
မြန်မာနိုင်ငံအစိုးရတက္ကသိုလ်နဲ့ ကောလိပ်များအတွင်း Google ရဲ့ Terms of Service ကိုလက်မှတ်ရေးထိုးကာ Google for Education ကို စတင်အသုံးပြုတဲ့ တောင်ကြီး ကွန်ပျူတာတက္ကသိုလ်သည် ပထမဦးဆုံး ရှေ့ဆောင်တက္ကသိုလ်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှ စတင်တာဖြစ်တဲ့အကြောင်း၊ Xiaomi Mi 11 ကတော့ ဒီဇင်ဘာ ၂၈ ရက်မှာ တရားဝင်မိတ်ဆက်မယ်ဆိုတဲ့အကြောင်း၊ Telegram ဟာ Discord room နဲ့ဆင်တဲ့ group voice chat လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ဆိုတဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာသတင်း အသံလွှင့်အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာ တင်ဆက်ပေးထားပါတယ်။