Romanticism လို့ခေါ်တဲ့ ရိုမန့်တစ်ခေတ်ရဲ့ ဂီတတွေအကြောင်းကို ဒီပေါ့ကတ်စ်မှာ မာကျူရီက တင်ဆက်ထားပါတယ်။
စာပေနဲ့ဂီတ ရောယှက်တင်ဆက်ပုံကို ဗမာ့ဂီတက ဘွဲ့သီချင်းတွေ၊ ငယ်ငယ်က သင်ခဲ့တဲ့ ကဗျာတွေနဲ့ မြင်သာအောင် ပြောပြထားပြီး Lieder ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာတယ်၊ ပြီးတော့ Absolute Music နဲ့ Program Music အကြောင်းတွေကိုလည်း နားဆင်ကြရမှာပါ။
ဒီလိုပေါ့ကတ်စ် တပုဒ်ဖြစ်လာဖို့ သုတေသနပြု လေ့လာရတာတွေကစလို့ ထုတ်လုပ်ရေးအဆင့်ဆင့်အတွက် အချိန်၊ လူအင်အား၊ ငွေကြေးအင်အားတွေ စိုက်ထုတ်ထားပြီးမှ ဒီလို ပေါ့ကတ်စ်ကောင်းတပုဒ်ဖြစ်လာတာပါ။ Like, Subscribe, Share လုပ်ရင် BPN ဝိုင်းတော်သားများ ဆက်လက်ရပ်တည်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
သင်္ကြန်လို့ပြောလိုက်ရင် မှတ်မှတ်သားသာပြောစရာဖြစ်တဲ့ မန္တလေးသင်္ကြန် အကြောင်းကို FMaj7 ရဲ့ မာကျူရီက စစ်ဘေးသဘာဝဘေးများစွာကို ခံစားနေကြရဲ့တဲ့ တော်လှန်သော သောတရှင်အပေါင်းတို့အတွက် သင်္ကြန်အလွမ်းပြေသီချင်းများနဲ့ တင်ဆက်လိုက်ပါတယ်။
မာကျူရီ နဲ့ သင်္ကြန်သီချင်းများ Podcast မှာ ဝေမျှသွားမယ့်အကြောင်းအရာတွေကတော့
မိတ်ဆွေများအားလုံး စိတ်ဓာတ်ခိုင်ကြည်စွာ ကျန်းမာကြပါစေကြောင်း ကျွန်တော် မာကျူရီမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
#BurmaPodcastNetwork #BPN #podcast#MyanmarPodcast #Burma #Myanmar #InfoMM#ThingyanFestival #ThingyanSong #Thingyan#Mandalay #mandalaymyanmar #Myoma
ဒီအပိုင်းက တော်လှန်ရေးထဲမှာ မွန်းကြပ်နေသူ မိတ်ဆွေတွေအတွက်ပါ။ ကရင်နီ၊ ရခိုင်၊ အညာ၊ ရှမ်း အစရှိတဲ့ စစ်မြေပြင်အသီးသီးက BPN နားထောင်ကြတဲ့ မိတ်ဆွေတွေကို ၂၀၂၅ မှာ ဘာများနားထောင်ချင်ကြသလဲလို့ စကားစပ်မိတုန်း မေးဖြစ်တော့ နိုင်ငံရေးမဟုတ်တဲ့ဟာ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တာတွေ နားထောင်ချင်ပါတယ်တဲ့။ ဒီလိုရိုးသားတဲ့ အဖြေကိုကြားရတာ ပထမတော့ ထိတ်လန့်သွားပါတယ်။ နောက်မှ သူတို့ရှင်းပြတာက ရှေ့တန်းမှာ စစ်တိုက်ပြီးပြန်လာတဲ့အခါ စစ်တွေ၊နိုင်ငံရေးတွေအကြောင်း ထပ်နားထောင်ဖို့ အားမရှိပါဘူးတဲ့။ BPN က ထုတ်တဲ့ Podcast တွေမှာ စိတ်နှလုံးချမ်းသာစေမယ့် အရာလေးတွေ ၊ လူသားဆန်တဲ့ အတွေးအခေါ်လေးတွေ ပါဝင်မယ်ဆို နောက်တန်းပြန်ခွင့်ရချိန် ပုခက်လေးပေါ်ခဏအမောဖြေရင်း နားထောင်ရတာစိတ်ချမ်းသာပါပြီဆိုတဲ့ တုံ့ပြန်ချက်တွေကို လေးစားသောအားဖြင့်..." FMaj7 "ပေါ့ကတ်စ်ရဲ့ ကမ္ဘာဂီတရေစီးကြောင်းထဲက ရိုမန့်တစ်ဇင် ခံစားမှုဝါဒီဂီတဘယ်က အစပြုသလဲဆိုတာလေးနဲ့ တောထဲက၊ ပြည်တွင်းက မိတ်ဆွေတွေ Chill နိုင်ကြအောင် တင်ဆက်လိုက်ရပါတယ်။Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
မြန်မာလိုဆို ပသျူးခေါင်းဖြတ်ဂိုဏ်းဆိုပြီး အများသိကြတဲ့ ဖရီးမေဆင်ဂိုဏ်း၊ အလူမီနာတီဂိုဏ်း စတဲ့ လျို့ဝှက်ဂိုဏ်းတွေရဲ့ ယဥ်ကျေးမှု တော်လှန်ရေးဆိုင်ရာ အတွေးအခေါ်တွေက ဗီသိုဗင်အပေါ် လွှမ်းမိုးမှုတွေ၊ ဂန္ဓဝင်ခေတ်ရဲ့ အကောင်းဆုံး တေးရေးဆရာ၊ ပြီးတော့ နောက်ထပ် ကူးပြောင်းမဲ့ ရိုမန့်တစ် ခေတ်ရဲ့ အပြောင်းအလဲကို ထိပ်ဆုံးကနေ ဦးဆောင်ခဲ့သူတစ်ယောက်...စတဲ့ သူ့ခေတ် သူ့အခါမှာ သူပုန်ထခဲ့တဲ့ ဗီသိုဗင်ရဲ့ အကြောင်းတွေကို ဒီအပိုင်းမှာ မာကျူရီက တင်ဆက်ထားပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
Classical Music လို့ ခေါ်တဲ့အရာတွေကို ပျင်းစရာကောင်းလိုက်တာလို့ တွေးနေပြီလား။ဒီအပတ် Podcast မှာ မာကျူရီက ဂီတနဲ့ ပတ်သက်လာရင် ဂန္ဓဝင်ကြီးတွေရဲ့ အကြောင်းနဲ့ ဂီတသီအိုရီတွေကို ပြောပြထားပါတယ်။မိတ်ဆွေကြိုက်နှစ်သက်တဲ့ music အမျိုးအစားကရော ဘာဖြစ်မလဲ။Podcast ထဲက music တွေကို ခံစားနိုင်ဖို့အတွက် နားကြပ်လေးတပ်ပြီး နားဆင်လို့ရပါပြီနော်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
မြန်မာခေတ်ဦးပိုင်း Stereo သီချင်းအများစုဟာ နိုင်ငံခြား Copy သီချင်းတွေဖြစ်ပါတယ်လို့ အတိတ်က လွမ်းမောဖွယ်ရာတွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ အရင်ခေတ်က နာမည်ကြီး ကျော်ကြားခဲ့ကြတဲ့ သီချင်းဟောင်းတွေကိုလည်း ဒီ podcast မှာ မိတ်ဆွေတို့ နားဆင်ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ မွဲတေကြပ်ညပ်နေတဲ့ ကာလတွေထဲမှာ နိုင်ငံခြားဂီတတွေက မြန်မာ အပါအဝင် အာရှနိုင်ငံအတော်များများမှာ ဘယ်လိုလွှမ်းမိုးမှုရှိခဲ့လဲဆိုတာ မိတ်ဆွေတို့ နားဆင်ရင်း ဆက်အတွေးချဲ့နိုင်ပါတယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကျ သူပုန်ဓာတ် ၊ကဗျာဓာတ် ၊ မိတ်ဆွေဓာတ် များအပြင် ဂီတဓာတ်ကို လည်း ထုတ်လွှင့်လိုက်ရပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, Spotify, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ အနောက်တိုင်း music အမျိုးအစားက ဘာဖြစ်မလဲ။ဒီနေ့ မာကျူရီရဲ့ Podcast မှာတော့ Baroque ဆိုတဲ့ အသုံးအနှုန်းဘယ်ကလာသလဲ၊ ဗမာပြည်က ပုဂံဘုရားတွေ အကောင်းဆုံးလက်ရာ အနုပညာယဉ်ကျေးမှုတွေအကြောင်း ဆွေးနွေးထားပါတယ်။အနောက်တိုင်း music မှာ ချန်လှန်ထားလို့မရတဲ့ သမိုင်းကြောင်းတွေ ဖြစ်ပါတယ်။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Orchestra တွေရဲ့ အစပိုင်း ဖြစ်တည်မှုဖြစ်တဲ့ Baroque ခေတ်က ဂီတသမိုင်းကြောင်းတွေကို ဒီအပတ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။
Baroque ခေတ်ဆိုတာ မြန်မာပြည်မှာ အကြီးဆုံး အင်ပါယာ ဖြစ်ခဲ့တဲ့ တောင်ငူမင်းဆက်ရဲ့ ခေတ်ပါပဲ။အနောက်တိုင်းမှာ ဒီလို ဂီတတွေ ထွန်းကားနေချိန်မှာ မြန်မာနိုင်ငံမှာရော ဘာတွေဖြစ်နေလဲဆိုတာ မာကျူရီက ချိန်ဆ ပြောဆိုထားပါတယ်။
မိတ်ဆွေတို့ နှစ်ခြိုက်တဲ့ music အမျိုးအစားနဲ့ရော ကိုက်ညီရဲ့လား၊ ဆွေးနွေးခဲ့ကြပါဦးနော်။
Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားကို ဆွဲခဲ့တဲ့သူ လီယိုနာဒိုဒါဗင်ချီ ဆိုတာက ရီနေဆန်းခေတ်ရဲ့ ပြယုဂ် တစ်ခုပါပဲ။လူတွေအချင်းချင်း သတ်နေဖြတ်နေကြရာကနေ နည်းနည်း ယဉ်ကျေးလာတဲ့ ကာလတစ်ခုကို ရီနေဆန်းခေတ်လို့ ခေါ်တယ်လို့ ဆိုပါတယ်။ ရီနေဆန်းခေတ်ကာလက သီချင်းအကြောင်းတွေ၊ ဘယ်လို တူရိယာတွေကို သုံးခဲ့ကြလဲ ဆိုတာကို မာကျူရီက တင်ဆက်ဆွေးနွေးထားပါတယ်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like , Subscribe , Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
ဘုရားသခင်ကို ဆက်သွယ်တဲ့ ဂီတသံလို့ သတ်မှတ်ကြတဲ့ခေတ်၊
အလယ်ခေတ် Western Musicတွေက ဒီOrchestraဝိုင်းတွေနဲ့ တီးရတဲ့ Musicတွေမပေါ်ခင် ရှေ့ပြေးဖြစ်တဲ့ Musicတွေ ဖြစ်ခဲ့ကြောင်း ကိုမာကျူရီက ဂီတနဲ့သမိုင်းကြောင်းကို ဒီပိုင်းမှာ ဆွေးနွေးထားပါတယ်။
Fmaji7 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Burma Podcast Network ရဲ့ podcasts များကို Youtube, Facebook, MMInfo စတဲ့ platform အစုံမှာ သွားရောက် နားဆင်နိုင်ပါတယ်။
အသားအရောင်ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေရှိမလာခင်ကတည်း “ဂီတ” ဆိုတာရှိနေခဲ့တာပါ။ တချိန်က ကျွန်တွေဖြစ်ခဲ့တဲ့ လူမည်းတွေဆီကနေစခဲ့တဲ့ ဘလူးစ် ဂီတဟာ African-Americans ယဥ်ကျေးမှုတခုဖြစ်လာခဲ့ပါတယ်။ အခုဆို တကမ္ဘာလုံးမှာပုံစံအမျိုးမျိုးနဲ့ပြန့်ပွားနေတာကိုလည်းတွေ့ရမှာပါ။ လေ့လာလိုက်စားကြတဲ့ နောက် genereation တွေကိုလည်း ကမ္ဘာမှာရော မြန်မာပြည်မှာပါ အစဥ်အဆက် တွေ့နေရဆဲပါပဲ။ Louis Armstrong, B.B King, Sonny Boy Williamson တိုကနေစလို မြန်မာပြည်က အဆိုတော် စီယံ, ညီပု, ထူးအိမ်သင်တိုအပါအဝင်ပါ။ စီယံရဲ့ “စည်းနဲ့ ဝါး”သီချင်း ကိုနားထောင်ကြည့်မယ်ဆိုရင် မြန်မာပြည်က တကယ်က ထူးချွန်ပီး
အနုပညာအရည်အသွေးရှိတဲ့ ဂီတသမားတယောက်ရဲ့ ပညာနဲ့ တန်ဖိုးကိုသိနိုင်ပါတယ်။
ကိုမာကျူရီရဲ့ Fmaji7 episode-4 ကိုနားထောင်ကြည့်ပီး ဂီတဝါသနာရှင် မိတ်ဆွေများ သဘောကျနှစ်ခြိုက်လိမ့်မယ်လို ယုံကြည်ပါတယ်။
Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖိုအတွက် support လုပ်နိုင်ပါတယ်။
လူသားနှစ်ဦး စကားစမြည်ပြောဖြစ်ဖို့ ၊ တစ်ဦးပေါ်တစ်ဦး ခင်တွယ်လေးစားဖို့ ၊ ဘဝလက်တွဲဖော်အဖြစ် မေတ္တာမျှဖို့ အတွက် ခံစားနားဆင်တဲ့ သံစဥ်စာသား ၊ဂီတအမျိုးစားတွေက အင်မတန်အရေးကြီးပါတယ်။ ဆိုတော့ ဒီနှစ် Valentine မှ စလို့ ပေါ်ပင် သီချင်းတွေ ဖွင့်ဖွင့်ပြီး တစ်ခုပ်တရ ခံစားမျက်ရည်ဝဲတတ်တဲ့ ပိန်းတိန်းတိန်းတွေ သင့်ဘဝထဲ မရောက်လာဖို့ BPN ဝိုင်းတော်သားများမှ ကိုမာကျူရီရဲ့ Blues ဂီတ အကြောင်းလေးတွေတင်ဆက်ပေးရင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ Happy Valentines! နားထောင်ပြီးသဘောကျတယ်ဆိုရင် Burma Podcast Network ရဲ့ Facebook နဲ့ YouTube channel တွေကို Like/Subscribe, share ပေးခြင်းဖြင့် Quality podcast များထပ်မံ ထုတ်လုပ်နိုင်ဖို့အတွက် support လုပ်နိုင်ပါတယ်။
ဒီအပိုင်းမှာတော့ မြန်မာ့ဂီတကို ကမ္ဘာ့အဆင့်မှီအောင် အားထုတ်ခဲ့ကြတဲ့ ဂီတစာဆိုကြီးများဖြစ်တဲ့ ဆရာမြိုမငြိမ်း နဲ့ တယောဆရာကြီး တယောဥ◌ီးတင်ရီ တို ရဲ့ နှုတ်ထွက်စကားတွေ ၊ ဂုဏ်ယူစရာ အောင်မြင်မှုတွေ နဲ့ မြန့်မာဂီတရဲ့ လွမ်းဆွတ်နှမြောစရာ အတိတ်တွေကို မာကျူရီက ပြန်ခေါ်သွားပါတယ်။ တစ်ကိုယ်လုံးမှာ တန်ဖိုးရှိတာဆိုလို ဒီခေါင်းပဲရှိတယ်လိုပြောခဲ့တဲ့ ဆရာကြီး မြိုမငြိမ်းရဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်မျိုးဟာ ယိုယွင်းနေတဲ့ ခေတ်ဆိုးကြီးက တစ်ခေတ်တစ်ယောက်ပေါ်တဲ့ အနုပညာသမားတစ်ဥ◌ီးကို ဆုံးရှုးခဲ့စေသလားဆိုတာတော့ မိတ်ဆွေတိုဆက်အတွေးချဲ့နိုင်ပါတယ်ဗျာ။ နားဆင်ကြပါအုံး။
ဂီတဟာ ကမ္ဘာမြေပုံပေါ်က မျိုးနွယ် ၊ နိုင်ငံ ၊ နယ်နမိတ်တွေကို ဖြတ်ကျော်ပြီး လူသားမျိုးနွယ်ရဲ့ ချစ်စရာ ငြိမ်းချမ်းရေး အသွင်တစ်ခုပါပဲ။ ဒီအပိုင်းမှာတော့ ဂီတပုံစံအသီးသီးထဲက မာကျူရီက Classical နဲ့ Jazz ဂီတအကြောင်းလေး မဆိုသလောက် တို့ထိပြသွားပါတယ်။ နားဆင်ကြည့်ပါအုံး။