင်နီခေါ် ယခုကယားပြည်နယ်ဟု ခေါ်ဆိုနေကြသည့် ကရင်နီပြည်နယ်သည် - ၁၈၇၅ ခုနှစ်တွင် ဗြိတိသျှအစိုးရနှင့် မြန်မာဘုရင် မင်းတုန်းမင်းတိုကြား ချုပ်ဆိုသော စာချုပ်အရ ဗြိတိသျှတိုကလည်းကောင်း၊ မြန်မာမင်းတိုကလည်းကောင်း ကရင်နီလူမျိုးများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကာ မည်သူကမျှ ကျူးကျော်ခြင်းမပြုဘဲ ကရင်နီပြည်ကို နှစ်နိုင်ငံကြားခံနယ်အဖြစ်ထားရန် သဘောတူစာချုပ်ချုပ်ဆိုခံခဲ့ကြရခြင်းသည်လည်း တချက်အပါအဝင်ဖြစ်သည်။ ထိုကြောင့် ကရင်နီပြည်နယ်သည် ဗြိတိသျှအပါအဝင် မည်သည့်နယ်ချဲ့ကိုလိုနီများ၏ ဩဇာခံများအဖြစ် ကျရောက်ခဲ့ခြင်းမရှိသော တခုတည်းသောပြည်နယ်ဖြစ်သည်။
သိုဖြစ်ပါ၍ ကျွန်မတို့၏ ပြည်ထောင်စုဟု ဆိုအပ်သော နိုင်ငံတော်ကြီးတည်ဆောက်ခြင်းမပြုရခင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊ ရှမ်းတိုသည် အထက်ဖော်ပြပါခုနှစ်များမတိုင်ခင်က မိမိတို လူမျိုးစုနိုင်ငံ၊ ပြည်နယ်၊ ဒေသများအဖြစ် တည်ရှိခဲ့ကြရာမှ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရေးထိုးသောအခါ မွန်၊ ရခိုင်၊ ကရင်၊ ဗမာတိုပါဝင်သည်ဟုဆိုအပ်သော ဗမာပြည်မ ကိုယ်စားပြု ကိုယ်စားလှယ်၊ ကချင်ကိုယ်စားပြု ကိုယ်စားလှယ်၊ ချင်းကိုယ်စားပြု ကိုယ်စားလှယ်၊ ရှမ်းကိုယ်စားပြု ကိုယ်စားလှယ် စသည်အားဖြင့် သီးခြားလွတ်လပ်ရေးရယူကာ နိုင်ငံများအဖြစ် တည်ထောင်နိုင်သည့် အခွင့်အရေးများကို လက်လွှတ်ကာ တန်းတူရည်တူရှိသည့် ပြည်နယ်များပေါင်းစည်းသည့် “ပြည်ထောင်စု နိုင်ငံတော်” အဖြစ်တည်ထောင်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို၌ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်…..။
ကိုးကား -
(၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃ ခု
(၂) “ပင်လုံလက်စွဲ” ၊ ခွန်ဦးရယ် (ပင်လုံလက်စွဲပြုစုရေးအဖွဲခေါင်းဆောင်) ၊ ဇွန် (၇) ၊ ၂၀၁၈ ခု
(၃) “၂၁ ရာစုပင်လုံစိတ်ဓါတ်မှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီသို” ၊ ခွန်မတ်ရ်ကိုဘန်း၊ ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်
"ညီညွတ်ခြင်းတိ