Home
Categories
EXPLORE
Comedy
Society & Culture
History
Business
Health & Fitness
Religion & Spirituality
Technology
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
PY
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts123/v4/ae/ad/2d/aead2d69-f86e-6033-aec3-2312ee666263/mza_4639485441670944304.jpg/600x600bb.jpg
Internet Journal
Internet Journal
224 episodes
1 day ago
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်က​နေပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေး​နေတာဖြစ်ပါတယ်။ စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။
Show more...
Daily News
News
RSS
All content for Internet Journal is the property of Internet Journal and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်က​နေပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေး​နေတာဖြစ်ပါတယ်။ စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။
Show more...
Daily News
News
Episodes (20/224)
Internet Journal
အစိုးရကားတွေကို လျှပ်စစ်ကားတွေနဲ့ လဲလှယ်ချင်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ Samsung S21 စီးရီး ဖုန်းများစွာ တင်ပို့ရောင်းချဖွယ်မရှိ၊ Citizens မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှ လူမှုအကျိုးပြုအစီအစဉ် စတင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဖက်ဒရယ်အစိုးရ ဓာတ်ဆီစွမ်းအင်သုံးကားတွေ ဖယ်ရှားဖို့ဆောင်ရွက်နေပြီး လျှပ်စစ်ကားတွေအစားထိုးသွားမယ်ဆိုတဲ့အကြောင်း၊ Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ် လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်နေပြီး ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆ သန်းပဲ တင်ပို့ရောင်းချဖို့ ခန့်မှန်းထားတယ်တဲ့အကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှု Citizens မှ မြန်မာနိုင်ငံသားများအားလုံး ပါဝင်လှူဒါန်းနိုင်တဲ့ “Citizens နှင့်အတူ ကာကွယ်ဆေးလှူ” လူမှုအကျိုးပြုအစီအစဉ်စတင်ခဲတယ့်ဆိုတဲ့အကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
3 minutes 37 seconds

Internet Journal
နှလုံးခုန်စက်ထည့်ထားသူအနီး iPhone မသုံးဖို့ Apple သတိပေး၊ Facebook သုံးစွဲသူဖုန်းနံပါတ်တွေကို Telegram bot ကတစ်ဆင့်ရောင်းချနေ၊ အွန်လိုင်းဖြင့်သင်ကြားမည့်နိုင်ငံခြားဘာသာစကားသင်တန်းများ လျှောက်လွှာခေါ်

Apple ဟာ အခုအပတ်အတွင်း iPhone အသစ်ဖြစ်တဲ့ iPhone 12 နဲ့ ၂၀၂၀ ထုတ် iPhone တွေချိတ်ဆက်ထားတဲ့ MagSafe သံလိုက်အားသွင်းစနစ်ထုတ်ကုန်တို့ကို နှလုံးခုန်စက် ဒါမှမဟုတ် ခွဲစိတ်ကုသထည့်သွင်းရတဲ့ နှလုံးခုန်စက် (ICD) အနားမှာထားရင် အန္တရာယ်ရှိကြောင်းသတိပေးထားတဲ့အကြောင်း၊ Facebook သုံးစွဲ သူတွေရဲ့ ဖုန်းနံပါတ် အပြည့် အစုံပါဝင်တဲ့ database တစ်ခုကိုရရှိထားပြီး Telegram bot အသုံးပြုကာအချက်အလက်တွေရောင်းချနေတယ်လို့ Motherboard ကဖော်ပြခဲ့တဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္က သိုလ်မှ အွန်လိုင်းစနစ်နဲ့သင်ကြားမယ့် သင်တန်းတွေကို ဖေဖော်ဝါရီ ၁ ရက် နဲ့ ၂ ရက်တွေမှာ အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရမှာ ဖြစ်ပြီး သင်တန်းဝင်ခွင့်လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၉ နာရီခွဲမှာ https://chrd.yufl.edu.mm မှ တစ်ဆင့် လျှောက်ထားရမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
5 minutes 23 seconds

Internet Journal
၂၀၂၀ အတွင်းအာရှပစိဖိတ်ဒေသများတွင် Viber အသုံးပြုမှုတိုးမြင့်၊ 7Book Zay မှ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်၊ Higher Education Forum ကျင်းပမည်

Viber မှ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ် အခြေခံကာ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့သလို ၂၀၂၀ အတွင်း အာရှပစိဖိတ်ဒေသများမှာလည်း အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာတယ်ဆိုတဲ့အကြောင်း၊ အွန်လိုင်းပေါ်မှ တစ်ဆင့် စာအုပ်၊ eBook နဲ့  AudioBook များ တစ်နေရာတည်းမှ အစုံရစေမယ့်  7Book Zay အွန်လိုင်းစာအုပ်ဆိုင်ကို Information Matrix Co., Ltd. မှ ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်ခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲနှင့်အတူ Online Book Fair ကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်း၊  Higher Education Forum နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို http://bit.do/fMNPG ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာ သတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
6 minutes 59 seconds

Internet Journal
COVID-19 ခြေရာခံဖို့ စမတ်နာရီတွေ အထောက်အကူပေးနိုင်၊ Laptop အတွက် 90Hz OLED မျက်နှာပြင်တွေ Samsung Display ထုတ်လုပ်မည်၊ Asus ROG Phone 5 ဗီဒီယို ထွက်လာ

စမတ်နာရီတွေ ဒါမှမဟုတ် စမတ်လက်ပတ်တွေက သုံးစွဲသူရဲ့ အသက်လက္ခဏာအတွက် အလွန်အရေးပါတဲ့ နှလုံးခုန်နှုန်း၊ အရေပြားအပူချိန်နဲ့ အခြား ဇီဝကမ္မဖြစ်သူတွေကို အဆက်မပြတ် တိုင်းတာပေးပြီး  လူတစ်ယောက်ဆီမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်း စမ်းသပ်မှုပြုလုပ်ပြီးမသိရသေးခင်မှာ စမတ်နာရီက အချက်အလက်တွေနဲ့ တိုင်းတာဖို့ အထောက်အကူပေးနိုင်တဲ့အကြောင်း၊ Samsung Display ကတော့ laptop အတွက် ကမ္ဘာ့ပထမဆုံး 90Hz မျက်နှာပြင်ကို အမြောက်အမြား ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အကြောင်း၊ ASUS ရဲ့ ROG Phone ဖုန်းသစ် သတင်းတွေက ပိုမိုထွက်ပေါ်လာပြီး စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။

Show more...
4 years ago
3 minutes 55 seconds

Internet Journal
ပုဂ္ဂလိကကျောင်းဖွင့်လှစ်ခြင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ပူးပေါင်းဆောင်ရွက်၊ တစ်ပတ်အတွင်း ၂.၅ သန်းရှိတဲ့ MeWe လူမှုကွန်ရက်၊အမြင်အားနည်းသူအတွက်ဓာတ်ပုံအသေးစိတ်ထုတ်မယ့်AIကို Facebookအဆင့်မြှင့်

ပုဂ္ဂလိကကဏ္ဍကိုအားပေးတဲ့ အနေနဲ့ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း၊ ကမ္ဘာတစ်ဝန်းကလူတွေက Facebook နဲ့ Twitter ကိုစွန့်ခွာလာကြပြီး အဲဒီလူတွေကတစ်ကိုယ်ရေအချက်အလက် ဦးစားပေးလူမှုကွန်ရက် MeWe ကို အသုံးပြု လာတယ်ဆိုတဲ့အကြောင်း၊ Facebook ဟာ Automatic Alt Text (AAT) စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီးအခု အဆင့်မြှင့်တင်မှုကတော့ အမြင်အာရုံအားနည်းသူတွေအတွက် ဓာတ်ပုံထဲက အသေးစိတ်ဖော်ပြချက်ကို အလို အလျောက်ထုတ်ပေးမှာဖြစ်သလို AI အခြေခံစနစ်ကတော့ Facebook နဲ့ Instagram ပေါ်မှာဝေမျှထားတဲ့ ဓာတ်ပုံထဲကအရာဝတ္ထုများစွာနဲ့ ရှုခင်းဆယ်ဆမှတ်မိနိုင်ပြီး Apple ရဲ့ VoiceOver လိုမျိုး အသေးစိတ်ဖော်ပြ ချက် ရေးထုတ်ပေးနိုင်မယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက် ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။



Show more...
4 years ago
6 minutes 5 seconds

Internet Journal
လာဘ်ထိုးမှုထောင်ဒဏ် ၂ နှစ်ခွဲချမှတ်ခံရတဲ့ Samsung ခေါင်းဆောင်၊ နားမကြားသူအတွက်ကူညီမယ့်လုပ်ဆောင်ချက် Samsung Galaxy Buds Pro မှာပါဝင်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ Online CHRD ဘာသာစကားသင်တန်းဖွင့်

Samsung ကုမ္ပဏီရဲ့ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌရဲ့သားဖြစ်သူ အမွေစားအမွေခံ လီယောင်ဂျေးဟာ ထောင်ဒဏ် ၂ နှစ်ခွဲကျခံရမယ်လို့ တောင်ကိုရီးယား အယူခံတရားရုံးက ကြေညာခဲ့ဆိုတဲ့အကြောင်း၊ Samsung ဟာ Galaxy S21 စီးရီးဖုန်းနဲ့အတူ Galaxy Buds Pro ကြိုးမဲ့နားကြပ်ကိုလည်းမိတ်ဆက်ခဲ့ပြီး အခုဆိုရင် Samsung ဟာ နားမကြားသူတွေအတွက် အကြားအာရုံမြှင့်တင်ပေးမယ့် လုပ်ဆောင်ချက်ကို Galaxy Buds Pro အတွက်ဖြန့်လိုက်ဆိုတဲ့အကြောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဗဟိုဌာန မှ CHRD ဘာသာစကားအချိန်ပိုင်းသင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက် ပေးထားပါတယ်။

Show more...
4 years ago
4 minutes 45 seconds

Internet Journal
iPhone 13 မှာ in-display fingerprint scanner ပါဝင်လာနိုင်၊ Galaxy Buds Pro အတွက် Anycall case ကို Samsung ပြသ၊ နိုင်ငံတကာ ပရိဘောဂဒီဇိုင်းပြိုင်ပွဲတွင် မြန်မာကျောင်းသားများပါဝင်ရန် ဖိတ်ခေါ်

လာမယ့်နှစ်နှောင်းပိုင်းမှာ မိတ်ဆက်မယ့် iPhone 13 မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား ပါဝင်နိုင်ဖွယ်မရှိပေမယ့် in-display fingerprint ပါမယ်လို့ Bloomberg ကဖော်ပြခဲ့တဲ့အကြောင်း၊ Samsung ဟာ အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy Buds Pro နားကြပ်ထည့်နိုင်တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းက ခေတ်စားခဲ့တဲ့ ကုမ္ပဏီရဲ့ Anycall ဖုန်း case ကိုမိတ်ဆက်ခဲ့တဲ့အကြောင်း၊ ဟိုကိုင်းဒိုးပြည်နယ်၊ ဟီဂါရှီခါဝါမြို့မှာ ဗိသုကာပညာရှင် Mr. KUMA Kengo နဲ့အတူ ပူးပေါင်းပြီး နိုင်ငံတကာပရိဘောဂဒီဇိုင်းပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး လျှောက်လွှာတွေကို https://www.kagu-higashikawa.jp/english/မှာ ရယူကာ official@kagu-higashikawa.jp သို့ အီးမေးလ်ပေးပို့လျှောက်ထားနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 16 seconds

Internet Journal
အမေရိကန်မှာ နာမည်ပျက်စာရင်းသွင်းခံရတဲ့ Xiaomi၊ ခေါက်လို့ရတဲ့ iPhone မျက်နှာပြင်ကို Apple စမ်းသပ်၊ ဆရာ၊ ဆရာမများအတွက် TEA ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူ

အမေရိကန်အစိုးရက တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ကိုတော့ နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍ အမိန့်စာကတစ်ဆင့် ကွန်မြူနစ် တရုတ်စစ်တပ်ကုမ္ပဏီ စာရင်းထဲ ထည့်သွင်းလိုက်တဲ့အကြောင်း၊ Apple ဟာ ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပြီး ရှေ့ပြေးပုံစံ ထုတ်ထားတဲ့အကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ယူလိုတဲ့ ဆရာ၊ ဆရာမတွေ အနေနဲ့ Fulbright Teaching Excellence and Achievement (TEA) Program ပညာသင်ဆု ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး လျှောက် လွှာဖာင်ကို https://go.usa.gov/xAgu8 မှာရယူနိုင်ကာ RangoonUSECA@state.gov သို့ပေးပို့ရမှာ ဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
3 minutes 39 seconds

Internet Journal
အနာဂတ် Samsung ဖုန်းတွေမှာအားသွင်းတုံးနဲ့ နားကြပ်မပါဝင်၊ Chrome OS နဲ့ယှဉ်ပြိုင်သွားမယ့် Microsoft ရဲ့ Windows 10X၊ Myanmar Digital Education Platform ကိုမိုဘိုင်းဒေတာအခမဲ့ဖြင့်ဇွန်လအထိအသုံးပြုနိုင်

Samsung ဟာ Galaxy S21 ဖုန်းတွေမှာ အားသွင်းတုံးနဲ့ နားကြပ်ပေါက် မပါဝင်တဲ့အကြောင်း အမေးအဖြေ ပြုလုပ်ခဲ့ပြီး ဖုန်းတွေကို ကြာရှည်ခံနိုင်အောင် အထောက်အပံ့ပေးဖို့ ဆက်စပ်ပစ္စည်းတွေ ဖယ်ရှားခဲ့တာ ဖြစ်တဲ့အကြောင်း၊ Microsoft ဟာ Chrome OS နဲ့ယှဉ်ပြိုင်မယ့် OS ကိုဖန်တီးနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီး အခုဆိုရင် အပြီးသတ်လုနီးပါး ဖြစ်နေတဲ့ Windows 10X ပုံတွေက ထွက်လာတဲ့အကြောင်း၊ ပညာရေးဝန်ကြီးဌာနရဲ့ Myanmar Digital Education Platform ရှိ အွန်လိုင်းဝန် ဆောင်မှုစနစ်တွေကို မိုဘိုင်းဒေတာအခမဲ့နဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက အဆိုပါ အွန်လိုင်းဝန်ဆောင် မှုစနစ်တွေကို ဇွန်လအထိအသုံးပြုခွင့်ပေးထားမယ်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
3 minutes 50 seconds

Internet Journal
မီးဘေးအန္တရာယ်ရှိ Belkin ကြိုးမဲ့ charger ပြန်လည်သိမ်းဆည်း၊ Razer ကထုတ်လုပ်တဲ့နည်းပညာမြင့် N95 နှာခေါင်းစည်း၊ ဩစတြေးလျအစိုးရပညာသင်ဆု Australia Awards Scholarships 2022 အတွက်လျှောက်ထားနိုင်

Belkin ဟာ Apple လက်လီစတိုးနဲ့ အွန်လိုင်းစတိုးမှာရောင်းချတဲ့ Portable Wireless Charger + Stand Special Edition ကို‌ပြန်လည်သိမ်းဆည်းမယ်လို့ ကြေညာခဲ့တဲ့အကြောင်း၊ ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့ Razer ကတော့ ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်မယ့် Project Hazel concept ဒီဇိုင်းအခြေခံ N95 အဆင့်ရှိ နှာခေါင်းစည်းကို ထုတ်လုပ်လိုက်တဲ့အကြောင်း၊ ဩစတြေးလျအစိုးရပညာသင်ဆု Australia Awards Scholarships 2022 အတွက် ဖေဖော်ဝါရီ ၁ ရက် မှ စတင်လျှောက်ထားနိုင်ပြီး အသေးစိတ်ကို https://bit.ly/3spCjn1 မှာဝင်ရောက်ကြည့်ရှုနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။


Show more...
4 years ago
4 minutes 11 seconds

Internet Journal
Sony ရဲ့ Airpeak ဒရုန်း၊ Facebook နဲ့ အချက်အလက်ဝေမျှမယ်လို့ WhatsApp ကြေညာအပြီး Signal အသုံးပြုမှုမြင့်တက်၊ ၂၀၂၁ ခုနှစ် ဝိုင်ဆီးလီအလုပ်ရုံဆွေးနွေးပွဲအတွက် လျှောက်လွှာခေါ်ယူ

Sony ကတော့ CES 2021 ပြပွဲမှာ Airpeak ဒရုန်းအသစ်ကို အမြည်းမိတ်ဆက်ခဲ့ပြီး ဒရုန်းဈေးကွက်ထဲဝင်လာတဲ့အကြောင်း၊ WhatsApp ဟာ ဗုဒ္ဓဟူးနေ့တုန်းက သုံးစွဲသူ အချက်အလက်တွေကို မိခင်ကုမ္ပဏီ Facebook နဲ့အတူ ဝေမျှသုံးစွဲမယ်ဆိုတဲ့အကြောင်း၊ အနာဂတ်လုပ်အားစုများ ၂၀၂၁ ခုနှစ် ဝိုင်ဆီးလီ ၈ ရက်ကြာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို အာရှဖောင်ဒေးရှင်းကနေပြီး စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ပူးပေါင်းအကောင် အထည်ဖော်တာ ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်ဖို့အတွက် လျှောက်လွှာတွေကို ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော် ဝါရီ ၁ ရက်အတွင်း https://www.ysealifutureworkforce2021.org ကနေ လျှောက်ထားနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 22 seconds

Internet Journal
တောင်သူနှင့်လုပ်ငန်းရှင်များချိတ်ဆက်နိုင်မည့် MRF Rice Portal Mobile Application ကို မိတ်ဆက်၊ အွန်လိုင်းအလုပ်အကိုင်ပြပွဲ ကျင်းပ၊ CES 2021 ပြပွဲစတင်

ဆန်စပါးကဏ္ဍမှာပါဝင်တဲ့ တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနဲ့တစ်ဦး အချင်းချင်းချိတ်ဆက်လုပ်ဆောင် နိုင်စေဖို့ ရည်ရွယ်ပြီး ဖန်တီးရေးသားထားတဲ့ MRF Rice Portal Mobile Application မိတ်ဆက်တဲ့အကြောင်း၊ အွန်လိုင်းအလုပ်အကိုင်ပြပွဲ First Ever Virtual Career Fair ဖေဖော်ဝါရီ ၆ ရက်နဲ့ ၇ ရက်တွေမှာ MyJobs မှ ကြီးမှူးကျင်းပသွားမယ့်အကြောင်း၊ နှစ်စဉ်ပြုလုပ်နေကျ အကြီးမားဆုံး နည်းပညာပြပွဲ ဖြစ်တဲ့ လူသုံးကုန်အီလက်ထရောနစ်ပြပွဲ (CES) က ဇန်နဝါရီ ၁၁ ရက်မှာ စတင်ပြုလုပ်နေပြီ ဖြစ်ပြီး ကြည့်ရှုလိုသူတွေအနေနဲ့ https://ces2021.eventcore.com/... မှာစာရင်းပေးသွင်းကြည့်ရှုနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 54 seconds

Internet Journal
Facebook သုံးစွဲခွင့်အကန့်အသတ်မရှိပိတ်ခံရတဲ့ဒေါ်နယ်ထရမ့်၊ လုပ်ငန်းဝန်ဆောင်မှုကိုကိုယ်တိုင်ဖော်ပြနိုင်တဲ့ Directory ပုံစံဝက်ဘ်ဆိုက်အင်တာနက်ဂျာနယ်မိတ်ဆက်၊ AYA iBanking ဖြင့်အခြားဘဏ် ၂၅ခုသို့ငွေလွှဲနိုင်

ဒေါ်နယ်ထရမ့်ဟာ Facebook နဲ့ Instagram အသုံးပြုမှု အကန့်အသတ်မရှိ ပိတ်ခံရတဲ့အကြောင်း၊ လုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အကြောင်းအရာတွေ၊ ပစ္စည်းတွေကို တစ်နေရာတည်းမှ အလွယ်တကူ သိရှိနိုင်စေရန်နဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ အသုံးပြုသူထံ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်း ပေးပို့နိုင်မယ့် IJ Marketplace ပလက်ဖောင်းသစ်မိတ်ဆက်ဆိုတဲ့အကြောင်း၊ AYA iBanking အနေနဲ့ ဧရာဝတီဘဏ်အချင်းချင်းအပြင် ပြည်တွင်းက အခြားဘဏ်တွေကို အချိန်မရွေး ငွေလွှဲနိုင်ပြီ ဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်း တွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။


Show more...
4 years ago
6 minutes 54 seconds

Internet Journal
ထရမ့်အကောင့်ကို Twitter နဲ့ Facebook ပိတ်၊ တရုတ်နှစ်ကူးအတွက်ထုတ်ထားတဲ့ Apple ရဲ့ AirPods Pro Limited Edition၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသင်ကြားမှုအီလက်ထရောနစ်စနစ်ထည့်သွင်း

Twitter ဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်ပြည်နယ်မှာ မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှုဖြစ်ပေါ်တဲ့နေ့မှာပဲ သမ္မတထရမ့်ရဲ့ အကောင့်ကို ဒဏ်ခတ်မှုအဖြစ် ပိတ်လိုက်တဲ့အကြောင်း၊ Apple ဟာ တရုတ်နှစ်သစ်ကို ဂုဏ်ပြုမှုအဖြစ် AirPods Pro limited edition တစ်မျိုးကို မိတ်ဆက်ဆိုတဲ့အကြောင်း၊ သူနာပြုနှင့်သားဖွားဒီပလိုမာ (၃ နှစ် သင်တန်း) နှင့် သားဖွားဒီပလိုမာ (၂ နှစ် သင်တန်း) နောက်ဆုံးနှစ်များတွင် အီလက်ထရောနစ်စနစ်သုံး သင်ကြားသင်ယူမှုပုံစံ (E-Learning Platform) ထည့်သွင်းကာ စတင်သင်ကြားပေးသွားမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
5 minutes 19 seconds

Internet Journal
ခေါက်လို့ရတဲ့ iPhone တွေကို Apple စမ်းသပ်နေ၊ AYA Pay မှတစ်ဆင့် အခွန်များပေးဆောင်နိုင်၊ ဇန်နဝါရီ ၁၄ ရက်မှာ မိတ်ဆက်မယ့် Samsung Galaxy S21

၂၀၂၁ ခုနှစ်ရောက်ပြီး တစ်ပတ်မကြာသေးခင်မှာ iPhone ခေါက်စမတ်ဖုန်း ကောလာဟလတွေထွက်လာဆိုတဲ့အကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးဆောင်ရန် လိုအပ်သော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်များနှင့် တံဆိပ်ခေါင်းခွန်များ အတွက် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) အမှတ်ကို ထည့်သွင်းကာ AYA Pay Mobile Wallet မှတစ်ဆင့် ပေးဆောင်နိုင်တဲ့အကြောင်း၊ Samsung ဟာ ၂၀၂၁ ခုနှစ်မှာတော့ Galaxy S21 ဖုန်းကို ပုံမှန်ထက်စောပြီး မိတ်ဆက်မှာဖြစ်ပြီး Samsung ဟာ ၂၀၂၁ ခုနှစ်အတွက် ပထမဆုံး Unpacked ပွဲကိုတော့ ဇန်နဝါရီ ၁၄ ရက် ပစိဖိတ်အချိန် နံနက် ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်းအသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက်အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 4 seconds

Internet Journal
Facebook Team အယောင်ဆောင် Page များနဲ့ပတ်သက်၍အထူးသတိပေးချက် mmCERT မှထုတ်ပြန်၊ ဘွဲ့ ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆုအတွက် လျှောက်လွှာခေါ်၊ အွန်လိုင်းပေါက်ကြားလာတဲ့ Microsoft ရဲ့ ‘One Outlook’ app

Facebook Security Team အယောင်ဆောင်ကာ Massage များပေးပို့နေတယ်လို့ အထူးသတိပေးချက်တစ်ခုကို mmCERT က ထုတ်ပြန်ခဲ့တဲ့အကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘွဲ့ကြိုနှီးနှောဖလှယ်ရေးပညာသင်ဆုအစီအစဉ် (Global UGRAD) အတွက် လျှောက်လွှာခေါ်ယူနေပြီး လျှောက်ထားသူတွေအနေနဲ့ https://bit.ly/3prbNYi မှ တစ်ဆင့်တင်ပြပေးရမှာဖြစ်တဲ့အကြောင်း၊ Microsoft ဟာ Windows 10 မှာ Mail နဲ့ Calendar app တွေကို အစားထိုးဖို့ Outlook app အသစ်တစ်ခုကို စမ်းသပ်ခဲ့တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာ နယ် တစ်နေ့တာသတင်း အသံလွှင့်အစီအ စဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
3 minutes 54 seconds

Internet Journal
COVID-19 ကပ်ရောဂါအတွင်းလျှို့ဝှက်ပါတီစီစဉ်နိုင်တဲ့ iPhone app ကို Apple ဖြုတ်ချ၊ ကြက်သားအပူပေး မီးဖိုပါဝင်တဲ့ KFC ဂိမ်းစက်၊ Youth International University မှ Virtual Learning Platform စတင်မိတ်ဆက်

COVID-19 ကပ်ရောဂါကာလအတွင်း Vybe Together အမည်ရတဲ့ iOS app ကိုအသုံးပြုပြီး ပါတီတွေစီစဉ်နိုင်တာကြောင့် Apple က App Store ကဖြုတ်ချလိုက်တဲ့အကြောင်း၊ Fast food စားသောက်ဆိုင်တွေ ပိုင်ဆိုင်တဲ့ KFC ဟာ ကြက်သားကို အပူပေးနိုင်တဲ့ ဂိမ်းစက်ကိုမိတ်ဆက်တဲ့အကြောင်း၊ Youth International University (YIU) မှ Virtual Learning Platform ဖြစ်တဲ့ www.youth-vle.com ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ မိတ်ဆက်သွားမယ်အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 53 seconds

Internet Journal
ရောဂါဖြစ်ပွားမှုနည်းတဲ့မြို့နယ်မှ စာသင်ကျောင်းများကိုစတင်ဖွင့်မည်၊ TikTok နဲ့ Instagram ဗီဒီယိုအတိုရှာဖွေမယ့် Google လုပ်ဆောင်ချက်၊ Astrophotography ထောက်ပံ့မှု Pixel နဲ့ Pixel 4a မှာGoogle ဖယ်ရှား

စာသင်ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်းမဖွင့်ဘဲ ရောဂါဖြစ်ပွားမှုနည်းသည့် မြို့နယ်များ၊ လူဦးရေနည်းသည့် နေရာများ၊ ရွှေ့ပြောင်းနေထိုင်သူနည်းသည့် နေရာများမှစ၍ အဆင့်လိုက် အဆင့်လိုက် စတင်ဖွင့်လှစ်မယ့်အကြောင်း၊ Google ဟာ မိုဘိုင်းထုတ်ကုန်တွေမှာ Google app အတွင်း ကိုယ်ပိုင် carousel ပုံစံနဲ့ Instagram နဲ့ TikTok ဗီဒီယိုအတိုတွေ ရှာပေးမယ့် လုပ်ဆောင်ချက်ကို စမ်းသပ်နေတဲ့အကြောင်း၊ Astrophotography ထောက်ပံ့မှုကို Pixel နဲ့ Pixel 4a မှာ Google ဖယ်ရှားဆိုတဲ့အ​ကြောင်းစတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 45 seconds

Internet Journal
ကုန်သွယ်ရေးဦးစီးဌာန၏အွန်လိုင်း (CO) လျှောက်ထားမှုစနစ်ယာယီနား၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ် မီဒီယာအသင်းမှ အသင်းဝင်ဖိတ်ခေါ်၊ အမေရိကန်မှာ Samsung Galaxy S21 ကြိုတင်မှာယူနိုင်

ကုန်သွယ်ရေးဦးစီးဌာနရဲ့ အွန်လိုင်း (CO) လျှောက်ထားမှုစနစ်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ယာယီရပ်ဆိုင်းမယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Association) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် အသင်းဝင်တွေလျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်ထားပြီး အသင်းသားလျှောက်လွှာတွေကို https://www.myanmardigitalmedia.org/membership-information မှတစ်ဆင့် လျှောက်ထားနိုင်တဲ့ အကြောင်း၊ Samsung ရဲ့အသစ်ထွက်ရှိမယ့် Galaxy S21 စမတ်ဖုန်းတွေကတော့ တရားဝင်မိတ်ဆက်မယ့် ရက်စွဲမထွက်သေးပေမယ့် အမေရိကန်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
3 minutes 46 seconds

Internet Journal
Google for Education Service ကို တောင်ကြီးကွန်ပျူတာတက္ကသိုလ်မှာစတင်အသုံးပြု၊ Night mode ဗီဒီယိုမိတ်ဆက်လိုက်တဲ့ Xiaomi Mi 11 ဖုန်း၊ Discord လိုအဖွဲ့လိုက် voice chat လုပ်နိုင်တဲ့ Telegram

မြန်မာနိုင်ငံအစိုးရတက္ကသိုလ်နဲ့ ကောလိပ်များအတွင်း Google ရဲ့ Terms of Service ကိုလက်မှတ်ရေးထိုးကာ Google for Education ကို စတင်အသုံးပြုတဲ့ တောင်ကြီး ကွန်ပျူတာတက္ကသိုလ်သည် ပထမဦးဆုံး ရှေ့ဆောင်တက္ကသိုလ်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ စတင်တာဖြစ်တဲ့အကြောင်း၊ Xiaomi Mi 11 ကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတဲ့အကြောင်း၊ Telegram ဟာ Discord room နဲ့ဆင်တဲ့ group voice chat လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။

Show more...
4 years ago
4 minutes 15 seconds

Internet Journal
အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့်အစီအစဉ်က​နေပြည်တွင်း ပြည်ပ နည်းပညာသတင်းတွေကို တင်ဆက်ပေး​နေတာဖြစ်ပါတယ်။ စာဖတ်စရာမလိုဘဲ သတင်းတွေကို အသံနဲ့နားဆင်နိုင်တဲ့ ဒီအစီအစဉ်ကို ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။