Home
Categories
EXPLORE
Society & Culture
Comedy
Technology
History
True Crime
Music
Business
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
MK
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts126/v4/da/be/6e/dabe6ebc-85a0-ad3e-d58f-168892d5649f/mza_13595762630108188909.jpg/600x600bb.jpg
Fmaj7 - a Podcast by Mercury
BurmaPodcastNetwork
16 episodes
4 days ago
Fmaj7 ဆိုတဲ့ Podcast ကတော့ ကမ္ဘာမြေအတွက်လိုအပ်နေတဲ့ ဂီတဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ဂီတအမျိုးအစားတွေ ၊ ဖြစ်တည်ပုံတွေ ၊ ဖန်တီးပုံတွေကို သမိုင်းကြောင်းလှန် ကောက်နှုတ်တင်ဆက်ပေးမယ့် ကိုမာကျူရီကတော့ Jazz ဂီတကို မြတ်နိုးသူတစ်ယောက်လည်းဖြစ်မယ်ဆိုတာ Podcast နာမည်မြင်တာနဲ့ မိတ်ဆွေတို့ သတိထားမိပါလိမ့်မယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကြ သူပုန်ဓာတ် ၊ ကဗျာဓာတ် ၊ မိတ်ဆွေဓာတ်များအပြင် ဂီတဓာတ်ကိုလည်း ထုတ်လွှင့်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။
Show more...
Music History
Music
RSS
All content for Fmaj7 - a Podcast by Mercury is the property of BurmaPodcastNetwork and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Fmaj7 ဆိုတဲ့ Podcast ကတော့ ကမ္ဘာမြေအတွက်လိုအပ်နေတဲ့ ဂီတဓာတ်ကို ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။ ဂီတအမျိုးအစားတွေ ၊ ဖြစ်တည်ပုံတွေ ၊ ဖန်တီးပုံတွေကို သမိုင်းကြောင်းလှန် ကောက်နှုတ်တင်ဆက်ပေးမယ့် ကိုမာကျူရီကတော့ Jazz ဂီတကို မြတ်နိုးသူတစ်ယောက်လည်းဖြစ်မယ်ဆိုတာ Podcast နာမည်မြင်တာနဲ့ မိတ်ဆွေတို့ သတိထားမိပါလိမ့်မယ်။ Burma Podcast Network က မိတ်ဆွေများအတွက် တင်ဆက်နေကြ သူပုန်ဓာတ် ၊ ကဗျာဓာတ် ၊ မိတ်ဆွေဓာတ်များအပြင် ဂီတဓာတ်ကိုလည်း ထုတ်လွှင့်လိုက်ရပါတယ်။ နားဆင်ကြပါအုံးခင်ဗျာ။
Show more...
Music History
Music
https://d3t3ozftmdmh3i.cloudfront.net/staging/podcast_uploaded_nologo/40102413/40102413-1703487953231-b93b861773ab4.jpg
EP015: ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ Impressionism
Fmaj7 - a Podcast by Mercury
21 minutes 39 seconds
1 month ago
EP015: ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ Impressionism

အနုပညာရပ်တွေဟာလည်း လောကနိယာမအတိုင်း တစ်ခုနဲ့တစ်ခု ဆက်စပ်တည်ရှိနေကြပါတယ်။ အနုပညာဆိုင်ရာအကျုံးဝင်တဲ့ ဂီတဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ ကဗျာစာပေပဲဖြစ်ဖြစ် နဂိုကနေ ဆန်းသစ်တီထွင်ပြီး တိုးတက်ဖြစ်ပေါ်လာတဲ့အခါ လောကအတွက် အကျိုးများလှတယ်။ တစ်ဖက်မှာလည်း ဝေဖန်ရေးလုပ်သူတွေက ဆန်းသစ်လာတဲ့ အနုပညာလှုပ်ရှားမှုတွေကို ခေါင်းစဉ်တပ်စောကြောကြရာကနေ ဘယ်အစ်ဇင်၊ ညာအစ်ဇင်၊ ဘယ့်နှယ့် ညဲ့နှယ့်ဝါဒတွေ ပိုင်းခြားဖြစ်ပေါ်လာရပါတော့တယ်။

အနုပညာလှုပ်ရှားမှု ဒါမှမဟုတ် ဝါဒ၊ ဝါဒီတွေအကြောင်း ခေတ်အလိုက်ဆွဲထုတ်ပြီး Fmaj7 ကတင်ဆက်လာတာ အခုဆိုရင် “Impression - အင်ပရက်ရှင်း” ခေတ်ကိုရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီခေတ်ဟာ ပန်းချီပညာရပ်ကနေ အစပြုတာဆိုတော့ “ပန်းချီကားတွေထဲက မြောလွင့်နေတဲ့ဂီတ အင်ပရက်ရှင်နစ်ဇင်” ဆိုပြီး ဂီတရေစီးကြောင်းကို မာကျူရီက ခေါင်းစဉ်တပ်ပါတယ်။ အခုအပိုင်းမှာ ထုံးစံအတိုင်း သူ့ရဲ့ လက်တံရှည်ရှည်နဲ့ ကြိုးစားမျှဝေထားတဲ့ ၂၀ ရာစုအစောပိုင်း ပန်းချီ၊ ဂီတ ဆက်စပ်လှုပ်ရှားမှုတွေအပြင် ဂီတဆိုင်ရာသီဝရီတွေ၊ အနောက်တိုင်း မဟာဂီတသီချင်းကြီးတွေကိုလည်း နားဆင်သူတွေ နားကြောစိမ့်စိမ့် ကြားသိကြရမှာဖြစ်ပါကြောင်း။

ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။

Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်

⁠⁠https://linktr.ee/burmapodcastnetwork⁠