Home
Categories
EXPLORE
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
SITEMAP
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts125/v4/b4/6a/0c/b46a0cb8-bdef-2c00-5663-270f8d55e4be/mza_12246897795643258586.jpg/600x600bb.jpg
Rodiobook
Rodney Sann Lwin
168 episodes
1 week ago
Audiobooks for Myanmar short stories, essays and others literature that all i read.
Show more...
Books
Arts
RSS
All content for Rodiobook is the property of Rodney Sann Lwin and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Audiobooks for Myanmar short stories, essays and others literature that all i read.
Show more...
Books
Arts
Episodes (20/168)
Rodiobook
ဖြိုးသီဟ - ပေျာ်ရွှင်ပါစေ

ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ပေျာ်ရွှင်ပါစေ ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြပေးတာပါ။

အစအဆုံး ၁၈ ပိုင်း ရှိပါတယ်၊ ဖြည်းဖြည်းချင်းတင်ပေးသွားပါမယ်ဗျ။

Show more...
1 year ago
5 hours 28 minutes 50 seconds

Rodiobook
သာဓု - အတာ ( စဆုံး ၂၈ ပိုင်း )

ဆရာကြီး ဦးသာဓု ရေးသားတဲ့ အတာ ဆိုတဲ့ စာအုပ်လေးကို အသံထွက်ဖတ်ပြတာပါ။

အစအဆုံး ၂၈ ပိုင်း၊ ကြာချိန် ၁၄နာရီ ၀၈ မိနစ် ပါ၊ အစအဆုံးတင်ပေးထားပါတယ်ဗျ။

Show more...
1 year ago
14 hours 8 minutes 6 seconds

Rodiobook
အမြန်ရထားပေါ်မှ လူသတ်မှု (စဆုံး - ၁၇ ပိုင်း)

မူရင်း စာရေးဆရာမကြီး အက်ဂါသာခရစ်စတီး ရဲ့ Murder on the orient express ကို

ဆရာတကသိုလ်နေဝင်း မြန်မာပြန်ထားတဲ့ အမြန်ရထားပေါ်မှ လူသတ်မှု ကို ဖတ်ပြထားတာပါ၊

အစအဆုံး ၁၇ ပိုင်း တင်ပေးထားပါတယ်။

Show more...
1 year ago
8 hours 7 minutes 6 seconds

Rodiobook
ဖြိုးသီဟ - ဗုဒ္ဓအလိုကျ (Minimalism) ( စ-ဆုံး ၁၂ ပိုင်း )

ဒေါက်တာဖြိုးသီဟ ရေးသားတဲ့ ဗုဒ္ဓအလိုကျ (Minimalism) ကို အသံထွက် ဖတ်ပြထားတာလေးပါ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများပါခဲ့လျှင် ကျနော့်တာဝန်ပါခင်ဗျာ။

Show more...
2 years ago
8 hours 9 minutes 47 seconds

Rodiobook
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (အတွဲ ၃ - စာအုပ်အမှတ် ၉ မှ ၁၂ ဇာတ်သိမ်းအထိ)

ဆရာကြီး မြသန်းတင့် မြန်မာပြန်ပေးထားတဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ကြီးကို အသံထွက် ဖတ်ပြပေးနေတာဖြစ်ပါတယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

Show more...
2 years ago
31 hours 23 minutes 41 seconds

Rodiobook
မြသန်းတင့် - ရှားလော့ဟုမ်း၏ စွန့်စားခန်းများ

ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏ စွန့်စားခန်းများ ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြပေးတာဖြစ်ပါတယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။

Show more...
2 years ago
9 hours 2 minutes 26 seconds

Rodiobook
ဂျူး - ရှင်သန်ခြင်း (ရုပ်ရှင်ခံစားမှု)

ဆရာမဂျူး ရဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါးများစွာထဲကမှ ရှင်သန်ခြင်း ဆိုတဲ့ ဆောင်းပါးလေးတပုဒ်ကို အသံထွက်ဖတ်ပြပေးတာပါ။

အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနဲ့ လိုအပ်ချက်များရှိခဲ့ပါက ကျနော့်တာဝန်ပါဗျ။

Show more...
2 years ago
31 minutes 2 seconds

Rodiobook
ဂျူး - အိပ်မက်ထဲကမြို့တော် (ဝတ္ထုတို)

ဆရာမဂျူး ရဲ့ အိပ်မက်ထဲကမြို့တော် ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။

ပထမပိုင်း နဲ့ ဇာတ်သိမ်းပိုင်း (၂)ပိုင်းခွဲပြီး တင်ပေးသွားပါမယ်။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နဲ့ မှားယွင်းမှုများ ရှိခဲ့ရင် ကျနော့်တာဝန်ပါခင်ဗျာ။

Show more...
2 years ago
56 minutes 46 seconds

Rodiobook
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး Part - 2 (စာအုပ် ၅ မှ ၈ အထိ)

ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို 

ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ 

ယခုအပိုင်းများက ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲစာအုပ်ရဲ့ ၅အုပ်မြောက်စာအုပ်ကို ဖတ်ပြပေးတာပါ။ 

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။

Show more...
2 years ago
32 hours 33 minutes 22 seconds

Rodiobook
မြသန်းတင့် - စစ်နှင့်ငြိမ်းချမ်းရေး (Part - 1) စာအုပ် ၁ မှ ၄ အထိ အပိုင်း(၅၀)

ကမ္ဘာကေျာ်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရဲ့ နာမည်ကေျာ် ဂန္တဝင်စာအုပ်ကြီးကို ဆရာမြသန်းတင့် က ရသပြောင်မြောက်စွာ ဘာသာပြန်ပေးထားတဲ့ 'စစ်နှင့်ငြိမ်းချမ်းရေး' ကို အသံထွက်ဖတ်ပြပေးတာပါ။ 

ပုဂံစာအုပ်တိုက်ရဲ့ ပထမအကြိမ်ထုတ်မူ ၁၂အုပ်တွဲမှ အမှာစာများ၊ မှတ်စုများ နှင့်တကွ

စာအုပ် ၁ မှ စာအုပ် ၄ အထိ အပိုင်း(၅၀) ကို Part -1 အနေနဲ့ တင်ပေးပြီး၊ စာအုပ် ၅ မှ ၈ အထိ Part - 2 အနေနဲ့ တင်ပေးသွားပါမယ်ဗျ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်များ မှားယွင်းမှုများ အဆင်မပြေမှုများရှိခဲ့ပါက ကျနော့်တာဝန်သာဖြစ်ကြောင်း ကြိုတင်တောင်းပန်ပါတယ်ခင်ဗျာ။

Show more...
2 years ago
29 hours 59 minutes 19 seconds

Rodiobook
တော်ကောင်းမင်း - ဆန်ပြောင်းနီမိသားစု (ဘာသာပြန်ဝတ္ထုရှည်)

တရုတ်ပြည်ရဲ့ အမြင့်ဆုံးစာပေဆုဖြစ်တဲ့ မော်တွန်း စာပေဆု၊ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နိုဗယ်စာပေဆု တို့အပြင်၊ အခြားနိုင်ငံအသီးသီးရဲ့ စာပေဆုများစွာ ချီးမြှင့်ခံထားရပြီး သူ့စာပေလက်ရာအတော်များများကို ဘာသာပေါင်းများစွာသို့ ပြန်ဆိုခြင်းခံထားရတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး မော့ယန် ရဲ့ စာအုပ်တစ်အုပ်ကို အသံထွက် ဖတ်ပြပေးချင်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာမှာလည်း ဆုများရရှိခဲ့ပါသေးတယ်။

ဆန်ပြောင်းနီမိသားစု မှာ မော့ယန်က တရုတ်စာပေလောကထံသာမက  ကမ္ဘာ့စာပေလောကထံသို့ပါ တင်ဆက်လိုက်သည့် ဩဇာလွှမ်းမိုးမှုကြီးမားသော လက်ရာတစ်ပုဒ်ဖြစ်ပါသည်။

ဇာတ်ကြောင်းပြောသူကတဆင့် ဂျပန်ခုခံရေး စစ်ပွဲကာလအတွင်း သူ၏ ဘိုးဘွားများက ကောင်းမိတုန်းပေတိုက်နယ်တွင် ရဲဝံ့စွန့်စား၊ ကြေကွဲလိှုက်လှဲဖွယ်ကောင်းစွာ ခြိမ့်ခြိမ့်သဲ ကပြအသုံးတော်ခံခဲ့ကြပုံ၊ ရှေးလူကြီးသူမများသည် တဖက်မှာ ကျူးကျော်သူ ဂျပန်တို့ကို ခုခံတိုက်ခိုက်ရင်း တစ်ဖက်မှာလည်း  နောင်လာနောက်သားမျိုးဆက်သစ်များ မယှဉ်သာလောက်သည့် ဂန္တဝင်မြောက်အချစ်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ စိတ်ကူးအတွေး နယ်ချဲ့နိုင်စရာများစွာတို့ ထုံမွမ်းနေသော ဤဝတ္ထုဖြင့် မော့ယန်က သူ၏ ဇာတိ ကောင်းမိတုန်းပေတိုက်နယ်ကို ကမ္ဘာ့စာပေထံသို့ ဆောင်ကြည်းမိတ်ဆက်ပေးလာခဲ့ပါသည်။

ဆန်ပြောင်းနီမိသားစု တွင် ဆန်ပြောင်းနီ၊ ဆန်ပြောင်းအရက်၊ ခွေးလမ်း၊ ဆန်ပြောင်းအသုဘ၊ အသေဆန်း ဟူသော အပိုင်း(၅)ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။

Show more...
2 years ago
18 hours 37 minutes 45 seconds

Rodiobook
Tim - ကမ္ဘာကြီး၏အရသာ (ဘာသာပြန် ဝတ္ထုလတ်)

အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာ ကန်လျူ ရဲ့ ဝတ္ထုလတ် တပုဒ်ကို အသံထွက်ဖတ်ပြတာပါ။

ဒီဝတ္ထုလတ် "ကမ္ဘာကြီး၏အရသာ" ဟာ ကန်လျူရဲ့ ဝတ္ထုတို(၃)ပုဒ်နဲ့ ဝတ္ထုလတ်(၁)ပုဒ် ပါဝင်တဲ့

Tim ဘာသာပြန် "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက နောက်ဆုံးတပုဒ်ဖြစ်ပါတယ်။

ဒီစာအုပ်မှာပါဝင်တဲ့ ဝတ္ထုတို(၃)ပုဒ်ဖြစ်တဲ့

၁။  မိစ္ဆာလိုက်ပွဲ

၂။  တရားရှင်နှင့်မေျာက်ဘုရင်

၃။  စကားလုံး ပဉ္စလက် တို့ကို အသံထွက်ဖတ်ပြခဲ့ပြီး ဖြစ်ပါတယ်ဗျ။

ဘာသာပြန်သူ"Tim"က နှင်းဆီဖြူက ကျင်းပတဲ့ ဘာသာပြန်ပြိုင်ပွဲမှာ ဆုရဖူးသူ လူငယ်တစ်ဦးဖြစ်တာမို့ သူ့လက်ရာကလည်း ပြောစရာမလိုအောင်ကောင်းမွန်ပါတယ်။

မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယောက်ပါ။

(ကန်လျူရဲ့ ဝတ္ထုတိုတပုဒ်ဖြစ်တဲ့ "စက္ကူကျား"ကိုလည်း ဆရာမမေဇင်မောင်ဘာသာပြန်လက်ရာနဲ့ ကျနော် အသံထွက်ဖတ်ပြခဲ့ဖူးပါတယ်။)

#Tim

#မိစ္ဆာလိုက်ပွဲ

#KenLiu

Show more...
2 years ago
2 hours 54 minutes 35 seconds

Rodiobook
ဂျူး - မြစ်ပြင်ပေါ်မှာ (ဝတ္ထုတို)

ဆရာမဂျူး ရဲ့ မြစ်ပြင်ပေါ်မှာ ဆိုတဲ့ ဝတ္ထုတိုကို အသံထွက်ဖတ်ပြတာပါ။

အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါဗျ။

Show more...
2 years ago
27 minutes 54 seconds

Rodiobook
ဂျူး - တနင်္ဂနေွနေ့မှာနားတယ် (ဝတ္ထုတို - အသံစာအုပ်)

ဆရာမဂျူး ရဲ့ မေွးနေ့အမှတ်တရ အဖြစ် ဆရာမရဲ့ "တနင်္ဂနေွနေ့မှာ နားတယ်" ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။  

သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။  အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

Show more...
2 years ago
31 minutes 34 seconds

Rodiobook
ဒီနိုဗို - မခံနိုင်အောင်ပေါ့ပါးဘ၀နေ့ညများ (ဝတ္ထုရှည်) Audiobook by Milan Kundera The Unbearable Lightness of Being, translated by D No Vo.

ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။

မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစရာ ဖြစ်ခဲ့သည်။ ကွန်မြူနစ် အုပ်စိုးမှုကို နိုင်ငံရေးနောက်ခံ အရေးအသားများထက်၊ ပြင်းထန်သည့် ပုဂ္ဂလိကဝါဒ အခြေခံဖြင့် တုံ့ပြန်ခဲ့သည်။

ယခုစာအုပ် တွင် ကွန်ဒရာက အပေါ်ယံစိတ်ကူးယဉ်ဖြစ်မှု၊ ဆိုးရွားညံ့ဖျင်းမှု၊ ပင်ကိုမဖြစ်မှု၊ မစစ်မှန်သည့် အနုပညာ စသည်တို့ကို အာဏာရှင်အစိုးရနှင့် ထပ်တူပြုထားခဲ့သည်။

သူ့ကို လက်တင်အမေရိကားတွင် ဂါစီယာမားကွဇ်၊ ရုရှားတွင် ဆိုဇင်နစ်ဇင်၊ ချက်ကိုစလိုဗက်ကီးယား အတွက် မီလန်ကွန်ဒရာဟု ပြောလေ့ရှိကြသည်။ ၁၉၈၅တွင် Jerusalem Prize for Literature on the Freedom of Man in Society ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

"ကျနော်တို့အားလုံး ဘ၀မှာကြုံရတဲ့ အချစ်ကို

လေးချင်လည်း လေးမည်၊ ပေါ့ချင်လည်း ပေါ့မည်လို့ ပြောတာကို လက်မခံနိုင်ကြ။

အချစ်ဆိုတာ မလွဲမသေွ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စ ။

အချစ်မရှိဘဲနဲ့ ကျနော်တို့ဘ၀တေွဟာ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ယူဆထားကြသည်။"

"အကယ်၍ ထာ၀ရသံသရာလည်ခြင်းသည် အလေးပင်ဆုံး ဝန်ထုပ်ဝန်ပိုးဟု ဆိုခဲ့လျှင် ကျနော်တို့မှာ ဘ၀ရဲ့ပေါ့ပါးမှုတေွနဲ့ တန်ပြန်ရင်ဆိုင်ကြရုံသာ ရှိတော့သည်။ ဤသို့ဆိုလျှင် လေးလံမှုမှာ မနှစ်မြို့ဖွယ်ရာကောင်းပြီး ပေါ့ပါးမှုကသာ နှစ်သက်ဖွယ် ကောင်းနေခဲ့သည်လား။

အလေးလံဆုံးသော ဝန်ထုပ်ဝန်ပိုးတေွက ကျနော်တို့ကို နင်းခြေသည်၊ နစ်မြုပ်စေသည်။ ဟိုးအောက်ခြေတွင် ကျနော်တို့ကို တွယ်နေှာင်လို့ထားသည်။ သို့သော်လည်း အရွယ်မရေွး ဖတ်ကြသည့် အချစ်ကဗျာတေွထဲမှာ မိန်းမက ယောကျ်ားရဲ့ လေးလံလှသည့်  ခန္ဓာကို တောင့်တပြန်သည်။ ဒီ့အတွက် အလေးလံဆုံးသော ဝန်သည် တချိန်တည်းတွင် ဘ၀ရဲ့ ထက်သန်ပြင်းပြဆုံး ဖြည့်ဆည်းမှုလည်း ဖြစ်နေခဲ့ပြန်သည်။ ဝန်က လေးလေလေ ဘ၀တေွက မြေကြီးနဲ့ နီးလေလေ၊ ပိုပြီး စစ်မှန် ပိုပြီး မှန်ကန်လာလေလေပင်။

နောက်တမျိုး ပြောရလျှင် ဝန်မရှိသည့်အခါ လူဟာ လေထက် ပေါ့ပါးလို့ အမြင့်မှာ ပျံဝဲနေလိမ့်မည်။ မြေပြင်ကို စွန့်ခွာ၊ မြေကြီးဆန်မှုကို စွန့်လွှတ်သည့်အတွက် တစိတ်တပိုင်းသာ စစ်မှန်တော့မည်။ သူ့ရဲ့ ရေွ့လျားမှုဟာ လွတ်လပ်သလောက် အရေးမပါ ဖြစ်နေခဲ့ပေမည်။

ဒီတော့ကာ ကျနော်တို့ ဘာကို ရေွးကြမလဲ၊ လေးလံမှုလား၊ ပေါ့ပါးမှုလား။

သေချာသည်ကတော့  ပေါ့ပါးမှုနဲ့ လေးလံမှုမှာ အဆန်းကြယ်ဆုံးနဲ့ ဒွိဟ အဖြစ်ဆုံး ဆန့်ကျင်ဘက်အစုံ ဖြစ်နေခဲ့ခြင်းပင်။"

Show more...
2 years ago
11 hours 16 minutes 9 seconds

Rodiobook
ဂျူး - တတိယမြောက်ညနေခင်း (ဝတ္ထုတို)

"လူဆိုသည်မှာ မိမိ၌ရှိသော အရာတစ်ခုကို တန်ဖိုးရှိရှိ အသုံးမချတတ်ဘဲ

မိမိ ဘယ်တော့မျှ ရနိုင်မှာမဟုတ်သည့် တစုံတရာကို

မက်မော တမ်းတတတ်သည့် အမျိုးအစားပါလား"

ဆရာမ ဂျူး ရဲ့ "တတိယမြောက် ညနေခင်း" ဆိုတဲ့ ဝတ္ထုတို ကို အသံထွက် ဖတ်ပြတာပါ။

အဆင်မပြေမှုများ မှားယွင်းမှုများ ပါရှိခဲ့လျှင် ကျနော့်တာဝန်ဖြစ်ပါတယ်ဗျ။

ဖတ်ခွင့်ပြုပေးတဲ့ ဆရာမဂျူး ကို ကေျးဇူးတင်ပါတယ်ဗျ။

Show more...
2 years ago
45 minutes 43 seconds

Rodiobook
တင်မောင်မြင့် - ပြစ်မှုနှင့်ပြစ်ဒဏ် (ဝတ္ထုရှည် - အသံစာအုပ်) Burmese Language Audiobook 'Crime and Punishment' by Fyodor Dostoevsky.

ကမ္ဘာ့ဂန္တဝင်စာရင်းဝင်တဲ့ ရုရှားဘာသာပြန် ဝတ္ထုရှည်ကြီး တပုဒ်ကို ဖတ်ပြပေးချင်ပါတယ်။ 

မူရင်းဝတ္ထုကြီး ထွက်စဉ်ကလည်း ကမ္ဘာတလွှားမှာ ဟိုးလေးတကျော် အုတ်အော်သောင်းတင်း နဲ့ တသသစွဲမက်ကြိုက်နှစ်သက်ခဲ့ကြသလို၊ 

အင်္ဂလိပ်ဘာသာပြန်ဆိုကြတော့လည်း ဆုတွေရရှိခဲ့ပါတယ်၊

မြန်မာဘာသာကို ဆရာတင်မောင်မြင့် ဘာသာပြန်တော့လည်း ၂၀၁၂ခုနှစ်အတွက် အမျိုးသားစာပေဆု ရရှိခဲ့ပါတယ်။

အင်မတန်ရက်စက်တဲ့ လူသတ်မှု(ပြစ်မှု)ကြီးကို လူသတ်သမားက ပြန်ပြောပြတဲ့ ပုံစံနဲ့ စိတ်လှုပ်ရှား ထိတ်လန့်တုန်လှုပ်ရခြင်းများစွာနဲ့ ဖတ်ရှုကြရမှာဖြစ်ပါတယ်။

ဘယ်လိုအရာတွေက တွန်းအားပေးလို့ ပြစ်မှုကျူးလွန်ရခြင်းလဲ ?

အဲဒီပြစ်မှုကို စုံထောက်ရဲအရာရှိက ဇွဲနပဲကြီးကြီးနဲ့ ဘယ်လို ထောက်လှမ်းမလဲ ?

သူတို့၂ယောက်ရဲ့ စိတ်ဓါတ်ရေးရာ ပညာပြိုင်ခန်းတွေနဲ့ လျို့ဝှက်သည်းဖို ဖတ်ရမယ့် ဝတ္ထုရှည်ကြီးဖြစ်ပါတယ်။

*တခုတော့ ကြိုတင်အသိပေးချင်ပါတယ်၊ ဇာတ်လမ်းကောင်းသလောက် စာအုပ်ကြီးကလည်း ထူထဲလွန်းတာမို့ အပိုင်းများမှာပါဗျ၊

မူရင်းရေးသားသူ၊ အင်္ဂလိပ်လိုပြန်သူ၊ မြန်မာပြန်သူတို့ရဲ့ အမှာစာတွေချည်းပဲ အပိုင်း ၁ပိုင်း သပ်သပ် တင်ပေးပါမယ်။

တင်မောင်မြင့် - ပြစ်မှုနှင့်ပြစ်ဒဏ် Audiobook 'Crime and Punishment' by Fyodor Dostoevsky, Burmese Language.

Show more...
2 years ago
22 hours 14 minutes 24 seconds

Rodiobook
ရေွှဥဒေါင်း - အင်နာကရနီနား ( ဝတ္ထုရှည် - ၈ ပိုင်း )

သိပ်ကိုစွဲလမ်းရတဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီး တပုဒ်ကို အသံထွက်ပြီး ဖတ်ပြပေးချင်ပါတယ်၊

မူရင်းရေးသားသူက ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းပါ၊

ဒီစာအုပ်ကို မြန်မာဘာသာနဲ့ ဆရာကြီးရွှေဥဒေါင်းက အကျဉ်းချုပ်ဘာသာပြန်၊ 

ဆရာတင်မောင်မြင့်က အစအဆုံးမူရင်းအတိုင်း ဘာသာပြန်ဆိုခဲ့ကြပြီး၊ 

ဆရာမြသန်းတင့်က "မမ"ဆိုပြီး မြန်မာမှုပြုခဲ့ပါတယ်။

​အစအဆုံးမူရင်းအတိုင်း ဖတ်ပြပေးချင်ပေမယ့် မူရင်းက တော်တော်ကြီးကို ရှည်လျားတာမို့ 

ဆရာကြီးရွှေဥဒေါင်း ရဲ့ အကျဉ်းချုပ်ဘာသာပြန်မူကိုပဲ ဖတ်ပြပေးပါမယ်ခင်ဗျာ။

Show more...
2 years ago
3 hours 57 minutes 19 seconds

Rodiobook
မင်းသုဝဏ် - အယ်ဒီတာ (အသံစာအုပ် - ဝတ္ထုတို)

ဆရာကြီးမင်းသုဝဏ် မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ “အယ်ဒီတာ” ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။

မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။

တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။

ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်' ဟု မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄နှစ်အကြာ ရန်ကုန်မြို့၌ 'မြန်မာနိုင်ငံတဂိုးအသင်း' (၁၉၅၂)ပေါ်ထွန်းလာ၍ နှစ်စဉ်တဂိုးမွေးနေ့ ကျင်းပခဲ့သည်။

ထိုနေ့တွင် တဂိုး၏ ဘဝနှင့်စာပေဟောပြောပွဲ၊ တဂိုးပြဇာတ်၊ တဂိုးဂီတကပွဲများ ကျင်းပခဲ့ကြသည်။

Show more...
2 years ago
14 minutes 38 seconds

Rodiobook
ဇော်ဂျီ - "ကာဗူလီဝါးလား" (ဝတ္ထုတို)

ဆရာကြီးဇော်ဂျီ မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ "ကာဗူလီဝါးလား" ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။

မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။

တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။

ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်' ဟု မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄နှစ်အကြာ ရန်ကုန်မြို့၌ 'မြန်မာနိုင်ငံတဂိုးအသင်း' (၁၉၅၂)ပေါ်ထွန်းလာ၍ နှစ်စဉ်တဂိုးမွေးနေ့ ကျင်းပခဲ့သည်။

ထိုနေ့တွင် တဂိုး၏ ဘဝနှင့်စာပေဟောပြောပွဲ၊ တဂိုးပြဇာတ်၊ တဂိုးဂီတကပွဲများ ကျင်းပခဲ့ကြသည်။

Show more...
2 years ago
28 minutes 51 seconds

Rodiobook
Audiobooks for Myanmar short stories, essays and others literature that all i read.