Home
Categories
EXPLORE
Comedy
Society & Culture
True Crime
Technology
Business
Education
Science
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
BG
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts115/v4/6c/18/35/6c1835ae-1e51-4e2c-7d5c-febfd7a46d98/mza_16583726727394087210.jpg/600x600bb.jpg
Summer Kites
Summer Kites
23 episodes
1 day ago
ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။
Show more...
Books
Arts
RSS
All content for Summer Kites is the property of Summer Kites and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။
Show more...
Books
Arts
Episodes (20/23)
Summer Kites
နွေဦးကဗျာ - အောင်ခင်မြင့်

Collab series "X" ရဲ့ track no. 12 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နွေဦးကဗျာ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ မုရန်လင်း(Myrrhlynn) ဖြစ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်

--------
နွေဦးကဗျာ (အောင်ခင်မြင့်)

နွေဦးကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ
ပျံလွှားတွေ ဖြစ်သွားတယ်
ပျံလွှားတွေကို ဖမ်းဆီးချုပ်နှောင်တဲ့အခါ
ကြွေးကြော်သံတွေ ဖြစ်သွားတယ်
ကြွေးကြော်သံတွေကို တိတ်ဆိတ်ခိုင်းတော့
ရှုခင်းတွေ ဖြစ်သွားတယ်
ရှုခင်းတွေကို ဖုံးအုပ်ဖျောက်ဖျက်တဲ့အခါ
မျက်လုံးတွေ ဖြစ်လာတယ်
မျက်လုံးတွေကို အတင်းမှိတ်ခိုင်းတဲ့အခါ
အိပ်မက်တွေ ဖြစ်လာတယ်
ငါတို့ကို မအိပ်ခိုင်းတော့ အိပ်မက်တွေဟာ
လမ်းပြမြေပုံတွေ ဖြစ်လာတယ်
ငါတို့မြေပုံတွေကို ဖျက်ဆီးပစ်တဲ့အခါ
မှတ်ဉာဏ် ဖြစ်လာတယ်
မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပစ်တဲ့အခါ
လမ်းတွေ ဖြစ်လာတယ်
လမ်းတွေကို ပိတ်ဆို့တားဆီးပစ်ပြန်တော့
ခြေထောက်အပိုတွေ ဖြစ်လာတယ်
ခြေထောက်တွေကို ရိုက်ချိုးပစ်တဲ့အခါ
အတောင်ပံတွေ ဖြစ်လာတယ်
တောင်ပံတွေကို ညှပ်ပစ်တဲ့အခါ
လေပြေလေညင်း ဖြစ်လာတယ်
လေပြေကို ဖမ်းဆီးချုပ်နှောင်လိုက်တော့
မုန်တိုင်း ဖြစ်သွားတယ်
မုန်တိုင်းကို အကျဉ်းချလိုက်တဲ့အခါ
မုန်တိုင်းရဲ့သားတော်တွေ မွေးဖွားလာတယ်
အဲဒီမုန်တိုင်းရဲ့သားတော်တွေဆိုတာ
ငါတို့ရဲ့ ဝင်သက်ထွက်သက်လေပဲ
ငါတို့ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်း
ဝင်လိုက်ထွက်လိုက် ပျံလွှားငှက်တွေပဲ

- အောင်ခင်မြင့်

Show more...
3 years ago
2 minutes 45 seconds

Summer Kites
ဘိုနီပျော်လား - ဘုန်းမောင်(မန္တလေး)

ဘိုနီပျော်လား
_____________________

ကမ္ဘာက ဆစ်ချပြီးပြီ
ကမ္ဘာကြီး စစ် ကျ တော့မယ်
ဘိုနီ မင်း ပျော်လား

(အရည်ပျော်ကျနေတဲ့
အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ)

" မောင့်လပြည့်ဝန်း " ကိုလည်း ငါ ရတယ်
" ဝေးများဝေးရင် " ကိုလည်း ငါ ရတယ်
လမ်းဘေးအုတ်ခုံပေါ်က
လွမ်းစရာ ညတွေကို ငါတို့ ပြန်မရတော့ဘူး

ငါတို့က
ဖီလင်ကို ကျစိမ့်ထဲထည့်ပြီးမှ
စီးကလက်ကို မီးညှိတယ်
တချို့က စီးကလက်ကို ဖွာရှိုက်ပြီးမှ
ငါတို့ ဘဝတွေကို မီးညှိပစ်တယ်
မင်း အခု လက်ဖက်ရည်ဆိုင်ထဲမှာ
ပျော်စရာကောင်းလား ဘိုနီ

(အရည်ပျော်ကျနေတဲ့
အပြုံးအသေကို ငါတို့ လုသောက်ရတဲ့ နေ့တွေ)

လက်နှိပ်စက်ထဲက စာရွက်ကလေး တစ်စောင်နဲ့
တီဗီဖန်သားပြင်ပေါ်က
ရယ်စရာအတုတွေကို ကြည့်ရတာ
မင်း ပျော်လား ဘို‌နီ

မြေကြီးပေါ်ကို အနာဂတ်လို့ ချရေးလိုက်ပါ
နောက်ဆို ငါတို့ ပျော်ရမှာ။ ။

ဘုန်းမောင် (မန္တလေး)
၂၈ ၊ ၂ ၊ ၂၀၂၂

Show more...
3 years ago
1 minute 43 seconds

Summer Kites
နိုင်ငံတော်သီချင်း - ၅ (အောင်ခင်မြင့်)

Collab series "X" ရဲ့ track no. 11 ပါ။ ဆရာအောင်ခင်မြင့်ရဲ့ နိုင်ငံတော်သီးချင်း - ၅ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Seint Luu ဖြစ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

———
နိုင်ငံတော်သီချင်း-၅

ဖုံးထားတဲ့အဝတ်ဖြူ ကိုဖယ်လိုက်တော့
ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ နိုင်ငံတော်
ကျီးပြိုတယ်
လျှပ်စီးတွေလက်တယ်
လေမတိုက်ပဲသစ်ရွက်တွေလှုပ်တယ်
သွေးသားဆန္ဒမရှိတော့တဲ့
ဌက်လှောင်အိမ်ထဲကလူတွေ
ရှင်ခြင်းရဲ့အမှတ်တရ
လက်ကောက်ဝတ်ပေါ်ကအမာရွတ်တွေ
မေတ္တာသုတ်ရွတ်နေတဲ့
ဓာတ်ငွေ့ကာမျက်နှာဖုံးနဲ့ဘုန်းကြီးတွေ
နှိပ်စက်မှုကိုမခံနိုင်တဲ့အဆုံး
တိမ်တွေက နေမင်းကြီးပုန်းနေတဲ့နေရာကို
ဖွင့်ပြောပြလိုက်တယ်
နှုတ်ခမ်းထောင့်စွန်းကသွေးတွေဟာ
အသက်ရှိနေသလိုပူနွေးနေဆဲ
သင်၏ တမလွန်ဘဝကနိုင်ငံတော်။

အောင်ခင်မြင့်

Show more...
3 years ago
1 minute 26 seconds

Summer Kites
အလှဆုံးခေတ် - ကြည်ဇော်အေး

အလှဆုံးခေတ်


အကျဉ်းကျနေတဲ့နေရောင်အောက်မှာ

အသက်ရှူရတာကအစ မလွတ်လပ်

လေဟာ

မောပမ်း

မြေဟာ

နွမ်းနယ်

ဝေးကွာခြင်းဟာ

မီးရထားသံလမ်းများကို

အရည်ပျော်ကျသွားစေတယ်

စစ်ကြီးပြီးရင်

ခန်းစီးအသစ်တွေလဲကြမယ်

ပျော်စရာကောင်းတဲ့

ဖျော်ရည်တွေသောက်ကြမယ်

ဘုရားစင်ပေါ်မှာ

အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

တောင်းရမယ့်ဆုက

ချစ်သူများသာ အဓွန့်ရှည်ပါစေ။


ကြည်ဇော်အေး

Show more...
3 years ago
1 minute 35 seconds

Summer Kites
ငုယင်ဗန်ထရွိုင်းညနေ - မိုဃ်းဇော်

Collab series "X" ရဲ့ track no. 9 ပါ။ ဆရာမိုဃ်းဇော်ရဲ့ ငုယင်ဗန်ထရွိုင်းညနေ ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Saw Mu Khukalu  ဖြစ်ပါတယ်။ 


Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။


----

ငုယင်ဗန်ထရွိုင်းညနေ


သက်သောင့်သက်သာဖြစ်မှုအတွက်

ရန်သူကို အညံ့ခံခဲ့တဲ့ စာရင်းထဲမှာ 

သင် မပါဝင်ခဲ့ဘူး ။

နာကျင်မယ်မှန်းသိရက်နဲ့

ရှေ့ဆက်တိုးဝံ့သူများရှိခဲ့ရင်

ရေဆုံးရေဖျား

ဇွဲကောင်းသူများရှိခဲ့ရင်

သေမင်းကတောင်

ဒူးတုန်ရသူများရှိခဲ့ရင်

အဲ့ဒီ အမည်စာရင်းထဲမှာ

သင်ပါဝင်ခဲ့ပေရဲ့ ။

ဗီယက်နမ်က

တောက်ပတဲ့ကျောက်မျက်ရတနာ

` ငုယင်ဗန်ထရွိုင်း ´

သင်နောက်ဆုံးဟစ်ကြွေးခဲ့တဲ့အသံဟာ

၁၉၆၄၊အောက်တိုဘာက ရေတွက်ရင်

နှစ်ပေါင်း (၄၁) နှစ်တိုင်ခဲ့ပြီ။

(၄၁) နှစ်ဆိုတဲ့ကာလဟာ

မေ့လျော့ခံရဖို့ရာ လုံလောက်ပေမယ့်

ကျွန်တော့်အသည်းနှလုံးထဲမှာတော့

သင့် တေးသံဟာ

ပဲ့တင်ထပ်နေဆဲပါလေ။

နှင်းတွေဝေနေတဲ့

အကျဉ်းထောင် ဘောလုံးကွင်းထဲမှာ

(လက်မရွံ့တပ်ဖွဲ့က)

သင့်ကို ပစ်သတ်တော့မယ့်ဆဲဆဲ

" သေရမှာ ဝမ်းမနည်းဘူးလား " လို့

သတင်းထောက်တစ်ဦးက မေးမြန်းတော့

တုန်လှုပ်ခြင်းကင်းမဲ့တဲ့ သင်ဟာ

" အမေရိကန်ကာကွယ်ရေးဝန်ကြီး 'မက္ကနာမားရား'ကို

မလုပ်ကြံနိုင်တာကိုပဲ ကျွန်တော်ဝမ်းနည်းပါသတဲ့" ။

ကာဘိုင်သေနတ်ပြောင်းများရှေ့မှောက်မှာ 

အဖတိုင်းပြည်ကို နောက်ဆုံးကြည့်ရှုဖို့

မျက်လုံးပေါ်စည်းထားတဲ့အဝတ်ကို

သင် ဆွဲချွတ်ပစ်ခဲ့တယ် ။

အစတေးခံရတော့မယ့်

မိနစ်ပိုင်းကလေးမှာတောင်

တည်ငြိမ်ရင့်ကျက်လွန်းနေတဲ့

သင့်ဓာတ်ပုံကိုကြည့်ရင်း

မြတ်နိုးလေးစားစိတ်နဲ့

ကျွန်တော် မှင်တက်မိပေါ့။

ဘယ်အကြောင်းတရားကများ

သင့်နှလုံးသားထဲကို

ဒီလိုမျိုးတန်ခိုးစွမ်းပကားတွေ

ထည့်သွင်းပေးထားသလဲလို့

စေ့ငုမိတယ်။

' ငုယင်ဗန်ထရွိုင်း ' ခင်ဗျား၊

ကမ္ဘာကြီးမှာ

ခေတ်တွေ ပြောင်းလဲသွားပေမယ့်

နှစ်တွေ ကွာဝေးသွားပေမယ့်

' ဟိုချီမင်း ' ရုပ်တုအောက်မှာ

' ဘီလ်ဂိတ်စ် ' ကို တွေ့လိုက်ရပေမယ့်

ဒီကနေ့

မိုးရွာပြီးစ ညနေ

မိုးရွာပြီးစ ညနေခင်းလေးမှာပေါ့ ။

(၂၁) ရာစုရဲ့

အမေရိကန်စတိုင်လ်

ကဖေးဆိုင်လေးထဲကနေ

သင့်ကို သတိရ ဦးညွှတ်လိုက်ပါရဲ့ ။      ။


မိုဃ်းဇော်

Show more...
3 years ago
2 minutes 50 seconds

Summer Kites
ဒီနေ့လည်း ဗလာပဲလားအစ်ကို - ကိုသျှား

Collab series "X" ရဲ့ track no. 8 ပါ။ ဆရာ ကိုသျှားရဲ့ ဒီနေ့လည်း ဗလာပဲလားအစ်ကို ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Sitt Naing ဖြစ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

——

ဒီနေ့လည်း ဗလာပဲလားအစ်ကို

မေးလို့သာ မေးလိုက်ရတာ၊ ကမ္ဘာမကျော် ဘာမကျော်ဆိုတော့ မြန်မာကျော်တစ်ယောက်
ဒုက္ခတွေ ရန်ကုန်ဝေနေတော့မှာ။ပြန်စရာအိမ်မရှိတာထက် ပြန်စရာစရိတ်မရှိတာက
ပိုကြေကွဲဖို့ ကောင်းနေ။

ခြင်္သေ့တို့မည်သည် မည်မျှပင်ဆာလောင်နေစေကာမူ မြက်ကိုမစား။ ဘယ်လိုလုပ်ကြမလဲ။
ခေါင်းမာမှုက အရည်ဖျော်သောက်လို့ မရ။ ဘယ်ပျော်ပါ့မလဲ။ မင်း ဒီလောက်ရေးအားကောင်းနေတာ
ငါ့ကို ကဗျာခုနှစ်ပုဒ်လောက် ချေးစမ်းကွာ။ ဟုတ်တာပေါ့ . . . ဒုက္ခကို မျှချိုနိုင်မယ့်ကောင်မလေး
မရှိတာလည်း အသည်းကွဲခြင်းတစ်မျိုးပဲ။

နိုင်ငံပိုင်မီးရထားကြီး စီးဖို့ လက်မှတ်ကို ပြည်တွင်းဖြစ်ကဗျာဆရာတစ်ယောက် ကိုယ်ကျင့်တရားနဲ့
၀ယ်ယူရန် သင့်/မသင့်?ဂျက်လန်ဒန်က သူ့သမိုင်းနဲ့သူ၊ ကိုယ့်ဘဝနဲ့ကိုယ့်အကြောင်းက ခြေရာတွေ
လမ်းကို ဖုံးတယ်။ လေနှင်တဲ့ဆီ ပြေးးးးးးးးးးးးးးးးးးးးးးးးး

ချဉ်ချဉ်တူးတူး မူးပြီးရော တစ်ယောက်မှ မပါ၊ကောင်တာဖောက်မယ်၊ ဂိုးသွင်းမယ်။ ကျရာစွဲလောင်ဖို့
အရာရာ အရန်သင့် သွေးရဲ။ သောက်နေကျအိပ်မက်ရဲ့အဖုံးတွင်းကံစမ်းမဲကို မှော်ဆရာလို ပွတ်ဆွဲ။
ဘယ်လောက်လဲ!ဘယ် လောက် လဲ!!ဘယ် လောက် တဲ့ လဲ!!! အဲဒီလို ကိုယ့်နားရွက်ကိုယ် ဗန်ဂိုး
မသိအောင် ပြန်စမ်းမိတော့တယ်။ နေ့တွေက မိုးလိုစွေတဲ့အခါ ကျွန်တော်တို့က ထီးတွေလို ဟိတ်နဲ့
ဟန်နဲ့ လုံခြုံယောင်တတ်ဖို့။

စားလေကွာ . . . အဲဒါ ဘယ်တော့မှ ပုပ်သိုးမသွားမယ့်ငါ့လျှာ။ကိုယ့်ရင်ကိုယ် ဘယ်သူ ပြန်ခွဲချင်ပါ့မလဲ။
ကုန်တင်ကုန်ချ၊လမ်းဘေးစျေးသည်၊ဂျာနယ်လက်ပွေ့၊လှည်းကလေးနဲ့ဒိန်ချဉ်သည်၊ဟောဒီက သောက
ပူပူလေး၊မဖြစ်မနေ ရွေ့ရဦးမှာပဲ၊မြို့ထဲ . . .။ထုခွဲ . . .။အလဟဿ . . .။အဓိပ္ပာယ်မဲ့ . . .၊လကုန်ပြီ။
မဂ္ဂဇင်းတွေ အထွက်နောက်ကျ၊စီးကရက်ငွေ့တွေ မျက်လုံးထဲ ဝင်နေခိုက် အလစ်အငိုက်မျက်ရည်ဟာ၊
အလွမ်းပြေ ဘယ်သူမှ မရိပ်မိအောင် ပျော်စရာဇာတ်ဝင်ခန်းလုပ်ပစ်လိုက်ရုံ။

ဒီနေ့ ဘယ်အချိန်ထိ အိမ်မပြန်နိုင်တဲ့အရပ်မှာ အစ်ကို ရှိမလဲ ???

ကိုသျှား

Show more...
3 years ago
3 minutes 33 seconds

Summer Kites
နောက်ကြောင်း - မိုးဝေး

Collab series "X" ရဲ့ track no. 7 ပါ။ ဆရာ မိုးဝေးရဲ့ နောက်ကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Minnie ဖြစ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

——

နောက်ကြောင်း

မိတ်ဆွေခါးကုန်းလေးနဲ့ ဟိုတလောကတွေ့တယ်

မိတ်ဆွေခါးကုန်းလေးက ပြောတယ်၊

သူ ဘယ်သွားရမှန်းမသိဘူး ဖြစ်နေတယ်တဲ့

ရန်ကုန်မြို့မှာ အရိပ်တွေ သိပ်မရှိတော့ဘူးတဲ့

ကားတွေ တအားကြပ်တဲ့ လမ်းထဲ၊ ဘတ်စ်ကားထဲမှာ

မိတ်ဆွေခါးကုန်းလေးလိုပဲ ပိတ်မိနေကြတဲ့ ကုလားအုတ်တွေ မနည်းဘူးတဲ့

ရေခဲရေသည်တွေ နေရာမှာ ရေသန့်ဗူးသည်တွေ ရောက်လာသလိုပဲ

ဘဝဆိုတာ ထုတ်ပိုးမှုပါပဲကွာလို့ ခါးကလေးကုန်းနေတဲ့

မိတ်ဆွေက ပြောတာကြုံတဲ့အခါ

တို့တတွေ ရှေ့ဆက်ရုံသာပါပဲ။ ရှေ့ဆက်ရင်းက

ဘေးထွက်တာလည်း ကြုံမယ်၊ နောက်ပြန်ရောက်ချင်လည်း ရောက်မယ်

ဒါမှမဟုတ် မြေတွင်းတူးပြီး ဝင်သွားလိုက်လို့

မိတ်ဆွေခါးကုန်းလေးက အော်အော်ပြေးပြေး ပြောသွားခဲ့ဖူးတယ်

ဒီတော့ မိတ်ဆွေခါးကုန်းလေးကို ကြည့်ရတာ

ကုလားအုတ်ကလေးတစ်ကောင် တဖက်နိမ့်တဖက်မြင့်

လမ်းပေါ် ပြေးနေသလိုပဲလို့ ထင်မိတယ်

ဒါ မဟုတ်ဘူး။ ဒါဟာ ရန်ကုန်လို့ နယ်ကပြောင်းရွေ့

အခြေချသမားတွေက ပြောကြတာကြုံဖူးတယ်လို့

ခါးကုန်းကလေးရဲ့ မိတ်ဆွေက ပြောဖူးသလို

ဒီနားမှာ အရိပ်တစ်ခုကျဖူးတယ်

ဒီနားမှာ စုစုဝေးဝေး အိုင်ထွန်းဖူးတယ်

ဒီနားမှာ အကြိမ်ကြိမ်ရပ်

ဒီနားမှာ ခါးကလေး ရုတ်တရက် ကုန်းသွားတာပေါ့ကွာ

ဒီနားမှာ ငါ ကျကျန်ခဲ့တာပေါ့

ဒီနားမှာ ငါ ရှေ့ကို ရောက်ခဲ့ပြန်တယ်

ဒီနားမှာ တေးဘုံမာ၊ ဒီနားမှာ ဘဝသံသရာ

ဒီနားမှာ ငါ့သူငယ်ချင်း ခါးကလေးထောက်ရပ်ခဲ့တာပေါ့

ဒီနားမှာ ဒီလိုပဲ ငါ့ရဲ့ကုန်းနေတဲ့ ခါးကလေးကို ဆွဲဖြောင့်ဖို့ ကြိုးစားခဲ့တာပေါ့

မိတ်ဆွေခါးကုန်းကလေးပြောတဲ့နောက်ကြောင်းတွေ အထပ်လိုက်ပဲ

ဟုတ်တယ် နောက်ကြောင်းတွေ အထပ်လိုက်ထဲက ဆွဲထုတ်ရမှာပဲ

ကျောက်မီးသွေးမိုင်းတွင်း အထပ်လိုက်ထဲက ဆွဲထုတ်ရမှာပဲ

လူ့အဖြစ်လို့ထင်ရတဲ့ နောက်ကြောင်းတွေ။  ။

မိုးဝေး

Show more...
3 years ago
3 minutes 16 seconds

Summer Kites
လူငယ်လေးတစ်ဦး - အောင်ခိုင်မြတ်

Collab series "X" ရဲ့ track no. 6 ပါ။ ဆရာ အောင်ခိုင်မြတ်ရဲ့ လူငယ်လေးတစ်ဦး ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Myo Min Hla ဖြစ်ပါတယ်။


Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။


---------------

လူငယ်လေးတစ်ဦး


စာအုပ်တွေခိုးဖတ်

မွန်ထရီစီးကရက်တွေခိုးသောက်

ဂီတာကိုခိုးတီး

ကဗျာကိုခိုးရေး

နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ

လက်ဖက်ရည်ဆိုင်တွေခိုးထိုင်

ကြယ်တံခွန်အချစ်ကလေးရေ 

ပြန်ဆုံရာလမ်းဝေးနေ 

ကြိတ်ဆွေးခဲ့တဲ့နေ့များ

ထန်းရည်တွေခိုးသောက်

ပန်းချီတွေခိုးဆွဲ

တက်တူးတွေခိုးထိုး

ငြီးငွေ့ဖွယ်စာသင်ခန်းတွေက 

ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ

 `ခင်ဗျားတို့ထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့

စစ်တပ်ဆိုတာဘယ်တော့မှ

မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´

ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့

ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား

ဘောင်းဘီထဲလက်နှိုက်ပြီး

ပလက်ဖောင်းဘေးက 

လျှောက်သွားခဲ့ရတဲ့နေ့များ

နေပူသလိုအသည်းပူတယ် 

ဘာကြောင့်လဲသိရဲ့လား

အော်ဟစ်ခဲ့တဲ့နေ့များ

မွေးရပ်မြေက တရွေ့ရွေ့

မှောင်မည်းခြောက်ကပ်လာ

စစ်အစိုးရထပ်ရောက်လာချိန်

လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း

သွေးထွက်အများဆုံးနေ့များ

စာအုပ်တစ်အုပ်နဲ့

လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်

စောင့်ရတာဝေးလွန်းလို့

ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ

ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို့

စောင့်ကြည့်ခံရတဲ့ခေတ်မှာ

နှလုံးသားအိမ်မှာပူတယ် 

ဆောင်းနှင်းမြူအေးတယ်

အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်

ချိုပါတယ်ခဲ့ရတဲ့နေ့များ

လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်

မော်တော်ယာဉ်ကျော်ကာ 

လေယာဉ်ပျံတီထွင်သွားကြတယ်

လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး 

အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ

ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်

မထိန်းကျောင်းနိုင်တဲ့ကျောင်းတွေကို

စိတ်ပျက်မိတဲ့အချိန်တိုင်း

အသိုက်လည်းမရှိဘူး ကူးချင်ရာကိုကူး

သွားချင်ရာကိုသွား လွတ်လပ်ခဲ့ကြတဲ့နေ့များ

တစ်နေ့ပြီးတစ်နေ့

ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ

အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ

ငါတို့မျှော်လင့်ချက်တွေကို

သေနတ်အလက်ပေါင်းများစွာနဲ့

ဝိုင်းချိန်ထားတဲ့ခေတ်မှာ

ငါတို့တတွေ

ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ

မြင်နိုင်ရင်လေ ကိုယ့်ရင်ထဲ

တားဆီးကြည့်မနေနဲ့

မြေအောက်နည်းလမ်းနဲ့ 

ကြံဖန်အသည်းကွဲရတဲ့နေ့များ

စာဖတ်တဲ့လူငယ်ဟာ ရန်ရှာခံခဲ့ရတယ်

လူငယ်တစ်ယောက်ဟာ

အာဏာရှင်ကိုမကျေနပ်လို့ 

ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်

ပြေးပေါက်တွေရှာထားရ

သယ်ဆောင်ရာအိတ်လည်းပြင် ယာဉ်မြန်ကိုစီး

ခရီးထွက်ဖို့ဒို့လာနေပြီလေသီချင်းကိုအော်ဆိုရင်း

အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ

ဒီမိုကရေစီရမှ

ဆံပင်တွေညှပ်ပစ်မယ်

ငါတို့မတိုင်ပင်ထားပဲ

တပြိုင်တည်းဆံပင်ရှည်ရှည်

လူငယ်တွေရဲ့နေ့များ

ဟုတ်ပါတယ် ဟုတ်ခဲ့ပါတယ်

လူငယ်ဘဝရဲ့ကြွေရွက်ဝါနေ့များ

သြော်

လူငယ်လေးတစ်ဦး

လူငယ်လေးတစ်ဦးတွေ

ငါတို့လူငယ်လေးတစ်ဦးတွေ။


- အောင်ခိုင်မြတ်

Show more...
3 years ago
4 minutes 19 seconds

Summer Kites
ခေါင်းခွံများအကြောင်း - ကေဇဝင်း

Collab series "X" ရဲ့ track no. 5 ပါ။ ဆရာကေဇဝင်းရဲ့ ခေါင်းခွံများအကြောင်း ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Mabelle ဖြစ်ပါတယ်။

မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ဆရာကေဇဝင်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

-------
ခေါင်းခွံများအကြောင်း

တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ

တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား

မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား

ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်

မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

ကေဇဝင်း

Show more...
3 years ago
1 minute 28 seconds

Summer Kites
ပန်းသီးဝိုင် - ခက်သီ

Collab series "X" ရဲ့ track no. 4 ပါ။ ဆရာခက်သီရဲ့ ပန်းသီးဝိုင် ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ June Zaw ဖြစ်ပါတယ်။

ကဗျာဆရာ ဆရာခက်သီ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

-----
ပန်းသီးဝိုင်

ရူးစမ်း
အာဏာသာမရူးနဲ့
တဏှာသာမရူးနဲ့
ရူးတာ ဘာမှ ရှက်စရာမရှိဘူး။
ပန်းသီးထဲမှာ
ရေမွှေးလား
ခရူးဆိတ်လား
ယဉ်ကျေးမှု သွေးလန့်ခြင်းလား
ရှိပါလိမ့်မယ်။
ငါ့အကြောင်း
နှလုံးသားဂုဏ်ရည်
နင် ထိစမ်းတဲ့အခါ သိလိမ့်မယ်
စွပ်စွဲချက်များ ပြင်းထန်လှချည်ရဲ့။
ယိုစီးကျနေတဲ့
ကျောက်စက်ရေလို စိတ်နှလုံးသား
ငါမဖော်ပြခဲ့တာဟာ
ငါဖော်ပြနေသလိုပါပဲ။
နှစ်ချို့ရင် မင်းသိလိမ့်မယ်
နှစ်တချို့မှာ ငါဟာ ဆိုးသွမ်းခဲ့တယ်
မပြောပါရစေနဲ့
ဖွင့်ဟ မပြောပါရစေနဲ့တော့။
ပန်းသီးတွေ သိုးသွားတော့ ဝိုင်တဲ့။
စိတ်တွေ သိုးသွားတော့ စစ်ပွဲတွေ
ဥပဒေ သိုးသွားတော့ မတရားမှုတွေ။
ကမ္ဘာဦးဓလေ့ပဲ ဆိုပါစို့
နိုင်ရာစားစတမ်းတဲ့
ဧဝဟာ ပန်းသီးကို ကုန်အောင်စားပစ်ခဲ့ရမှာ
ဒါဆို ပန်းသီးလည်း မရှိတော့ဘူး
ဝိုင်တွေလည်း မရှိတော့ဘူး။ ။

ခက်သီ

Show more...
3 years ago
2 minutes 10 seconds

Summer Kites
ရန်ကုန်လမ်းညွှန် - ကြည်ဇော်အေး

Collab series "X" ရဲ့ track no. 3 ပါ။ ဆရာကြည်ဇော်အေးရဲ့ ရန်ကုန်လမ်းညွှန်ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ Myo Min Hla ဖြစ်ပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။

-----
ရန်ကုန်လမ်းညွှန်

လမ်းပေါ်ထွက်ပြီးပြီ
မဲပေးပြီးပြီ

နောက်ထပ် လက်မှတ်ထိုးဖို့ လိုရင် ခေါ်ပါ
နောက်ထပ် အသက်စွန့်ဖို့ လိုရင် ခေါ်ပါ
နောက်ထပ် လက်သီးလက်မောင်းတန်းဖို့ လိုရင် ခေါ်ပါ
ဘာပဲလိုလို ခေါ်လိုက်စမ်းပါ

ကျွန်တော်ဟာ အလုပ်လက်မဲ့ပါ
ကျွန်တော်ဟာ ၁၉၆၂ခုနှစ်က အရစ်ပြုန်းခဲ့တဲ့ မူလီတစ်လုံးပါ

မီးသတ်ကားတွေ မလာခင်
ဖုန်းထဲက အပြာကားတွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီ။

- ကြည်ဇော်အေး

Show more...
3 years ago
1 minute 25 seconds

Summer Kites
နွေဦးပေါက်ရင် (ကဗျာဆရာ့စိတ်ကူး) - နေမျိုး

Summer Kites ရဲ့ Collab series "X" ရဲ့ ပထမဆုံးသော track ဖြစ်ပါတယ်။ ဆရာနေမျိုးရဲ့ နွေဦးပေါက်ရင် (ကဗျာဆရာ့စိတ်ကူး) ကဗျာဖြစ်ပြီး .. ပါဝင်ရွတ်ဆိုပေးသူကတော့ NayKhaYi ပါ။

Collab series မို့ ပုံမှန်လုပ်နေကြထက် အများကြီး အားစိုက်ထားပါတယ်။ ဒီကဗျာကို စဖတ်မိကတည်းက ဒုတိယကမ္ဘာစစ် ပြီးခါးနီးအချိန် ခေတ်တစ်ကို ခံစားမိတာကြောင့် .. အဲ့ခေတ်က jazz vibe ကိုသွားထားပါတယ်။

Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။
------

နွေဦးပေါက်ရင် (ကဗျာဆရာ့ စိတ်ကူး )

နွေဦးပေါက်ရင်
ကြက်တူရွေးတစ်ကောင်မွေးမယ်
သူ့ကိုစကားတစ်ခွန်းတည်း သင်ပေးမယ်
‘ဆာတယ် ... ဆာတယ် ....' လို့

နွေဦးပေါက်ရင်
အော်စတင်ကားလေးကိုမောင်းမယ်
ဟစ်တလာမိန့်ခွန်းပြောသံကို
ကားဟွန်းသံအဖြစ် တပ်ဆင်ထားမယ်
တောင်ဘက်ပင်လယ်တွေဆီ ခရီးထွက်မယ်

နွေဦးပေါက်ရင်
သစ်ရွက်ကြွေတွေလိုက်ကောက်မယ်
သစ်ရွက်ကြွေတွေပေါ်မှာ
အင်္ဂလိပ်ဘာသာနဲ့
မင်းနာမည်ကို ငါရေးမယ်

နွေဦးပေါက်ရင်
ပြတင်းပေါက်တွေ အကုန်ဖွင့်မယ်
ပုံပြင်တွေအော်ဖတ်မယ်
စိတ်ကောင်းလည်း ဝင်မယ်

နွေဦးပေါက်ရင်
ပြဇာတ်တစ်ပုဒ်ရေးမယ်
စုဘူးကိုခွဲမယ်
ပြားစေ့ကလေးတွေ ရေတွက်မယ်

တကယ်လို့ တော်တော်နဲ့
နွေဦးမပေါက်သေးရင်လည်း ကိစ္စမရှိပါဘူး
ဒီကဗျာကို လမ်းထိပ်က အပေါင်ဆိုင်မှာ သွားပေါင်မယ်
ပြီးတော့ ခပ်ဟောင်းဟောင်း
စောင်တစ်ထည် ဝယ်ခြုံနေမယ်ကွယ်။ ။

နေမျိုး

Show more...
3 years ago
2 minutes

Summer Kites
တောဘူတာရုံဝန်ထမ်း ၂ဦး (ပိုင်စိုးဝေ)

တောဘူတာရုံဝန်ထမ်း ၂ဦး

မီးရထားသံလမ်းအတိုင်း
သူတို့နှစ်ယောက်ဆက်လျှောက်ခဲ့။
ဘာအကြောင်းအရာရယ်လို့
အတိအကျမရှိပါဘူး
ရောက်တတ်ရာရာတွေပဲပေါ့လေ
သူတို့ပြောကြ။
ဒိုင်နိုဆောတွေ
ဘာကြောင့်မျိုးတုံးခဲ့ရတယ်ဆိုတာနဲ့
မှိုစိုက်ပျိုးနည်း၊ ကဗျာလွတ်အက
မိန်းမတွေရဲ့ခန္ဓာဗေဒအကြောင်းလည်းပါရဲ့။
သူတို့ပတ်ဝန်းကျင်
သူတို့အထက်မိုးကောင်းကင်မှာ
စစ်ရိပ်စစ်ငွေ့တွေမရှိပါဘူး
တိမ်စိုင်ပါးပါးနဲ့ ပျံလွှားငှက်တစ်အုပ်
ခပ်လှမ်းလှမ်းမှာ မြစ်တစ်စင်း။
တဖြည်းဖြည်းဝေးပြီး မှုန်ဝါးတဲ့
သူတို့ရဲ့မျက်စိတစ်ဆုံး
အဝေးဆုံးထိရောက်ကြ။
သူတို့ပါးစပ်ထဲတွေ့ကရာတွေပြောရင်း
နောက်ထပ်အဝေးဆုံးရှိရာသို့
ဆက်လျှောက်ကြ။
နောက်ထပ်
နောက်ထပ် အဝေးဆုံးဆီ။ ။

- ပိုင်စိုးဝေ

Show more...
3 years ago
1 minute 36 seconds

Summer Kites
ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို (ခရမ်းပြာထက်လူ)

အခုလက်ရှိ အခြေအနေနဲ့ ထပ်တူကျနေတဲ့ ဆရာခရမ်းပြာထက်လူရဲ့ ကဗျာပါပဲ။ စာအုပ်တွေမွှေနှောက်ရင်း ဖတ်မိ။
-----
ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို

စစ်ဆိုတာ
ကမ္ဘာမြေပေါ့ပါးလာအောင် စစ်ထုတ်လိုက်တဲ့ရေစစ်လား
ငြိမ်းချမ်းရေးဆိုတာ
သေခြင်းမှာ လူတွေငြိမ်းချမ်း
ဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။
သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာ
အစဉ်အဆက် ဒါဆို
နှင်းဆီတွေ ရဲနေတာ သွေးသောက်ထားလို့ပေါ့
ညနေညနေ နေလုံးကြီးနီရဲနေတာ
သေနတ်မှန်ထားလို့ပေါ့
သေချာပြီ ငါတို့နှလုံးသားများနီရဲနေတာ
သေချာပြီ ငါတို့သံသယဟာ မြဲခဲ့ပြီ
ကြည့်လေ … ရွှေဒင်္ဂါးပြားလေး
တစ်ဖက်မှာ ပန်းဥယျာဉ်
တစ်ဖက်မှာ ခေါင်းပြတ်
နောက်ထပ်ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ
သွေးလန့်နေတဲ့ အဘိုးအိုနဲ့ယုန်တစ်ကောင်
ဟေ့ … လူတွေ
ကိုယ့်ဒဏ်ရာ ကိုယ်မေ့
ကော်ဖီဆိုင်ထိုင် ဂျာနယ်လေးတစ်စောင်ဖတ်လို့
စီးကရက်လေးဖွာ ဂြိုလ်တုသတင်းတွေစောင့်ကြည့်လို့
အိုးနဲ့အိမ်နဲ့
ကမ္ဘာအနှံ့အပြား
ခင်ဗျားတို့ အိုးမဲ့အိမ်မဲ့တွေကို အရသာခံနေလို့။ ။

ခရမ်းပြာထက်လူ။

Show more...
3 years ago
2 minutes 16 seconds

Summer Kites
စနက်တံကလမ်းပေါ်မှာ - မောင်ဖီလာ

Spring Revolution အတွက် တိုက်ပွဲဝင်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဆရာမောင်ဖီလာရဲ့ စနက်တံကလမ်းပေါ်မှာ ကဗျာကိုရွတ်ပါသည်။

Show more...
3 years ago
1 minute 36 seconds

Summer Kites
အောင်ချိမ့်ရေးသည် - အောင်ချိမ့်

ဆရာအောင်ချိမ့်ရဲ့ အောင်ချိမ့်ရေးသည်ကဗျာရှည်ထဲမှ အချို့သောအပိုင်းများကို ရွေးပြီး ရွတ်ဆိုထားခြင်း ဖြစ်ပါတယ်။ ကဗျာရှည်အစအဆုံး မဟုတ်ပါ။ ဆရာကောင်းရာ သုဂတိ လားပါစေ။

Show more...
4 years ago
4 minutes 14 seconds

Summer Kites
ခရီးလမ်း - မောင်ချောနွယ်

ဆရာမောင်ချောနွယ် မကွယ်လွန်မီ နောက်ဆုံးရေးခဲ့တဲ့ 'ခရီးလမ်း' ကဗျာ

Show more...
4 years ago
3 minutes 24 seconds

Summer Kites
သုညမျိုးဆက် - လှသန်း

ဆရာလှသန်းရဲ့ သုညမျိုးဆက်

Show more...
4 years ago
2 minutes 51 seconds

Summer Kites
ဆုတောင်း - မောင်ဖီလာ

ဆရာမောင်ဖီလာ၏ ဆုတောင်း

Show more...
4 years ago
1 minute 31 seconds

Summer Kites
လူငယ်စိတ္တဇ - ခိုင်မြဲကျော်စွာ

ဆရာခိုင်မြဲကျော်စွာရဲ့ လူငယ်စိတ္တဇ

Show more...
4 years ago
1 minute 22 seconds

Summer Kites
ဒီနွေမှာ တွန်းနေတဲ့ တော်လှန်ရေးရှိတယ်၊ ဖတ်ဖြစ်တဲ့ကဗျာတွေရှိတယ်၊ ပြီးတော့ လွင့်သွားတဲ့ စွန်တွေရှိတယ်။