ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ သူကြောင့် ကိုယ့်ကြောင့်ဆိုတာ မဟုတ်ပဲ ဘဝနဲ့ တွဲပါလာပြီးသား ဒုက္ခတရား တွေသာဖြစ်ပါတယ်ရှင်🪷
တရားတယ် မတရားဘူးဆိုတာ သိတဲ့ဥာဏ် မင်းမှာရှိပါတယ်။ အဲဒီ အသိဥာဏ်ကို မလေးစားရင် မင်းကိုယ်ကိုမင်း မလေးစားဘူးလို့ ဆိုရမယ်။ မင်းကိုယ်ကိုမင်း မလေးစားရင် မင်းဘဝဟာ ဘာအဓိပ္ပါယ် ရှိသေးသလဲ…
အဓိပ္ပါယ်ဆိုတာ အတွေ့အကြုံတိုင်းမှာရနိုင်တယ်။ ကိုယ်က မြင်တတ်ဖို့ ယူတတ်ဖို့ပဲ လိုတယ်။ ဒါကြောင့် ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ “ ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီး စိတ်ထားကောင်းတဲ့သူ ပိုပြီး အသိဥာဏ်လေးနက်တဲ့သူ ဖြစ်စေရမယ်” လို့ သဘောထားရင် အဲဒီအတွေ့အကြုံဟာတန်ဖိုးရှိတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အတွေ့အကြုံ ဖြစ်လာမယ်…
ကိုယ့်ကိုယ်ကို ယုံသလား၊ မယုံဘူးလား။ ဒီမေးခွန်းကို ပြတ်ပြတ်သားသားဖြေပါ။ မယုံရင်တော့ ဘာမှ ဆက်ပြောစရာ မရှိတော့ဘူး။ စိတ်ရဲ့သဘာဝက သူ့ကိုမယုံရင် သူဘာမှ ဖြစ်အောင် လုပ်မပေးနိုင်ဘူး။
ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက ကိုယ့်လက်ထဲကို ပြန်ရောက်လာတဲ့နေ့ဟာ လွတ်လပ်မှုကို စပြီး ခံစားရတယ် 💛
တရားကို သိလေလေ ဘဝကို ရှင်းရှင်းလင်းလင်း မြင်လေလေပဲ။ ရွေးချယ်ရတာ ဆုံးဖြတ်ရတာလည်း လွယ်လေလေပဲ။ ဘာဖြစ်လို့ ဆုံးဖြတ်ရတာ လွယ်သလဲဆိုတော့ ရိုးသားမှူမှာ အခြေခံလို့။ မျှတမှုမှာ အခြေခံလို့။ အကောင်းဆုံးစိတ်ထားနဲ့လုပ်ရင် နောက်ဆုံးမှာ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်လို့ ။
ကိုယ့်လောက ဟာ ကိုယ့်စိတ်ထဲမှာသာ ရှိတယ်…
ကိုယ့်လောက သန့်ရှင်းဖို့ ကိုယ့်စိတ် သန့်ရှင်းရမယ်..
ကိုယ့်လောက ရိုးရှင်းဖို့ ကိုယ့်စိတ် ရိုးရှင်းရမယ်…
ကိုယ့်လောက အေးချမ်းဖို့ ကိုယ့်စိတ် အေးချမ်းရမယ်…