
ကမ္ဘာ့ဘောလုံးလောကရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ မိုဟာမက် ဆာလက် ရဲ့ ဘောလုံးကွင်းပြင်ပ ကြီးကျယ်ခမ်းနားတဲ့ ဘဝဇာတ်လမ်းကို အသေးစိတ်တင်ဆက်လိုက်ပါတယ်။ဆာလက်ရဲ့ ငယ်ဘဝရုန်းကန်မှုတွေ၊ ပရီးမီးယားလိဂ်မှာ ဒဏ္ဍာရီဖြစ်လာပုံတွေ၊ အီဂျစ်ပြည်သူတွေအပေါ် ဘယ်လို ထူးခြားတဲ့ သက်ရောက်မှုတွေ ရှိခဲ့သလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ အီဂျစ်သမ္မတရွေးကောက်ပွဲမှာ မဲ တသန်းနီးပါး ရခဲ့ပုံ၊ Liverpool မှာ ဂိုးသွင်းစံချိန်တွေချိုးခဲ့ပုံ၊ နာဂရစ်ရွာကို ဘယ်လိုပြောင်းလဲပေးခဲ့သလဲ၊ ဘာသာရေးနဲ့ လူမျိုးရေးကိစ္စတွေမှာ သူ့ရဲ့ ရပ်တည်ချက်တွေကို ဖော်ထုတ်ထားပါတယ်။ ဆာလက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ပရဟိတလုပ်ငန်းတွေနဲ့ အီဂျစ်အပါအဝင် ကမ္ဘာတဝန်းမှာ ဖြစ်ပေါ်စေခဲ့တဲ့ လူမှုပြောင်းလဲမှုတွေအကြောင်းကို မဖြစ်မနေ ကြည့်ရှုသင့်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ လူမှုရေးဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီစိတ်ဝင်စားဖွယ်ရာ မှတ်တမ်းရုပ်ရှင် ကို အဆုံးထိ လိုက်ပါနားဆင်ဖို့ တိုက်တွန်းလိုက်ပါရစေ...။