
Collab series "X" ရဲ့ track no. 4 ပါ။ ဆရာခက်သီရဲ့ ပန်းသီးဝိုင် ကဗျာဖြစ်ပြီး၊ ပါဝင်ရွတ်ဆိုပေးသူကတော့ June Zaw ဖြစ်ပါတယ်။
ကဗျာဆရာ ဆရာခက်သီ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပြီး ဒီကဗျာနဲ့ ဦးညွှတ်ပါတယ်။
Series X မှာ ပါဝင်ရွတ်ဆိုချင်တယ်ဆိုရင် Messenger chatbox ကနေသို့မဟုတ် x@summerkites.com ကို အသံ sample file ပို့လို့ရပါတယ်။
-----
ပန်းသီးဝိုင်
ရူးစမ်း
အာဏာသာမရူးနဲ့
တဏှာသာမရူးနဲ့
ရူးတာ ဘာမှ ရှက်စရာမရှိဘူး။
ပန်းသီးထဲမှာ
ရေမွှေးလား
ခရူးဆိတ်လား
ယဉ်ကျေးမှု သွေးလန့်ခြင်းလား
ရှိပါလိမ့်မယ်။
ငါ့အကြောင်း
နှလုံးသားဂုဏ်ရည်
နင် ထိစမ်းတဲ့အခါ သိလိမ့်မယ်
စွပ်စွဲချက်များ ပြင်းထန်လှချည်ရဲ့။
ယိုစီးကျနေတဲ့
ကျောက်စက်ရေလို စိတ်နှလုံးသား
ငါမဖော်ပြခဲ့တာဟာ
ငါဖော်ပြနေသလိုပါပဲ။
နှစ်ချို့ရင် မင်းသိလိမ့်မယ်
နှစ်တချို့မှာ ငါဟာ ဆိုးသွမ်းခဲ့တယ်
မပြောပါရစေနဲ့
ဖွင့်ဟ မပြောပါရစေနဲ့တော့။
ပန်းသီးတွေ သိုးသွားတော့ ဝိုင်တဲ့။
စိတ်တွေ သိုးသွားတော့ စစ်ပွဲတွေ
ဥပဒေ သိုးသွားတော့ မတရားမှုတွေ။
ကမ္ဘာဦးဓလေ့ပဲ ဆိုပါစို့
နိုင်ရာစားစတမ်းတဲ့
ဧဝဟာ ပန်းသီးကို ကုန်အောင်စားပစ်ခဲ့ရမှာ
ဒါဆို ပန်းသီးလည်း မရှိတော့ဘူး
ဝိုင်တွေလည်း မရှိတော့ဘူး။ ။
ခက်သီ