မြန်မာနိုင်ငံမှာ ညစ်ညမ်းရုပ်သံဟာ တရားမဝင်ပေမဲ့ အင်တာနက်ပေါ်မှာ အလွယ်တကူရနိုင်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဆင်းရဲမှုကို အလွန်အမင်းချဲ့ကားပြီး သနားညှာတာစိတ်ကို ဖမ်းယူတဲ့ “poverty porn” လို့ ခေါ်နိုင်တဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။ ဒီညစ်ညမ်းရုပ်သံတွေဟာ လိင်ကိစ္စမပါဘဲ လူသားဆန်မှုကို အာသာဖြေဖို့ ဆင်းရဲသားတွေရဲ့ ဘဝကို အသုံးချပြီး အလှူငွေရှာလာကြပါတယ်။ “Poverty porn” ပျံ့နှံ့လာတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို ပြန်မတိုက်ဘဲ စောင့်ကြည့်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေထဲမှာ ကယန်းပြည်သစ်ပါတီလည်း ပါပါတယ်။ အဲဒီလို အဖွဲ့တွေကို free rider လို့ခေါ်ပါတယ်။ ကယန်းပြည်သစ်ပါတီဟာ ပြောင်းလဲလွယ်တဲ့ စစ်ရေးရပ်တည်ချက်ကို ထိန်းသိမ်းတာ၊ ကယန်းလူမျိုးရေးအခြေခံတဲ့ ဇာတ်ကြောင်းကို အရှိန်မြှင့်တင်တာ၊ တော်လှန်လူငယ်တွေကို တဆင့်ခံသဘော ကြီးကြပ်ပေးတာ ပါတီရဲ့ နိုင်ငံရေးလိုအပ်ချက်ပေါ်မူတည်ပြီး ပါဝင်ပတ်သက်ရေးနဲ့ ကြားနေရေးနှစ်မျိုးလုံးကို လက်ကိုင်ထားပါတယ်။ ဒါပေမဲ့ ကယန်းပြည်သစ်ပါတီဟာ စစ်ရေးပျက်ကွက်မှုကြောင့် သြဇာကျဆင်းလာပါတယ်။ သူ့ရဲ့ညှိနှိုင်းရေးအင်အားဟာ ဘယ်ပုံဘယ်နည်းနဲ့ ဆက်ရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်ကို အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
The China-brokered Lashio Model, which allowed the SAC to retake Lashio while the MNDAA held surrounding areas, marks a shift toward “subcontracting sovereignty” through externally mediated ceasefires. It risks deepening Myanmar’s fragmentation and weakening statehood.
In this podcast generated by AI, we unpack what the Lashio Model reveals about shifting power dynamics, contested sovereignty, and the urgent need for political guardrails.
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA အနေနဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ခဲ့ရ ပါတယ်။ စစ်ကောင်စီဟာ သူ့ရဲ့ အားနည်းချက်ဖြစ်တဲ့ တိုင်းပြည်ကျရှုံးနိုင်ငံဖြစ်ပြီး ပြိုကွဲနိုင်ခြေကို လက်နက်သဖွယ်အသုံးချပြီး ဗဟိုမပြိုလဲရေးအတွက် တရုတ်နိုင်ငံကို ပြန်လည်ကျားကန်ခိုင်းတဲ့ နည်းလမ်းတခုလို့ ရှုမြင်နိုင် ပါတယ်။ အခု လားရှိုးမိုဒယ်က အောင်မြင်လာရင် အလားတူ ဆင်တူယိုးမှား မိုဒယ်တွေ၊ ဥပမာ- TNLA ထိန်းချုပ်ထားတဲ့မြို့တွေ၊ ဒါမှမဟုတ် မြန်မာ-ထိုင်းနယ်စပ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်က မြို့တွေမှာရော ပေါ်လာ နိုင်မလား ဆိုတာကို သုံးသပ်စရာ ဖြစ်လာပါတယ်။ မြန်မာ့ပဋိပက္ခဖြေရှင်းရေး တရုတ်နိုင်ငံရဲ့ လုပ်ငန်းစဉ်ဟာ မြန်မာပြည်သူလူထုဆန္ဒရဲ့ အထိန်းအထေ၊ ပါဝင်သင့်သူတွေ ပါဝင်ဖို့ လိုအပ်တဲ့အထိန်းအထေနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ မူဘောင်တွေရဲ့အထိန်းအထေနဲ့တူတဲ့ ‘ကရွတ်ခွေ’ လိုအပ်နေတာ သတိပြုရပါမယ်။
The March 28 Sagaing Earthquake brought severe destruction to central Myanmar and prompted swift international aid and temporary ceasefires. While it offers a rare opening for “earthquake diplomacy,” structural weaknesses and ongoing conflict cast doubt on lasting peace.
In this On Point, we examine whether the Sagaing Earthquake could become a turning point for Myanmar—or if it will be another crisis lost to politics and missed opportunities.
တော်လှန်ရေးကာလမှာ ရန်ပုံငွေရှာဖွေပေးနိုင်တဲ့ အင်အားကြောင့် နိုင်ငံရေးအရ ပြောရေးဆိုခွင့်ရှိသူဆန်ဆန်၊ ခေါင်းဆောင်ဆန်ဆန် ပြောခွင့်အနေအထားတွေရသွားတာကလည်း စိုးရိမ်ဖွယ်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်လှန်ရေးအစိုးရ ဝန်ကြီးဆိုသူကပါ တော်လှန်ရေးဆယ်လီ ရန်ပုံငွေရှာဖွေသူတဦးကို ပြန်လည်တောင်းပန်ရတဲ့အထိ ဆယ်လီအရှိန်အဝါက ကြီးလာခဲ့ပါတယ်။ ဆယ်လီတွေ နိုင်ငံရေးအရပြောဆိုလာတဲ့ကိစ္စတွေ နိုင်ငံရေးသမားတွေကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုပေါ် အခြေခံပြီး ဆယ်လီပုံသွင်းတာတွေနဲ့ ပတ်သက်ပြီး အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်အကျိုးစီးပွားလို့ ပြောကြတိုင်း ပထဝီနိုင်ငံရေးသြဇာချဲ့ထွင်တာ၊ အခြေခံအဆောက်အအုံတွေ၊ စီမံကိန်းကြီးတွေ၊ စီးပွားရေးစင်္ကြံကြီးတွေကို ပြေးမြင်ကြပါတယ်။ ပဋိပက္ခမီးတွေနဲ့အတူ ပိုပြီးကျယ်ပြန့်လာတဲ့ သယံဇာတတူးဖော်မှုတွေ ဥပမာ-မြေရှားတူးဖော်မှုလို ကိစ္စတွေကို မေ့ထားလို့မရပါဘူး။ တရုတ်နိုင်ငံအတွက် မြန်မာ့မြေရှားအရေးပါမှုနဲ့ မြေရှားတူးဖော်မှုတွေကြောင့် မျက်ကွယ်အခြေအနေတွေမှာ ဒေသခံတွေ ဘယ်လိုဒုက္ခရောက်နေကြရသလဲဆိုတာနဲ့ ဒေသခံတွေ လိုချင်တဲ့၊ လုပ်ချင်တဲ့ အရာတွေကဘာတွေလဲဆိုတာကို အခု Podcast မှာ နားဆင်ကြရပါမယ်။
‘စိမ်းလန်းစွမ်းအင်’ ကဏ္ဍ အကူးအပြောင်းဖြစ်စဥ်မှာ အရေးကြီးတဲ့ ဓာတ်သတ္တုတချို့ရှိနေပြီး မြန်မာနိုင်ငံဟာလည်း အဲဒီအရေးကြီးဓာတ်သတ္တုတွေအတွက် ဗဟိုချက်မကျတဲ့ အခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ မြေရှားသတ္တုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် မရှိမဖြစ်ပါ။ အဲဒီ မြေရှားသတ္တုတွေကို ပဋိပက္ခဖြစ်ပွားရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ထုတ်လုပ်နေကြပါတယ်။ မြေရှားတူးဖော်မှုတွေကြောင့် မျက်ကွယ်မှာ ဒေသခံတွေ ဘယ်လိုကြုံတွေ့နေကြသလဲ၊ ဒေသခံတွေ ဘာလိုချင်ကြသလဲဆိုတာနဲ့ပတ်သက်ပြီး အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
‘မတ် ၂၈ စစ်ကိုင်းငလျင်ကြီး’ဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကြုံရတဲ့ အကြီးမားဆုံးသော အကျပ်အတည်း သိမ့်ခါမှုတခု ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ငလျင်ဘေးနဲ့ ကယ်ဆယ်ကူညီရေးတွေမှာ သိပ္ပံပညာရပ်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်တဲ့ သက်ဆိုင်ရာပညာရှင်တွေ၊ လက်တွေ့ဆောင်ရွက်နေသူတွေရဲ့ ထုတ်ဖော်ပြော ဆိုမှုတွေကို အလေးအနက် နားထောင်ရမှာဖြစ်ပါတယ်။ ISP-Myanmar အနေနဲ့ကတော့ အရေးပေါ်ကယ်ဆယ်ရေးအဆင့်ပြီးသွားရင် ကြုံရဖွယ်ရှိတဲ့ နောက်ဆက်တွဲ နိုင်ငံရေးငလျင်တွေ (political aftershocks) အကြောင်း ဖြစ်တန်ခြေကို အကဲဖြတ်လိုပါတယ်။ ဒီအကဲဖြတ်ချက်တွေကို အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်းမှာ စီးပွားရေးကကျပ်၊ နိုင်ငံရေးကခက်တဲ့အပြင် သဘာဝကပ်ဘေးကပါ ထပ်ဆင့်နေပါတယ်။ ဒီလို အဘက်ဘက်က ထိုးနှက်ချက်တွေကို ဘုံချကြည့်ရင် အမျိုးသမီးတွေရဲ့ကျောမှာ အများဆုံးသွားတွေ့ရပါတယ်။ အတွင်းကျကျဆန်းစစ်ကြည့်ရင် အပေါ်ယံအံကျိတ်ထားတဲ့၊ ပါးကွက်ကြား၊ မိတ်ကပ်တွေနဲ့ ဟန်လုပ်ပြုံးနေတဲ့ မျက်နှာဖုံးတွေအောက်မှာ အမျိုးသမီးတွေရဲ့ဘဝဟာ တလွှာပြီးတလွှာ၊ တချက်ပြီးတချက် အမွှန်းခံထားရတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေရဲ့ဘဝဟာ ဘာတွေထူးပြီး ခက်ခဲနေသလဲ။ ISP-Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေတဲ့ လူမှုစီးပွားလေ့လာတွေ့ရှိချက်တွေအပြင် ပြည်တွင်းနေ အမျိုးသမီးထုဆီက သိလာရတဲ့ လက်ငင်းအခြေအနေတွေကို အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခ အရှိန်တက်နေတဲ့ ကျမတို့လို နိုင်ငံမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ စစ်ဘေးကတမျိုး၊ ရာသီဥတုဘေးကတဖုံ၊ စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရုန်းကန်နေကြတာပါ။ ကုန်ထုတ်လုပ်မှုစွမ်းအား လျော့နည်းနေချိန်၊ စစ်ရေးပဋိပက္ခ အရှိန်တက်နေချိန်၊ အဘက်ဘက်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုက လက်တွေ့မှာတော့ ချန်ရစ်ခံရတတ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ဘယ်လိုဘယ်ပုံ ပိုကျပ်တည်းနေကြရသလဲဆိုတာ အခု Podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုနောက်ကွယ်က ရည်ရွယ်ချက်၊ တွန်းအားတွေနဲ့ သက်ရောက်မှုတွေကို အပိုင်းသုံးပိုင်းခွဲပြီး အခု Podcast မှာ ဆွေးနွေးသွာမှာ ဖြစ်ပါတယ်။ ပထမအချက်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ-တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေပေါ်မှာ ချမှတ်တဲ့ တရုတ်နည်းတရုတ်ဟန် ပိတ်ဆို့မှု အကြောင်းဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ တရုတ်အစိုးရရဲ့ ပိတ်ဆို့မှုဆန်ရှင်ဟာ အရင်းအနှီးနဲ့ စွန့်စားရမှု ကြီးမားတယ်ဆိုတဲ့အချက်ပါ။ တတိယတချက်ကတော့ တရုတ်နိုင်ငံရဲ့ ဆန်ရှင်ပိတ်ဆို့မှုဖိအားတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဘယ်လိုတုံ့ပြန်နေသလဲဆိုတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်ကစပြီး မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေထဲက ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ကာလအကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို ဖိအားပေးဖို့ ရည်ရွယ်တာလို့ ယူဆနိုင်ပါတယ်။ ဒီလိုပိတ်လိုက်တာကြောင့် တရုတ်နိုင်ငံကနေ မြန်မာဘက်ကို တင်ပို့နေတဲ့ ကုန်စည်တွေအတွက် အခက်ဖြစ်စေပြီး ပြည်သူတွေကိုပါ သက်ရောက်မှု ကြီးခဲ့ပါတယ်။ တရုတ်နည်းတရုတ်ဟန်နဲ့ ဆောင်ရွက်လာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက ဘယ်လိုသဘောဆောင်ပါသလဲ၊ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဘယ်လိုဆက်ရှိနိုင်ပါသလဲ စတဲ့အချက်တွေကို အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
ပဋိပက္ခကို အရှိန်လျှော့ချတာကို အမြတ်ဝေစုခွဲတဲ့အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ရေတိုမှာ တစုံတရာအကျိုးရှိကောင်း ရှိနိုင်ပေမဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတဲ့အထိ ဖြစ်မလာဘူးဆိုရင် ဆိုးပြစ်ပိုများဖို့ပဲ ရှိပါတယ်။ စီးပွားမက်လုံးကိုအခြေခံတဲ့ ပဋိပက္ခလျှော့ချမှုဆိုတာက မူကိုအခြေခံထားတာမဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးမူ၊ ဖက်ဒရယ်မူ၊ ကွန်ဖက်ဒရေးရှင်းမူ စသဖြင့် လွှမ်းခြုံမှုရှိတဲ့၊ မူအပေါ်အခြေခံတဲ့ စီးပွားရေးမဟုတ်ပါဘူး။ တခါ အရင်းအမြစ်တွေ၊ သယံဇာတတွေ၊ အာဏာတွေကို ခွဲဝေရေး၊ အဲဒီလိုခွဲဝေဖို့မှာ လိုအပ်တဲ့ အင်စတီကျူးရှင်းစနစ်တွေ တည်ဆောက်ရေးမဟုတ်ပါဘူး။ ဒါကို သတိချပ်ရပါမယ်။ ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် မြန်မာ့အကျပ်အတည်းဟာ အဖြေရနိုင်မှာမဟုတ်ပါဘူး။ မြန်မာ့ပဋိပက္ခရဲ့ နိုင်ငံရေးဘောဂဗေဒ အကြောင်းကို အခု podcast မှာ နားဆင်ကြရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ အခြေအနေ၊ ဝန်းကျင်မျိုးမှာ သုတေသီတွေအတွက် သုတေသန ပြုလုပ်ရတာဟာ အင်မတန်မှကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေများပါတယ်။ ISP-Myanmar အနေနဲ့ကတော့ သုတေသနအတွက် အကြောင်းအရာတွေ ရွေးချယ်တဲ့အခါ အချက်သုံးချက်နဲ့ ဆုံချက်ကျအောင် ကြိုးစား လေ့ရှိပါတယ်။ ပထမတခုကတော့ အကြောင်းအရာပြဿနာက မျက်မှောက်ကာလဖြစ်မှု (Current Issues) ပါ။ ဒုတိယကတော့ နည်းစနစ်ပိုင်းနဲ့ပညာရပ်ဆိုင်ရာအရ ဆီလျော်အောင်လေ့လာနိုင်မှု (Methodological Informed) ဖြစ်ပါတယ်။ တတိယတခုကတော့ မူဝါဒရေးရာအတွက် အထောက်အပံ့ဖြစ်စေမှု (Policy Implications) ပါ။ အခု podcast မှာတော့ အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ကန့်လန့်ကာနောက်ကွယ် (Behind the scene) ကို လှစ်ဟတင်ပြထားပါတယ်။
မြန်မာနိုင်ငံ စစ်မျက်နှာတွေရဲ့ အနားသတ်လိုင်းတွေဟာ အလျင်အမြန်ကို ပြောင်းလဲနေကြပါတယ်။ တိုက်အခံပြု အန်တုနေတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အရောင်အသွေး စုံလွန်းလှပါတယ်။ သူတို့ကြားထဲက ဦးတည်ရည်မှန်းထားကြတဲ့ အိပ်မက်တွေကလည်း မတူညီကြပါဘူး။ ISP-Myanmar အနေနဲ့ကတော့ ပဋိပက္ခတွေရဲ့ လူသားမျက်နှာဘက်အခြမ်းနဲ့ လူသားလုံခြုံရေးရှုထောင့်ကို အလေးပေးဖော်ပြလိုပါတယ်။ စစ်ပွဲပဋိပက္ခတွေနဲ့ လူသားလုံခြုံရေးရှုထောင့်တွေကို ISP-Myanmar ရဲ့ သုတေသီတွေက ဘယ်လိုဆုပ်ကိုင်တင်ပြဖို့ ရုန်းကန်ကြိုးပမ်းနေသလဲဆိုတာကို အခု Podcast မှာ နားဆင်ကြရမှာဖြစ်ပါတယ်။
မြန်မာ့အကျပ်အတည်းကနေ ထွက်မြောက်ဖို့ မြန်မာလူထုလိုလားချက််နဲ့လည်း မကင်းကွာဘဲ လက်တွေ့လည်းကျမယ့် လုပ်ငန်းစဉ်ဗျူဟာ(process strategy) တရပ် မရှိမဖြစ် လိုအပ်နေပါတယ်။ အဲဒီလစ်ဟာချက်ကို ဖြည့်ဆည်းဖို့ အားစိုက်ကြိုးစားလာတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ငန်းစဉ် အလုပ် ဖြစ်၊ မဖြစ်ဆိုတာက မဟာဗျူဟာကျင်လည်မှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်က ဖြန့်ချိခဲ့တဲ့ ကနဦးသုံးသပ်ချက် အမှတ်-၂၁ 'လုပ်ငန်းစဉ်ဗျူဟာလိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း' ဆိုတဲ့ သုံးသပ်ချက်ကို အခု Podcast မှာ နားဆင်ကြရပါမယ်။
‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း တရုတ်နိုင်ငံနဲ့ အဓိက ကူးသန်းမှုလုပ်နေတဲ့ ရှမ်းမြောက်ကုန်သွယ်ရေးလမ်းက လုံး၀ရပ်ဆိုင်းသွားပါပြီ။ အဲဒီအစား ရှမ်းအရှေ့ကုန်သွယ်ရေးလမ်းသစ် ဖော်ဆောင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေပေမဲ့ ခရီးပေါက်မယ့် အခြေအနေ မရှိသေးပါဘူး။ စစ်ပွဲတွေအလယ်က နယ်စပ်ကုန်သွယ်ရေးအခြေအနေကို အခု Podcast မှာနားဆင်ကြရပါမယ်။
အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်းမှာ နိုင်ငံနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား အခြေအနေတွေက ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျနေပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခတွေကလည်း ကြီးမားကျယ်ပြန့် ပြင်းထန်နေပြီး မြန်မာစစ်တပ်ဘက်မှာလည်း တိုင်းစစ်ဌာနချုပ်ကြီးတခုလုံး ကျရှုံးသွားတဲ့အထိ ရာဇဝင်တွင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်နေပါတယ်။ ယခု Podcast မှာ ထင်တိုင်းကြဲ ဆုံးဖြတ်မှုတွေနဲ့ ခေါင်းရှောင်လက်ညှိုးထိုးနိုင်ငံရေးလုပ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ကံကြမ္မာဟာ ကျဆုံးမယ့်ဘက်ကို ခြေလှမ်းပိုစိပ်လာတဲ့အကြောင်း တစိတ်တပိုင်း ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ လူမှုစီးပွားဒုက္ခတွေဖြစ်ရခြင်းရဲ့ အရင်းခံဟာ စစ်ရေး၊ နိုင်ငံရေးပြဿနာတွေကြောင့်လို့ မမြင်ဘဲ၊ ဖြေရှင်းဖို့လည်း မကြိုးစားဘဲ အနာနဲ့ ဆေးနဲ့ တခြားစီ ဆိုသလို၊ ခုတ်ရာတခြား၊ ရှရာတခြားဖြစ်တဲ့ ကပြောင်းကပြန် မူဝါဒ အလွဲတွေနဲ့ပဲ ဖြေရှင်းနေတာ ကို တွေ့ရပါတယ်။ ‘ISP နှင့်အတူ မိနစ် ၃ဝ’ အစီအစဉ်ရဲ့ တတိယဆွေးနွေးပွဲမှာ မသက်ကြည်စင်နဲ့ မစင်ဒီတို့က ဆွေးနွေးထားတာကို အခု Podcast မှာလည်း နားဆင်ကြရပါမယ်။