Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
Health & Fitness
Technology
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
US
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts122/v4/bc/1f/57/bc1f57c3-ee72-051f-8355-783f8431dcae/mza_14119233161149983739.jpg/600x600bb.jpg
Z-Lann
Z-Lann
932 episodes
5 days ago
Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!
Show more...
Society & Culture
RSS
All content for Z-Lann is the property of Z-Lann and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!
Show more...
Society & Culture
Episodes (20/932)
Z-Lann
“ခုရေတွင်းတူး ခုရေကြည်သောက်”

“ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံကို သုံးပြီး လူကြီးသူမတွေ ဆုံးမစကားပြောတာကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီစကားပုံလေးဟာ ရေတွင်းတူးပြီးပြီးချင်း ရေကြည်ကို ချက်ချင်း သောက်ချင်သလိုမျိုးပဲ လုပ်ငန်းတစ်ခုဆောင်ရွက်ပြီးတဲ့အခါ သင့်လျော်တဲ့ကာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်းအကျိုးခံစားချင်ပုံကို ဆိုလိုတာပါ။

ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံလေးဖြစ်ပေါ်လာပုံအကြောင်းကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခုရေတွင်းတူးခုရေကြည်သောက် #Burmeseproverbs #proverbs





Show more...
1 month ago
4 minutes 30 seconds

Z-Lann
“နွားပျိုသန်လှ နွားအိုပေါင်ကျိုး”

ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “နွားပျိုသန်လှ နွားအိုပေါင်ကျိုး” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြချင်ပါတယ်။ ဒီစကားပုံလေးဟာ လူငယ်တွေရဲ့ ခွန်အား၊ တက်ကြွမှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံ၊ ဝါရင့်မှုတို့ကို နှိုင်းယှဉ်ပြသခြင်းပဲ ဖြစ်ပါတယ်။နွားပျိုဟာ ကိုယ်ခန္ဓာအားဖြင့် သန်မာတက်ကြွ ကြပေမယ့် အိုမင်းနေပြီဖြစ်တဲ့ နွားအိုဟာ ပေါင်ကျိုးနေရင်တောင်မှ သူ့မှာရှိတဲ့ အတွေ့အကြုံတွေကြောင့် လမ်းကြောင်းမှန်ကို သိရှိပြီး နွားပျိုထက်ပိုပြီး အသုံးဝင်နေနိုင်သေးတယ်ဆိုတဲ့ လေးနက်တဲ့ သဘောတရားကို စကားပုံလေးကနေ ပြောပြချင်တာပါ။။ ဒီစကားလေးကနေ အတွေ့အကြုံရဲ့ တန်ဖိုးကို အလေးထားဖော်ပြတာအပြင် စကားပုံလေးရဲ့ မူလရည်ရွယ်ချက်အဓိပ္ပာယ်တို့ကို အစီအစဉ်လေးကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #မြန်မာစကားပုံများ #နွားပျိုသန်လှနွားအိုပေါင်ကျိုး #Burmeseproverbs #proverbs

Show more...
1 month ago
4 minutes 50 seconds

Z-Lann
“ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဝန်ချတောင်းပန်”

စကားပုံတွေဟာ စကားပြောတဲ့အခါ မပါမဖြစ်တဲ့ အဆင်တန်ဆာတွေဖြစ်ပြီး စကားကိုရွှင်စေကာ အသက်ဝင်စေပါတယ်။ ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ပြောဆိုရမယ့် စကားတွေကို တိုတိုနဲ့ ထိထိမိမိပြောဖို့အတွက် စကားပုံတွေကို အသုံးပြုကြပါတယ်။ဒီနေ့မှာတော့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ဘုန်းကြီးခေါင်းခေါက်ပြီးမှ ဝန်ချတောင်းပန်” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဘုန်းကြီးခေါင်းခေါက်ပြီးမှဝန်ချတောင်းပန် #Burmeseproverbs #proverbs

Show more...
1 month ago
7 minutes 32 seconds

Z-Lann
"ဆင်ဖြူတော်မှီ ကြံစုပ်"

"ဆင်ဖြူတော်မှီ ကြံစုပ်" ဆိုတဲ့ စကားပုံဟာ ဆင်ဖြူတော်အတွက် ဆက်သတဲ့ကြံကို ဆင်ထိန်းက ကပ်မြှောင်ပြီး စုပ်သလိုမျိုး အာဏာ သို့မဟုတ် ဩဇာအရှိန်အဝါရှိတဲ့သူတစ်ဦးဦးကို မှီခိုပြီး ကိုယ်ကျိုးစီးပွားအတွက် ခိုးကြောင်ခိုးဝှက် အခွင့်အရေးယူတတ်ပုံကို ခိုင်းနှိုင်းဥပမာပေးထားတာ ဖြစ်ပါတယ်။ဒီနေ့ဇာတ်လမ်း Z-Lann “မြန်မာစကားပုံများ” အစီအစဉ်ကနေ "ဆင်ဖြူတော်မှီ ကြံစုပ်" စကားပုံရဲ့ အဓိပ္ပာယ်ကို လက်တွေ့ဘဝက ဥပမာတွေနဲ့ ဘယ်လိုရှင်းပြနိုင်မလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဆင်ဖြူတော်မှီကြံစုပ် #Burmeseproverbs #proverbs

Show more...
1 month ago
5 minutes

Z-Lann
"သခင်အားရ ကျွန်တန်ဝ"

သခင်အားရ ကျွန်တန်ဝ စကားပုံတွေဟာ စကားစုတိုလေးတွေဖြစ်ပေမယ့် နောက်ကွယ်မှာ အတွေ့အကြုံတွေ၊သင်ခန်းစာတွေ အများကြီး ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်စကားပြောဆိုတဲ့အခါ ဥပမာပေးဖို့၊အကြုံပြုဖို့နဲ့ အလိမ္မာနည်းသုံးကာ သင်ခန်းစာပေးဖို့အတွက် စကားပုံတွေကို အသုံးပြုကြပါတယ်။   ဒီနေ့ပြောပြပေးချင်တဲ့ စကားပုံလေးကတော့ သခင်အားရကျွန်တန်ဝဆိုတဲ့ စကားပုံလေးပဲဖြစ်ပါတယ်။ ဒီစကားပုံလေးရဲ့ မူရင်းအဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာတဲ့ဇာစ်မြစ်သမိုင်းကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “စကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပေးနေပြီဖြစ်လို့ ရှုစားနားဆင်နိုင်ပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #သခင်အားရကျွန်တန်ဝ #Burmeseproverbs #proverbs

Show more...
1 month ago
6 minutes 36 seconds

Z-Lann
"အမယ်မှာသည့် ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ"

မြန်မာလူမျိုးတွေဟာ စကားပြောတဲ့အခါမှာ ထိထိမိမိနဲ့လိုရင်းရောက်အောင် စကားပုံတွေကို အသုံးပြုပြီး ပြောတတ်ကြပါတယ်။ ကိုယ့်အတွက် ပိုအကျိုးရှိမယ့်အရာကိုတောင် မစဉ်းစားနိုင်ဘဲ တရားသေဆုပ်ကိုင် လုပ်ဆောင်တတ်ပုံကို “အမယ်မှာသည့်ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ”ဆိုတဲ့စကားပုံလေးနဲ့ ဘယ်လိုပညာသား ပါးပါး ပြောသွားမလဲဆိုတာကို ဇာတ်လမ်း Z-Lann “မြန်မာစကားပုံများ ”အစီအစဉ်ကနေ စောင့်မျှော် ကြည့်ရှုလို့ရပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #အမယ်မှာသည့်ဆန်တစ်ခွဲသုံးစိတ်နဲ့မလဲ #Burmeseproverbs #proverbs

Show more...
1 month ago
5 minutes 2 seconds

Z-Lann
"ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်"

"ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုတဲ့ စကားပုံကတော့ ဘယ်အလုပ်ကိုမဆို လုပ်ဆောင်တဲ့အခါမှာ အောင်မြင်ပြီးဆုံးတဲ့အထိ ရောက်အောင် လုပ်ဆောင်ဖို့ အသိပေးတဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။ ရေငုပ်တဲ့အခါမှာ ရေအောက်ကြမ်းပြင်က သဲပြင်ထိတိုင်အောင် ငုပ်သင့်သလို၊ သစ်ပင်တို့၊ တောင်တန်းတို့ကို တက်ရောက်တဲ့အခါမှာလည်း ထိပ်ဖျားထိရောက်အောင် တက်သင့်တယ်ဆိုပြီး ကြိုးစားအားထုတ်မှုကို အားပေးထားတဲ့ စကားပုံလေးဖြစ်ပါတယ်။ဒီစကားပုံလေးဟာ လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အလယ်မှာ စိတ်ဓာတ်မကျဘဲ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အောင်မြင်မှုပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်သင့်တယ်ဆိုတာကို အားပေးတဲ့ စကားပုံဖြစ်ပါတယ်။ ဒါဆိုရင် ဒီစကားပုံကို ဘယ်သူက စတင်ပြောခဲ့တာလဲ၊ ဘာကြောင့် ဒီစကားပုံလေး ပေါ်ပေါက်လာတာလဲဆိုတာကို ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ ကြည့်လိုက်ကြရအောင်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် #Burmeseproverbs #proverbs

Show more...
1 month ago
5 minutes 29 seconds

Z-Lann
အသံသာရှိ အဆန်မရှိ

လူမျိုးတစ်မျိုးရဲ့ ဓလေ့၊ ယဉ်ကျေးမှုနဲ့ အတွေ့အကြုံတွေကို ထင်ဟပ်နေတဲ့ အမွေအနှစ်တစ်ခုကို ဖော်ပြပါဆိုရင် မြန်မာ့စကားပုံလို့ ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် "အသံသာရှိ အဆန်မရှိ" ဆိုတဲ့ စကားပုံလေးဟာ အပြောအဆိုကောင်းပြီး ဟိတ်ဟန်များစွာနဲ့ ကြွားလုံးထုတ်နေပေမဲ့၊ တကယ်တမ်း လက်တွေ့မှာ ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိပုံကို ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။ဒီစကားပုံလေးကို လက်တွေ့ဘဝရဲ့ ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုနိုင်လဲ၊ ဒီစကားပုံကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိနိုင်လဲဆိုတာကို ပုံပြင်လေးနဲ့တကွ ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #အသံသာရှိအဆန်မရှိ #Burmeseproverbs #proverbs

Show more...
1 month ago
6 minutes 14 seconds

Z-Lann
"အချိန်တန်တော့ နွားပိန်ကန်လိမ့်"

ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားချင်တဲ့ စကားပုံလေးကတော့ “အချိန်တန်တော့ နွားပိန်ကန်လိမ့်” ဆိုတဲ့ စကားပုံလေးပါပဲ။ဒီစကားပုံလေးရဲ့ ဆိုလိုရင်းကတော့ နွားပိန်ပင် ဖြစ်သော်ငြားလည်း ရုန်းကန်ရမယ့်အချိန် ရောက်လာပြီဆိုရင် သူ့မှာရှိတဲ့ အင်အားနဲ့ ရုန်းကန်ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ အခြေအနေအချိန်အခါ ကျရောက်လာပြီဆိုရင် အလိုလိုဖြစ်မြောက်လာနိုင်ပုံကို ခိုင်းနှိုင်းဥပမာပေးထားတာဖြစ်ပါတယ်။ဒီစကားပုံလေးကို ဘယ်လိုအခြေအနေမျိုးမှာ သုံးလို့ရလဲ၊ ဘာကြောင့် ဒီစကားပုံလေး ဖြစ်ပေါ်လာတာလဲ ဆိုတာနဲ့ စကားပုံရဲ့နောက်ကွယ်ကပုံပြင်လေးကိုပါ ဇာတ်လမ်း Z-Lann ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #အချိန်တန်တော့နွားပိန်ကန်လိမ့် #Burmeseproverbs #proverbs

Show more...
1 month ago
4 minutes 56 seconds

Z-Lann
“မိုးကြိုးပစ် ထန်းလက်ကာ”

စကားပုံဆိုတာဟာ လူတွေရဲ့ဘဝအတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ၊ ယုံကြည်မှုတွေကနေ ဆင်းသက်လာပြီး မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုကို နှုတ်ပြောအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ စကားစု ဒါမှမဟုတ် ဝါကျတိုလေးတွေပဲ ဖြစ်ပါတယ်။ စကားပုံတွေမှာ ပညာပေးသဘော၊ ဆုံးမသွန်သင်တဲ့သဘော၊ သရော်လှောင်ပြောင်တဲ့သဘော၊ ဒါမှမဟုတ် တိုက်ရိုက်မပြောဘဲ ပုံပမာအားဖြင့် ပြောဆိုတဲ့သဘောတွေ ပါဝင်တတ်ပါတယ်။

ဒီနေ့ ဇာတ်လမ်း Z-Lann ကနေ ပြောပြသွားချင်တဲ့ စကားပုံလေးကတော့ “မိုးကြိုးပစ် ထန်းလက်ကာ” ဆိုတဲ့စကားပုံလေးပဲ ဖြစ်ပါတယ်။ ဒီစကားပုံလေးရဲ့ ဆိုလိုရင်းက မိုးကြိုးပစ်တာကို လုံလိုလုံငြား ထန်းလက်နဲ့ ကာသလိုပဲ၊ အပြစ်ရှိသူက အပြစ်ပေါ့လိုပေါ့ငြား မခိုင်လုံတဲ့ ဆင်ခြေတွေပေးပြီး ကာကွယ်တာကို ခိုင်းနှိုင်းဥပမာပေးချင်တာပါ။ ဒီစကားပုံလေး ဖြစ်ပေါ်လာပုံအသေးစိတ်ကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

#ZLann #ZLann_Podcast #မြန်မာစကားပုံများ #မိုးကြိုးပစ်တာထန်းလက်ကာ #Burmeseproverbs #proverbs



Show more...
1 month ago
5 minutes 44 seconds

Z-Lann
"ငါးစာသာမြင်၊ ငါးမျှားချိတ်မမြင်"

စကားပြောတဲ့အခါမှာ မြန်မာလူမျိုးတွေဟာ တိုတိုနဲ့လိုရင်းရောက်အောင် စကားပုံတွေကို အသုံးပြုတတ်ကြပါတယ်။ ဒီနေ့မှာတော့ အရှည်ကိုမျှော်တွေးမစဉ်းစားဘဲ ခဏတစ်ဖြုတ် မျက်စိတစ်မှိတ် ပျော်မွေ့ရခြင်းကိုသာ မြင်ပြီး ကြုံတွေ့ရမယ့် အန္တရာယ်ကို မမြင်နိုင်တဲ့ အကြောင်းကို အဓိပ္ပာယ်ပါပါနဲ့ ဖော်ပြထားတဲ့ “ငါးစာသာမြင်၊ ငါးမျှားချိတ်မမြင်” ဆိုတဲ့ စကားပုံလေးအကြောင်းကို ဇာတ်လမ်း Z-Lan ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငါးစာသာမြင်_ငါးမျှားချိတ်မမြင် #Burmeseproverbs #proverbs

Show more...
1 month ago
6 minutes 24 seconds

Z-Lann
"ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး"

ကျားရဲ့ရန်ကို ကြောက်ရွံ့တာကြောင့် အရှင်ကြီးကို ကိုးကွယ်မိလိုက်ချိန်မှာမှ ကျားစာဖြစ်ပြီး သေဆုံးခဲ့ရသလိုမျိုး၊ တစ်စုံတစ်ယောက်ရဲ့ ရန်ကိုကြောက်လို့ တခြားတစ်ယောက်ကို အားကိုးမိလိုက်ရာကနေ ပိုပြီးဒုက္ခရောက်သွားတဲ့အဖြစ်မျိုးကို "ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး" ဆိုတဲ့စကားပုံနဲ့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတာကို ကြားဖူးကြမှာပါ။

ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ ဒီစကားပုံလေး ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်းလေးကို ပုံပြင်သဖွယ် စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ကျားကြောက်လို့ရှင်ကြီးကိုးရှင်ကြီးကျားထက်ဆိုး #Burmeseproverbs #proverbs


Show more...
1 month ago
6 minutes 4 seconds

Z-Lann
“ကျွဲပါးစောင်းတီး”

“ကျွဲပါးစောင်းတီး”ဆိုတဲ့ စကားပုံလေးဟာ စကားလုံးနည်းနည်းလေးသာဖြစ်ပေမယ့် အဓိပ္ပာယ်ကတော့ အရမ်းကို လေးနက်ပါတယ်။ ကျွဲရဲ့အနားမှာ စောင်းကို ဘယ်လောက်ပဲ သာယာအောင် တီးခတ်နေပါစေ၊ ကျွဲအဖို့တော့ အချည်းနှီးပါပဲ။ အဲဒီလိုပါပဲ၊ အကောင်းအဆိုးကို မသိတဲ့သူတစ်ယောက်ကို တန်ဖိုးရှိတဲ့ စကားတွေ နားဝင်အောင် ဘယ်လောက်ပဲပြောပြော အချည်းနှီးပါပဲ။ဒီလိုလေးနက်တဲ့စကားပုံလေး ဘယ်ကနေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာနဲ့ စကားပုံနဲ့ ဆက်စပ်နေတဲ့ ပုံပြင်လေးကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ နားဆင်ကြည့်ရှုနိုင်ပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ကျွဲပါးစောင်းတီး #Burmeseproverbs #proverbs

Show more...
1 month ago
5 minutes 52 seconds

Z-Lann
"တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ"

စကားပုံဆိုတာ စကားပြောဆိုတဲ့အခါမှာ ပိုမိုထိရောက်စေဖို့ ခိုင်းနှိုင်းပြောဆိုလေ့ရှိတဲ့ စကားမျိုး ဖြစ်ပါတယ်။ စကားပုံတွေဟာ နိုင်ငံတိုင်းမှာရှိသလို မြန်မာမှာလည်း လေးနက်တဲ့ အဓိပ္ပာယ်ကိုယ်စီရှိတဲ့ စကားပုံတွေ ရှိပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ ကိစ္စတစ်ခုကို နေ့စဉ် မှန်မှန်လုပ်ဆောင်မယ်ဆိုရင် သေချာပေါက် လိုချင်တဲ့ပန်းတိုင်ကို ရောက်ကိုရောက်မယ်လို့ အဓိပ္ပာယ်ရတဲ့ "တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ" ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြသွားချင်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #တနေ့တလံ_ပုဂံဘယ်ရွေ့မလဲ #Burmeseproverbs #proverbs

Show more...
2 months ago
6 minutes 21 seconds

Z-Lann
"ငါးတု ခရုပွက် အိုင်ပျက်"

ဒီနေ့မှာတော့ မြန်မာစကားပုံတွေထဲက မတုပသင့်တာကို တုပယှဉ်ပြိုင်တာကြောင့် မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်ပါ ထိခိုက်ပျက်စီးရတယ်လို့ အဓိပ္ပာယ်ရတဲ့ “ငါးတု ခရုပွက် အိုင်ပျက်” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြချင်ပါတယ်။ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ဒီစကားပုံလေး ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာနဲ့ သူ့ရဲ့လေးနက်တဲ့ အဓိပ္ပာယ်အကြောင်းကို စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငါးတု_ခရုပွက်_အိုင်ပျက် #Burmeseproverbs #proverbs

Show more...
2 months ago
5 minutes 38 seconds

Z-Lann
"ယာလည်းညက် ကြက်လည်းပန်း"

ဒီနေ့ ပြောပြပေးချင်တဲ့ စကားပုံလေးကတော့ "ယာလည်းညက် ကြက်လည်းပန်း" ဆိုတဲ့ စကားပုံလေးဘဲဖြစ်ပါတယ်။ဒီစကားပုံရဲ့အဓိပ္ပာယ်ကတော့ ခွပ်နေတဲ့ ကြက်နှစ်ကောင် မောပန်းတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ကိုယ်လုပ်ရမယ့်အလုပ်ကိုလည်း မပျက်မကွက် လုပ်ဆောင်တာကြောင့် ယာလည်း ညက်သွားသလို ကြက်ကိုလည်း ဖမ်းမိသွားတာမျိုး၊ တစ်ချိန်တည်းမှာ အလုပ်နှစ်ခုကို အောင်မြင်အောင် လုပ်နိုင်တာကို ဥပမာပေးထားတာပါ။#ZLann #ZLann_Podcas #မြန်မာစကားပုံ #ယာလည်းညက်ကြက်လည်းပန်း #MyanmarIdioms #Proverbs

Show more...
2 months ago
7 minutes 54 seconds

Z-Lann
“ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ”

စာပေသမိုင်းကို ကြည့်လိုက်ရင် စကားပုံတွေနဲ့ ဥပမာပေးပြီး ပြောဆိုလာတာဟာ တိုးတက်တဲ့ စာပေယဉ်ကျေးမှုတစ်ရပ်ပါပဲ။ ဒီလိုပြောဆိုသုံးနှုန်းတာကို ကြည့်ပြီး သုံးတဲ့လူမျိုးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ရင့်ကျက်မှုနဲ့ အတွေးအခေါ် ကျယ်ပြန့်မှုတွေကို ခန့်မှန်းလို့ရပါတယ်။ဒီနေ့ ကျွန်တော်တို့ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ” ဆိုတဲ့ စကားပုံလေးအကြောင်း ပြောပြပေးသွားမှာပါ။ ဒီစကားပုံရဲ့ အဓိပ္ပာယ်၊ ဘယ်နေရာမှာ သုံးသင့်လဲ၊ ပြီးတော့ ဒီစကားပုံနဲ့ပတ်သက်တဲ့ ပုံပြင်လေးကိုပါ ပြောပြပေးမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ရွာသမုတ်လျှင်သစ်ငုတ်သော်မှကျားဖြစ်ရ #Burmeseproverbs #proverbs

Show more...
2 months ago
6 minutes 59 seconds

Z-Lann
“ဥပါဒါန်ကြောင့် ဥပါဒ်ရောက်”

“ဥပါဒါန်ကြောင့် ဥပါဒ်ရောက်” ဆိုတာ အလွန်အမင်းစွဲလမ်းတာ၊ ဒါမှမဟုတ် အယူသည်းလွန်းတဲ့အခါမျိုးမှာ ဘေးဒုက္ခနဲ့ ကြုံရတတ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတာပါ။ တစ်ခုခုအပေါ်မှာ အရမ်းယုံကြည်လွန်းတဲ့အခါ ကိုယ့်ရဲ့အမြင်ကို မှောင်စေပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိစေနိုင်ပါတယ်။ကိုယ်ကြုံတွေ့နေရတဲ့ကိစ္စတွေမှာ လိုတာထက်ပိုပြီး စိုးရိမ်ပူပန်လွန်းတာကြောင့် စိုးရိမ်သလိုမျိုး ဖြစ်လာတတ်တဲ့အကြောင်းကို “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်” ဆိုတဲ့စကားပုံနဲ့ မြန်မာလူမျိုးတွေ ဘယ်လိုဥပမာပေး ခိုင်းနှိုင်းပြောဆိုကြသလဲဆိုတာကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဥပါဒါန်ကြောင့်ဥပါဒ်ရောက် #Burmeseproverbs #proverbs

Show more...
2 months ago
5 minutes 4 seconds

Z-Lann
"ခဲမှန်ဖူးတဲ့ စာသူငယ်"

မြန်မာစကားပုံတွေဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေ့မှာ ပြောပြသွားချင်တဲ့ ဓလေ့သုံးဥပမာစကားပုံတစ်ခုကတော့ "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးပဲ ဖြစ်ပါတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ လူကိုမြင်တိုင်း ကြောက်လန့်နေတတ်သလို ဒုက္ခရောက်ဖူးသူတိုင်းဟာလည်း အန္တရာယ်အရိပ်အယောင်ကိုတွေ့တိုင်း ထိတ်လန့်တုန်လှုပ်နေတတ်ကြောင်းကို "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးနဲ့ အဓိပ္ပာယ်ရှိရှိ ဖော်ပြထားပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးအကြောင်းကို ဇာတ်လမ်းပရိသတ်ကြီး ဗဟုသုတရရှိစေဖို့အတွက် ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခဲမှန်ဖူးတဲ့_စာသူငယ် #Burmeseproverbs #proverbs

Show more...
2 months ago
6 minutes 56 seconds

Z-Lann
"ပြင်လွန်း ဖင်ချွန်း"

စကားပြောဆိုရာမှာ ကိုယ်ပြောလိုတဲ့အကြောင်းအရာ ပေါ်လွင်ထင်ရှားစေဖို့နဲ့ ရှေးက မှားယွင်းဆောင်ရွက်ခဲ့တာတွေကို နှောင်းလူတွေ ရှောင်လွှဲနိုင်စေဖို့အတွက် ရှေးလူကြီးတွေဟာ တိုတိုနဲ့ ထိမိပေါ်လွင်စေအောင် စကားပုံတွေနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားချင်တဲ့ စကားပုံလေးကတော့ “ပြင်လွန်း ဖင်ချွန်း” ဆိုတဲ့စကားပုံလေးပဲ ဖြစ်ပါတယ်။ ဒီစကားပုံလေးကတော့ အိုးလုပ်တဲ့အခါမှာ စိတ်တိုင်းမကျလို့ ထပ်ခါတလဲလဲ ပြင်လွန်းတာကြောင့် အိုးဖင်ချွန်းသွားသလိုမျိုး၊ စိတ်မကျေနပ်တိုင်း ပြင်လွန်းရင်လည်း ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်တဲ့အကြောင်းကို သတိချပ်စေတဲ့ စကားပုံလေးပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ပြင်လွန်းဖင်ချွန်း #Burmeseproverbs #proverbs

Show more...
2 months ago
6 minutes 5 seconds

Z-Lann
Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!