Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
History
Fiction
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/92/e0/3d/92e03dc7-08ec-e3f3-a983-0a58bbd2c036/mza_2937592836848545664.jpg/600x600bb.jpg
The Healing Path_Myanmar
The Healing Path_Myanmar
30 episodes
21 hours ago
ကပ်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ သက်သာပျောက်ကင်းနဲ့ ခံနိုင်ရည်စွမ်းအားမြင့်တင်စေမည့် အကြောင်းအရာများကို ဆက်တိုက် တင်ဆက်ပေးပါမယ်ခင်ဗျာ။ During the crisis in Myanmar(Burma), We will continue to present content that will improve mental healing and increase resilience among the people.
Show more...
Mental Health
Health & Fitness
RSS
All content for The Healing Path_Myanmar is the property of The Healing Path_Myanmar and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
ကပ်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ သက်သာပျောက်ကင်းနဲ့ ခံနိုင်ရည်စွမ်းအားမြင့်တင်စေမည့် အကြောင်းအရာများကို ဆက်တိုက် တင်ဆက်ပေးပါမယ်ခင်ဗျာ။ During the crisis in Myanmar(Burma), We will continue to present content that will improve mental healing and increase resilience among the people.
Show more...
Mental Health
Health & Fitness
Episodes (20/30)
The Healing Path_Myanmar
30. စိတ်ဒဏ်ရာဆိုတာ ဘာလဲ ဘာနဲ့ တူသလဲ
ကျွန်တော် စိတ်အနာ စိတ်ဒဏ်ရာအကြောင်းကို နည်းနည်းလေးတင်ပြချင်ပါတယ်. အဲ့ဒီတော့ အဲ့ဒါမတင်ပြခင်မှာ စိတ်အနာ မဟုတ်ရင်လဲ စိတ်ဒဏ်ရာ English လိုက Traumaပေါ့ဗျာ အဲ့တာဘာနဲ့တူလဲပေါ့ ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကျွန်တော်တို့ဆွေးနွေးကြတဲ့အခါမှာ စိတ်အနာ စိတ်ဒဏ်ရာဟာ အို မီးဖုံးနေတဲ့ အော်ပြာဖုံးနေတဲ့မီးနဲ့တူတယ်လို့ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲမြုံနေတဲ့အနာနဲ့တူတယ် တူတယ်လို့ပြောတယ်တဲ့လူတွေရှိတယ် မဟုတ်ရင်လဲကွဲသွားတဲ့ဖန်ကပ်တ ဖန်ခွက်တွေနဲ့တူတယ်လို့ ပြောတဲ့လူတွေရှိတယ် မဟုတ်ရင်လဲ တအုံနွေးနွေးလောင်နေတဲ့မီးနဲ့တူတယ်လို့ ပြောတဲ့လူတွေလဲရှိတယ် အဲ့ဒီတော့ စိတ်ဒဏ်ရာအတွက်ကျွန်တော်တို့ပြောတဲ့အခါမှာ ကျွန်တော်တဲ့ရဲ့ တင်စားမှုတွေက အမျိုးမျိုးရှိပြီးတော့ အဲ့ဒီတင်စားမှုတွေအားလုံးဟာလဲ ကျွန်တော်တို့ရဲ့စိတ်ဒဏ်ရာဆိုတာ ဘာလဲဆိုတာ ပိုနားလည်ဖို့အတွက် ကျွန်တော်တို့ကိုအထောက်အကူပေးပါတယ် အဲ့ဒီတော့ စိတ်အနာ စိတ်ဒဏ်ရာဟာ ဘာလဲ ကျွန်တော် စိတ်အနာအကြောင်း စိတ်ဒဏ်ရာအကြောင်း ကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ ခန္ဓာကိုယ် အနာဖြစ်တဲ့အကြောင်းကို ကျွန်တော်တို့ ပြန်စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့လည်း အများကြီးအထောက်အကူဖြစ်တယ် ဥပမာ ခန္ဓာကိုယ်အနာဖြစ်တာကို ကျွန်တော်လဲ နည်းနည်း အိုနည်းနည်းလေးတင်ပြချင်တယ် ဒီနေရာမှာ ကျွန်တော့်ရဲ့ဒီနေရာမှာ ဘာအနာမှမရှိဘူး ကျွန်တော့်ရဲ့အရေပြားက ချော့မွေ့နေတယ် ဘာမှမရှိဘူး ဒါမဲ့ ဒီနေရာကို ကျွန်တော်ကဒီဘောပင်နဲ့ ဖွင့်တောင်မဖွင့်ထားဘူး ဒီဘောပင်အတုံးနဲ့ ကျွန်တော်ပွတ်တယ်ဆိုရင် များသောအားဖြင့် အနာမဖြစ်ဘူးလို့ထင်ကောင်းထင်လိမ့်မယ် သို့လဲ ကျွန်တော်ဒီအတိုင်းဖိပြီးတော့ ဆွဲလိုက်ပြီဆိုလျှင် တစ်ချက်တည်းနဲ့လဲ စိတ်ရဲ့အနာကဖြစ်သွားနိုင်တယ် အဲ့လိုမဟုတ်ဘဲနဲ့ ကျွန်တော်က ဖြည်းဖြည်းလေးပွတ်တယ် အာ ဖြည်းဖြည်းလေးပွတ်ရင်တော့ ဘယ်အနာဖြစ်မလဲ မဟုတ်ဘူး ဒီဖြေးဖြေးလေးလဲ ကျွန်တော်အကြိမ်ဖန်များစွာ ကျွန်တော်ပွတ်နိုင်မယ်ဆိုရင် ပွတ်နေမယ်ဆိုရင် ဒီနေရာကအနာဖြစ်သွားမယ် ထိုနည်းတူစွာဘဲ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ကျွန်တော်တို့ကြုံတွေ့ရတဲ့အရာတွေ အခု စိတ်ဒဏ်ရာကိုဖြစ်စေတဲ့အရာတစ်ခုကြီးကြီးမားမားတစ်ခု ကျွန်တော်တို့ကြုံတွေ့လိုက်ပြီဆိုရင် တစ်ခါထဲနဲ့လဲကျွန်တော်တို့ စိတ်ထဲမှာအနာဖြစ်သွားနိုင်တယ်ဟို ဖြည်းဖြည်းလေးကျွန်တော်တို့ကြုံတွေရတဲ့အရာတွေများစွာရှိတယ် အဆင်မပြေတာတွေ ဖိအားတွေ နာကျင်မှုတွေအကြမ်းဖက်မှုတွေ များစွာကျွန်တော်တို့ကြုံနေရပြီးတော့ ဖြည်းဖြည်း ဖြည်းဖြည်းချင်း လာနေတာဘဲ ဒါပေမယ့်တစ်ချိန်ရောက်တဲ့အခါမှာ နောက်ဆုံးအဲ့ဒီ အချက်တစ်ချက်မှာဘဲ ပွင့်သွားသလိုပဲ ဒီခန္ဓာကိုယ်တွေက ပွင့်သွားသလိုပဲစိတ်ကအနာကပွင့်သွားပြီးတော့ စိတ်အနာ အနာရတာဖြစ်သွားတယ် စိတ်ဒဏ်ရာရတယ် ရသွားတယ်လို့ ကျွန်တော်တို့ပြောလို့ရပါတယ် အဲ့ဒီတော့ စိတ်အနာ စိတ်ဒဏ်ရာ ဟာ ဘာကြောင့်ဖြစ်တာလဲလို့ ကျွန်တော်တို့ပြောလို့ရှိရင်တော့ အား ဒီလာထိခိုက်တဲ့အရာကြောင့် လို့ကျွန်တော်တို့ပြောကောင်းပြောလိမ့်မယ် တစ်ကယ်ဆိုရင်တော့နှစ်ခုလုံးဘဲ ဒီလာထိတဲ့အရာရော ကျွန်တော့်အရေပြားရဲ့ခံနိုင်ရည်ရော ဥပမာ ကျွန်တော့်ရဲ့အရေပြားကို ဒီဘောပင်နဲ့ အကြိမ် ၁၀၀ ဆွဲမှ ပွန်းသွားမယ့် ပွင့်သွားမယ့်အနာဖြစ်သွားမယ်လို့ပြောတဲ့အခါမှာ တစ်ခြားတစ်ယောက်က အကြိမ် ၁၂၀ လောက်ထိ ဆွဲတဲ့အထိဒီ ဒီပြင်းအား ဒီဖိအားနဲ့ ခံနိုင်တဲ့အနေအထားမျိုးရှိနိုင်မယ် ပြောချင်တာကတော့ စိတ်အနာလို့ပြောတဲ့အခါမှာ ကျွန်တော်တို့ကိုလာပြီးတော့ သက်ရောက်တဲ့အရာရော ကျွန်တော်တို့တွေရဲ့ခံနိုင်ရည်စွမ်းအား စိတ်ထဲမှာရှိတဲ့ခံနိုင်ရည်စွမ်းအားရော အပေါ်မှာမူတည်ပြီးတော့ အဓိပ္ပယ်ဖွင့်ဆိုရမယ်ဆိုရင်တော့ စိတ်အနာကနက်ရှိုင်းတဲ့ သာမန်မဟုတ်တဲ့ ထိတ်လန့်မှု ၊ နာကျင်မှု အန္တာရယ်ကိုကြုံရတဲ့အခါမှာကိုယ့်ရဲ့ စိတ်ကမခံနိုင်တော့ဘဲနဲ့ ပုံစံပြောင်းသွားတယ် အခြေအနေ ပြောင်းသွားတယ် အရမ်းနာကျင်သွားတယ် အဲ့ဒီကိစ္စက စိတ်အနာလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်များ
Show more...
2 years ago
4 minutes 21 seconds

The Healing Path_Myanmar
29. ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် သစ်နက်ဟန်
အပိုင်း(၁၁) - ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ် ++++++++++++++++++++++++++++++++++++ ခင်ဗျားတို့ နေ့စဥ်ဘဝရဲ့ အချိန်တိုင်းမှာ တရားကျင့်စဥ် တွေ ကျင့်နေလို့ ရပါတယ်။ မနက်စာ စားဖို့ တန်းစီနေတုန်း ဖြစ်စေ၊ ညအိပ်ခါနီး လူရေဖို့ တန်းစီနေတုန်း ဖြစ်စေ သတိနဲ့ အသက်ရှုတာ ကို လေ့ကျင့်လို့ရတယ်။ အချိန်တိုင်းဟာ တည်ကြည်မှု၊ ငြိမ်းချမ်းမှု ရဖို့ လေ့ကျင့်နိုင်တဲ့ အချိန်ကောင်းတွေပါ။ ဘဝရဲ့ အချိန်ကောင်းတွေကို မဖြုန်းသင့်ပါဘူး။ သတိကျင့်စဥ် တွေကို ကျင့်လို့ ရက်အနည်းငယ် အတွင်းမှာပဲ ခင်ဗျားရဲ့ မိတ်ဆွေတွေဟာ ခင်ဗျားရဲ့ ထူးခြားမှုတွေကို သတိထားမိလာပါလိမ့်မယ်။ ခင်ဗျား ရှိနေရင် အေးချမ်းမှု ရတာမျိုးပေါ့။ သူတော်စင် တယောက် အနားရောက် နေသလိုပဲ လို့တောင် ပြောကြတာ ကြုံရလိမ့်မယ်။ . ကျနော် ခင်ဗျားတို့ကို ပုံပြင်လေး တခု ပြောပြမယ်။ ဒီပုံပြင်လေးကို ကျနော် အသက် ၇နှစ်သား ကိုရင် စဝတ်တုန်းက ဖတ်ဖူးတာ။ ဒီပုံပြင်တွေကို ဇတက (ဇာတ်တော်) တွေလို့ ခေါ်တယ်။ ဗုဒ္ဓရဲ့ အတိတ်ဘဝ ဇာတ်လမ်းတွေပေါ့။ ဘဝတခုမှာ ဘုရားလောင်းဟာ ငရဲ ကျနေတယ်။ သူကျတဲ့ ငရဲမှာ ငရဲသားတွေဟာ ကျောက်တုံးကြီးတွေကို ရွှေ့ရတယ်။ သူတို့ အမှားတခုခု လုပ်ရင် သူတို့ကို စောင့်တဲ့ ငရဲစောင့်က ခရင်းခွနဲ့ ရင်ဝကို ထိုးသတ်တယ်။ အဲဒီ အခါမှာ ငရဲသားဟာ အကြီးအကျယ် နာကျင်ပေမဲ့ မသေဘူး။ ဒါဟာ သူတို့ရဲ့ ပြစ်ဒဏ် တမျိုးပေါ့။ . တနေ့မှာတော့ ငရဲစောင့် တယောက်ဟာ သူတို့တွေ ကျောက်တုံးတွေ ရွှေ့နေတာကို နှေးတယ် ဆိုပြီး နောက်ကနေ လိုက်တွန်းတယ်။ ငရဲသားတယောက်က အားနည်းပြီး သူသယ်ရမဲ့ ကျောက်တုံးကို ကောင်းကောင်း မသယ်နိုင်ဘူး။ အဲဒီတော့ ငရဲစောင့်က ငရဲသားကို ခရင်းခွနဲ့ ထိုးမယ် လုပ်တယ်။ ဒါကို မြင်တဲ့ ဘုရားလောင်းရဲ့ ရင်ထဲမှာ တစုံတရာသော ခံစားမှု ဖြစ်လာတယ်။ သူဝင်ပြောရင် သူ့ကို ခရင်းခွနဲ့ အထိုးခံရမယ်၊ သေလုနီးပါး နာကျင်ပြီး မသေဘူး ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ဟိုငရဲသား အထိုးမခံရရင် တော်ပြီ ဆိုတဲ့ စိတ်နဲ့ ငရဲစောင့်ကို ပြောလိုက်တယ်။ "‌ခင်ဗျားမှာ နှလုံးသား မရှိဘူးလား၊ သူ့ကို အချိန်နည်းနည်း ပေးလိုက်ပါလား" လို့ ပြောလိုက်တယ်။ အဲဒီမှာပဲ ငရဲစောင့်က သူ့ရင်ဝကို ခရင်းခွနဲ့ ထိုးလိုက်တယ်။ ခရင်းခွနဲ့ ထိုးခံရတဲ့ ဘုရားလောင်းဟာ ချက်ချင်းသေသွားပြီး ငရဲကလွှတ်သွားတယ်။ လူအဖြစ် တဖန် ဝင်စားတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ဤဇာတ်တော် သည် မဟာယန ဇာတ်တော် တပုဒ် ဖြစ်သည်။ ) . ဘုရားလောင်းဟာ ‌သေမလောက် နာကျင်မယ် မှန်း သိရက်နဲ့ ငရဲစောင့်ကို သူ့အဖော် ငရဲသားအတွက် ဝင်ပြောပေးခဲ့တယ်။ သူဒီလို လုပ်ရင် ငရဲက လွတ်မယ် ဆိုတာလည်း မသိဘူး။ မျှော် လင့် ချက်လည်း မရှိဘူး။ သူဟာ မတရားမှုကို တွေ့တယ်။ မတရားမှုကြောင့် သူတပါး ဒုက္ခရောက်ရမှာ မလိုလားဘူး။ သူ့မှာ ကြင်နာမှု တရား (ဂရုဏာ) ရင်ထဲ ပေါ်လာတယ်။ ဒီကြင်နာခြင်းကပဲ သူ့ကို ငရဲကလွှတ်ပြီး လူဖြစ်အောင် လုပ်ပေးလိုက်တာပဲ။ အဲဒီ အချိန်က စပြီး ဘုရားလောင်းဟာ ဘဝ ဆက်တိုင်း ကြင်နာမှုကို ဦးစီးပြီး တရားတွေ ကျင့်လိုက်တာ နောက်ဆုံး ဘဝမှာ ဘုရား (ဗုဒ္ဓ) ဖြစ်လာတယ်။ ငရဲလည်း ထပ်မကျတော့ဘူးတဲ့။ ဒီတော့ ဗုဒ္ဓ တောင်မှ ငရဲလို အဆိုးဆုံး ဒုက္ခကို ကြုံခဲ့ဖူးတယ်။ သူ့ရဲ့ ကြင်နာမှု ကြောင့်သာ ငရဲကနေ လွှတ်မြောက်ခဲ့ရတာ။ ဒါကြောင့် ကြင်နာခြင်းသည် လွှတ်လပ်မှုအတွက် အကြောင်းတရပ်လို့ ဆိုချင်ပါတယ်။ . ကျနော်တို့ ဗုဒ္ဓ စာပေ မှာ အလွန်ကြင်နာမှုကြီးပြီး အများအတွက် အမြဲ နားစွင့်နေတဲ့ "အဝလောကိတေသွာရ" ဆိုတဲ့ ဗောဓိသတ်ဘုရားလောင်း တဆူ ရှိတယ်။ (ဘာသာပြန်သူ မှတ်ချက်။ ။ ထေရဝါရ အယူအရ လောကနတ် ခေါ်ပြီး မဟာယန အယူအရ ကွမ်ယင် ဟုလည်းခေါ်သည်။) သူက ပုံစံ အမျိုးမျိုးကို အသွင်ယူ ပြောင်းနိုင်တယ်။ ‌ယောကျ်ား၊ မိန်းမ၊ ကလေး၊ နာနာဘာဝ စသဖြင်ပေါ့။ သူက ဘယ်လိုပဲ အသွင်ယူပြီးနေနေ သူရဲ့ အတွင်းစိတ် အကြင်နာကြီးမှု ကတော့ မပြောင်းဘူး။ တခါမှတော့ သူဟာ ကြောက်မက်ဖွယ်ရာ မျက်နှာနဲ့ ပြိတ္တာအဖြစ် အသွင်‌ပြောင်းနေတယ်။ ဘာလို့လဲ ဆိုတော့ တခြားပြိတ္တာတွေကို ကူညီချင်တဲ့အတွက် ဖြစ်တယ်။ ဘယ်လိုပဲ ကြောက်စရာ ကောင်းပါစေ၊ အတွင်းစိတ်မှာ ဂရုဏာ ကြီးသူ ဖြစ်နိုင်ပါတယ်။ . ကျနော်တို့ အများစုဟာ မိမိကို သူတပါးက ရန်ပြုမှာ ကြောက်တယ်၊ ဒါကြောင့် ကိုယ့်ဟာ ရက်စက်သူ၊ ကြမ်းတမ်းသူ အဖြစ် ဟန်လုပ်နေတတ်ကြတယ်။ ဒါပေမဲ့ အတွင်းမှာတော့ ဗောဓိသတ် လိုပဲ ကြင်နာတတ်၊ စာနာတတ်တဲ့ စိတ်တွေ ရှိနေတတ်ပါတယ်။ ကြင်နာစိတ် မရှိရင် ကျနော်တို့ဟာ ဒုက္ခ ပိုခံရပြီး ကိုယ့် ပတ်ဝန်းကျင်ကိုလည်း ဒုက္ခ ပေးမိတတ်တယ်။ ကြင်နာစိတ်နဲ့ ဆိုရင်တော့ တခြား သက်ရှိတွေ အပေါ် စာနာတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း ဒုက္ခ နည်းစေတယ်။ . ခင်ဗျားဟာ ကြင်နာစိတ်၊ မေတ္တာစိတ်တွေနဲ့ လွှမ်းခြုံပြီး နေမယ် ဆိုရင် ခင်ဗျားနေတဲ့ ပတ်ဝန်းကျင်ဟာ အလုံခြုံဆုံး ဖြစ်မှာပါ။ ကြင်နာမှုကို မျက်လုံးက ဖော်ပြနိုင် သလို ခင်ဗျား အမှုအရာတွေကလည်း ပြနိုင်ပါတယ်။ လမ်းလျှောက်တာ၊ နေတာ၊ စားတာ၊ ပြုံးတာ၊ ဆက်ဆံတာတွေကနေ သိနိုင်တယ်။ ကြင်နာခြင်း မေတ္တာဟာ အကောင်းဆုံး ကိုယ့်ဘာသာ ကာကွယ်ရေး စနစ်ပါ။ ကူးစက်တာလည်း မြန်တယ်။ ကို
Show more...
3 years ago
5 minutes 23 seconds

The Healing Path_Myanmar
28. ကျေးဇူးသိသောအခါ သင် ဒုက္ခမရောက်ပါ သစ်နက်ဟန်
ကျနော် အမေရိကန်ကို ရောက်လာတော့ တခု သတိထားမိတယ်။ ဒီနိုင်ငံမှာ စားစရာ အလွန်ပေါတယ်။ အမျိုးအစားလည်း အလွန်စုံလင်တယ်။ ဒါပေမဲ့ စားသောက်ဖို့ အချိန်တော့ အတော်ရှားတယ်။ တကယ်တော့ စားသောက်ခြင်းဟာ ‌အများကြီး အားမစိုက်ရဘဲ စိတ်ချမ်းသာစေနိုင်တဲ့ နေ့စဥ်ကိစ္စတခုပါ။ ကျန်းမာအောင်လည်း အများကြီး စားဖို့ မလိုဘူး။ . ကျနော် အစာတခုခုကို တူနဲ့ ဖြစ်ဖြစ်၊ ဇွန်းနဲ့ ဖြစ်ဖြစ် ကောက်ယူလိုက်ပြီးရင် ခဏလောက် ကိုယ်ယူလိုက်တဲ့အစာကို ကြည့်လိုက်တယ်။ တစက္ကန့်လောက် ဆိုရင်တောင် လုံလောက်တယ်။ စိတ်တွေ လွှင့်မနေဘူးဆိုရင် ချက်ချင်းပဲ ဒါဟာ ပေါင်မုန့်၊ ပဲသီး၊ မုန်လာဥ စသဖြင့် သိလိုက်တယ်။ ပြီးရင် အစာကို ပြုံးပြလိုက်တယ်။ ပြီးရင် ပါးစပ်ထဲ ထည့်ပြီး သတိရှိရှိ စိတ်ပါလက်ပါ ဝါးလိုက်တယ်။ ဒီစားနေတာကလွဲရင် ဘာကိုမှလည်း မကြည့်ဘူး၊ မတွေးဘူး။ ဒီမှာပဲ စိတ်ထားတယ်။ . သတိအကျင့်ဆိုတာ ဘာလုပ်လုပ် သတိနဲ့ လုပ်တာ ပါပဲ။ အစားစားတဲ့အခါလည်း သတိနဲ့စားတော့ ပျော်ရွှင်မှု၊ တည်ကြည်မှု၊ ဘဝဖြစ်တည်မှု စတာတွေက သူတို့ဘာသာ ပေါ်လာတယ်။ အဲလို မိနှစ်နှစ်ဆယ်လောက် စားလိုက်ပြီးရင် ကျနော်ဟာ တနေ့တာ အတွက် အားပြည့်သွားပြီ လို့ ခံစားရတယ်။ ကိုယ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ၊ အကျင့်ပိုင်းဆိုင်ရာမှာလည်း အားပြည့်သွားတယ်။ ဒါကြောင့် အစာစားခြင်းဟာ အလွန်လေးနက်တဲ့ ကျင့်စဥ် လို့ ကျနော်ကပြောတာ။ . ကျနော်နေတဲ့ ဇီးကုန်းရိပ်သာမှာဆိုရင် အချိန်ယူပြီး စားသောက်ကြတယ်။ အတူတူ စုစားတယ်။ ညီညီညာညာ ထိုင်ပြီး လူစုံအောင် စောင့်တယ်။ လူစုံမှ စပြီး စားကြတယ်။ အဲလို ကိုယ့်ဘေးက ညီနောင်နှမ ရဟန်းတွေက သတိရှိရှိ စားနေကြတဲ့အခါ၊ ကိုယ်ဟာလည်း သတိအကျင့် နဲ့စားဖို့ အလိုလို အထောက်အကူ ဖြစ်လာတာပေါ့။ အစာ မစားခင်တိုင်းမှာ ကျနော်တို့က အစာနဲ့ပတ်သက်ပြီး ငါးချက် ဆင်ခြင်တယ်။ . ဆင်ခြင်ဖွယ်ရာ ငါးချက် +++++++++++++ ဤအစာသည် ‌မြေကြီး၊ ကောင်းကင်နှင့် များစွာသောလူတို့ ၏ ပြင်းထန်သောအားထုတ်မှုမှ ရလာသော လက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင်ကို လက်ခံနိုင်လောက်အောင် ထိုက်တန်သူ အနေဖြင့် ဂရုစိုက် သုံးဆောင်မည်။ ဤအစာကို အလောတကြီးစားသုံးခြင်းမှ ရှောင်ကြဥ်ပြီး မျှတရုံသာ သုံးဆောင်မည်။ ဤအစာသည် အာဟာရ ဖြစ်စေပြီး နာမကျန်းမှုကို ကာကွယ်ပေးနိုင်ပါစေ။ ဤအစာသည် မေတ္တာနှင့် (တရား)အကျင့် တို့ကို လမ်းပြပေးသော အရာ အဖြစ်သာ မှီဝဲသုံးဆောင်ပါမည်။ . ပထမဆင်ခြင်မှုကတော့ ရှင်းပါတယ်။ ဒီအစားအစာတွေက ကောင်းကင်နဲ့ ‌မြေကြီး ကလာတယ်။ လူအများ လုပ်အားကြောင့် အခုလို အသင့်စားသုံးဖို့ ဖြစ်လာတယ်။ ဒါကြောင့် ကောင်းကင်၊ မြေကြီးနဲ့ လူအပေါင်းရဲ့ လက်ဆောင်ပါ။ . ဒုတိယ ဆင်ခြင်မှုကတော့ ကိုယ်ရတဲ့လက်ဆောင်ကို တန်ဖိုးထားတတ်ဖို့ပါ။ တန်ဖိုးရှိတဲ့လက်ဆောင်ကို လက်ခံနိုင်အောင် ထိုက်တန်သူ ဖြစ်ဖို့ သတိရှိရှိ စားသုံးသင့်တယ်။ ကျေးဇူးတင်သင့်တယ်။ ဥပမာ ပဲပင်လေး တပင်ပဲ ဆိုပါစို့။ ဒီအပင်လေး ဖြစ်လာဖို့ မြေကြီးနဲ့ ကောင်းကင်က လနဲ့ချီပြီး ပျိုးထောင်ခဲ့ရတာ။ ဒါလေးကို သတိနဲ့ စားနေတဲ့အခါမှာ သူရဲ့ ထူးခြားချက်တွေကို သိလာမယ်၊ ကျေးဇူးတင်တတ်လာမယ်။ စားနေရင်းနဲ့ အတိတ်၊ အနာဂတ်တွေကို တွေးပူမနေသင့်ပါဘူး။ စားချိန်မှာ စားတာကိုပဲ အာရုံစိုက်ပါ။ အဲလို သတိရှိရှိ စားသုံးခြင်းဖြင့် လက်ဆောင်ကို ထိုက်တန်သူ ဖြစ်လာပါတယ်။ . တတိယ ဆင်ခြင်မှုကတော့ အလွန်အကျွန် မလုပ်ဖြစ်ဖို့ ဆင်ခြင်တာပါ။ အစားစားတဲ့အခါ တခါတလေမှာ လွန်သွားတတ်တယ်။ လိုတာထက် ပိုစားတယ်၊ လောဘတကြီးစားတတ်ကြတယ်။ ဒါကြောင့် သင့်တင့်မျှတအောင် စားဖို့ ဆင်ခြင်ရတာပါ။ ကျနော်တို့ ဇီးကုန်းရိပ်သာမှာတော့ လူတိုင်းဟာ သပိတ်တလုံးစီနဲ့ စားကြတယ်။ ကိုယ့်သပိတ်ထဲမှာ အစာ ဘယ်လောက် ရှိရင် သင့်တော်ပြီ ဆိုတာ ကျနော်တို့က သိတယ်။ သပိတ်ဆိုတာ ကျနော်တို့ ရဟန်းတွေအတွက် အစာ မျှတအောင် စားတတ်ဖို့ တိုင်းတဲ့ ကိရိယာလို့ တောင် ပြောလို့ရတယ်။ အစာ စားတာ မလွန်ဖို့ အလွန် အရေးကြီးပါတယ်။ ဖြည်းဖြည်းစားမယ်၊ သေသေချာချာ ဝါးမယ် ဆိုရင် အစာနည်းနည်းကလည်း အာဟာရ အများကြီး ရနိုင်ပါတယ်။ သင့်တင့်သော ပမာဏကသာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ . စတုတ္ထ ဆင်ခြင်မှုကတော့ ဤအစာကိုစားခြင်းကြောင့် ဖြစ်လာမဲ့ အရည်အသွေးကို ဆင်ခြင်တာပါ။ အဟာရဖြစ်စေရမယ်၊ ကျန်းမာဖို့အတွက် ဖြစ်စေရမယ်။ သည်လို အစာတွေကိုပဲ စားတယ်။ မိမိကိုယ်ကိုနဲ့ သူတပါးကို အဆိပ်အတောက် ဖြစ်စေတဲ့ အစာတွေ၊ မေတ္တာ ခေါင်းပါးစေတဲ့ အစာတွေ မစား သုံးဘူးပေါ့။ လောဘစိတ်၊ ဒေါသစိတ်နဲ့ စားရင် ဒါတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိစိတ်နဲ့ စားတတ်အောင် ဆင်ခြင်တာပါ။ ‌ဗုဒ္ဓက ဟောခဲ့တယ်။ အစားအသောက် စားခြင်းကြောင့် မေတ္တာ ခေါင်းပါးလာရင် မိမိရဲ့ ရင်သွေး အသားကို စားရသလိုပါပဲ တဲ့။ ဒါကြောင့် မေတ္တာ၊ ဂရုဏာ ဖြစ်အောင် စားတတ်ဖို့ လေ့ကျင်သင့်ပါတယ်။ . နောက်ဆုံး ဆင်ခြင်မှုကတော့ ဘာကြောင့် စားနေသလဲ ဆိုတာကို ဆင်ခြင်တာပါ။ ကျနော်တို့ ရဟန်းဘဝမှာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ လူတွေကို ဒုက္ခနည်းအောင် ကူညီ တရားပြဖို့၊ လူတွေကို ငြိမ်းအေးမှုနဲ့ ထိ‌တွေ့ နိုင်အောင် ကူညီဖို့ စသဖြင့်ပေါ့။ ဒီလို လူတွေကို ကူညီနိုင
Show more...
3 years ago
6 minutes 9 seconds

The Healing Path_Myanmar
27. အပြုံးကျင့်ပါ
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ "အသက်ရှုသွင်းတယ်၊ ငါပြုံးနေတယ်" ဆိုပြီး ကျင့်ခိုင်းတော့ ကျနော့်ကို လူအများက မေးခွန်းထုတ်ကြတယ်။ "ရင်ထဲမှာ အပျော်မရှိဘဲနဲ့ ဘယ်လို ပြုံးလို့ရမလဲ" တဲ့။ အပြုံးကို လေ့ကျင့်ခန်းလို လုပ်ပါ လို့ပဲ ဖြေရမှာပဲ။ ကျနော်တို့ မျက်နှာမှာ ကြွက်သားပေါင်း သုံးရာကျော် ရှိတယ်။ စိတ်ဆိုးတဲ့အခါ၊ ကြောက်တဲ့အခါတွေမှာ အဲဒီကြွက်သားတွေက တင်းနေတယ်။ အဲဒီ တင်းမာမှုက လူကိုလည်း တင်းမာစေတယ်။ ပြုံးလိုက်တဲ့အခါ အဲဒီတင်းမာမှုတွေဟာ လျော့ကျ ပြေပျောက် သွားတယ်။ ဒါကြောင့် ဒီအသက်ရှုရင်း ပြုံးတဲ့ လေ့ကျင့်ခန်းကို "ပါးစပ် ယောဂ" (Mouth Yoga) လို့ တင်စားခေါ်ကြတာ။ ဒါကြောင့် အပြုံးကျင့်ပါ။ အသက်ရှုသွင်းရင်း (တဝက်ပဲ ဖြစ်ဖြစ်) ပြုံးကြည့်ပါ။ တင်းနေတာတွေ လျော့သွားပြီး နေလို့ အတော်ကောင်းသွားပါလိမ့်မယ်။ . ကိုယ့်ပျော်ရွှင်မှုကြောင့် ပြုံးရတဲ့အချိန်တွေ ရှိသလို ကိုယ့်အပြုံး ကြောင့် ပျော်ရတဲ့အချိန် တွေလည်း ရှိတယ်။ ကျနော်ကတော့ ပျော်လာမဲ့အချိန်ထိ မစောင့်တော့ဘူး။ အရင်ဦးအောင် ပြုံးထားလိုက်တယ်။ အပျော်က သူ့ဘာသာ လာပါလိမ့်မယ်။ တခါတလေ ကျနော်တယောက်တည်း အမှောင်ထဲမှာ အပြုံး လေ့ကျင့်တတ်တယ်။ အဲလို ကျင့်ခြင်းဟာ ကိုယ့်ဘာသာ ကြင်နာရာ ရောက်တယ်၊ ဂရုစိုက်ရာ၊ ချစ်ရာလည်း ရောက်တယ်။ ကျနော့်တို့ဟာ ကိုယ့်ဘာသာ ဂရုမစိုက်တတ်ဘူး ဆိုရင် ကျနော်တို့ သူတပါးကိုလည်း ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ . ကိုယ့်ဘာသာ ကြင်နာတတ်ခြင်းဟာလည်း အလွန် အရေးကြီးတဲ့ လေ့ကျင့်ခန်းတခုပါ။ ပင်ပန်းတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ မုန်းတီးမှုဖြစ်နေတဲ့အခါ၊ ကိုယ့်ခန္ဓာကို (စိတ်က) ပြန်လာတတ်ပြီး ဒီ ပင်ပန်းမှု၊ ဒေါသ၊ အမုန်းတွေကို ဂရုစိုက်တတ်ဖို့ လိုတယ်။ ကိုယ့်ဘာသာ ကြင်နာတတ်ဖို့လိုတယ်။ ဒါကြောင့်လည်း ကျနော်တို့ သတိအကျင့်နဲ့ ပြုံးတတ်အောင်၊ လမ်းလျှောက်တတ်အောင်၊ အသက်ရှုတတ်အောင်၊ စားတတ်အောင် လေ့ကျင့်နေရတာပါ။
Show more...
3 years ago
1 minute 52 seconds

The Healing Path_Myanmar
26.အံ့ဖွယ်အချိန်
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++ ခင်ဗျားတို့ကို အသက်ရှုလေ့ကျင့်ခန်းတခု ကျနော် မျှဝေချင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခင်ဗျားတို့ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ အထောက်အကူ အများကြီး ပေးမယ်လို့ ယုံကြည်ပါတယ်။ . အသက်ရှုသွင်းတယ်၊ ရှုသွင်းနေတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ရှုထုတ်နေတာကို သိနေတယ်။ အသက်ရှုသွင်းတယ်၊ ဝင်လေ နက်နဲလာတာ သိနေတယ်။ အသက်ရှုထုတ်တယ်၊ ထွက်လေ နှေးလာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ လျော့ချလိုက်တယ်။ အသက်ရှုထုတ်တယ်၊ သက်သာ ပေါ့ပါး လာတာ သိနေတယ်။ အသက်ရှုသွင်းတယ်၊ ငါ ပြုံးနေတယ်။ အသက်ရှုထုတ်တယ်၊ လွှတ်ချလိုက်တယ်။ အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ နေတယ်။ အသက်ရှုထုတ်တယ်၊ အံဖွယ်အချိန် ပါလား။ . ဒီနည်းကို "ဝင်၊ထွက်၊ နက်နဲ၊ နှေးလာ၊ လျော့ချ၊ သက်သာ၊ ပြုံးနေ၊ လွှတ်ချ၊ ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" (In, Out, Deep, Slow, Calm, Ease, Smile, Release, Present Moment, Wonderful Moment)လို့ အနှစ်ချုပ် မှတ်ထားလည်း ရတယ်။ . ပထမဆုံး ဝင်၊ထွက် ကို လေ့ကျင့်ကြည့်မယ်။ အသက်ရှုသွင်းလိုက်တဲ့အခါ ကိုယ့်စိတ်ထဲက "ဝင်တယ်" လို့ တိုးတိုးဆိုပါ။ အဲဒီအခါမှာ အသက်ရှုနေတဲ့ ‌ဝင်လေ တိုးဝင်နေတာကို သတိထားမိမယ်။ အသက်ရှုထုတ်လိုက်တဲ့အခါမှာလည်း ကိုယ့်စိတ်ထဲက "ထွက်တယ်" လို့ တိုးတိုးဆိုပါ။ ထွက်လေကို သတိထားမိမယ်။ ဒီစကားလုံးတွေက လက်ရှိကာလကို ပြန်ပြန်လာဖို့ အထောက်အကူ ပြု စကားလုံးတွေပါ။ အခုလို "ဝင်တယ်၊ ထွက်တယ်" ဆိုတဲ့လေ့ကျင့်ခန်းကို စိတ်တည်ငြိမ် အေးချမ်းလာတဲ့အထိ ခဏ လုပ်လိုက်ပါ။ . အဲလို စိတ်ငြိမ်လာတဲ့အခါ နောက်တခါ ဝင်လေမှာ "နက်နဲတယ်"၊ ထွက်လေမှာ "‌နှေးကွေးတယ်" လို့ ပြောင်းလို့ရပါပြီ။ အသက်ကို သတိရှိရှိနဲ့ ရှုသွင်း၊ ရှုထုတ်လုပ်ရင် အသက်ရှုမှုဟာ တဖြည်းဖြည်း နက်နဲလာသလို ‌နှေးလာတယ်။ ပိုပြီးလည်း အေးချမ်းလာသလို ငြိမ်လာတယ်။ (ဘာသာပြန်သူ မှတ်ချက်။ နက်နဲတယ် deep ဆိုတာ အသက်ကို ဖြည်းဖြည်းနဲ့ ဝ ဝ ရှုခြင်းကို ဆိုလိုပါတယ်။ ပြင်းပြင်း ရှုခြင်း မဟုတ်ပါ။ ) အဲဒီလို အကြိမ်ကြိမ် ရှုလို့ အားရပြီ ဆိုရင် နောက်တဆင့်တက် လို့ ရပါပြီ။ . နောက်တဆင့်ကတော့ "လျှော့ချ၊ သက်သာ" အဆင့် ပါ။ ‌လျှော့ချ တယ် ဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်ထဲက တင်းကြပ်မှုတွေကို လျော့ချ လိုက်ခြင်းပါ။ ငြိမ်းချမ်းမှုကို ကိုယ်တွင်းကို ဖိတ်ခေါ် လိုက်တာပါ။ အကယ်၍များ စိတ်ထဲမှာ ပြင်းထန်တဲ့ စိတ်ခံစားချက် တခုခု ဖြစ်နေရင်လည်း "အသက်ရှုသွင်းတယ်၊ စိတ်ကို လျော့ချလိုက်တယ်။" "အသက်ရှုသွင်းတယ်၊ စိတ်ကို ခံစားမှု လျော့ချလိုက်တယ်။" လို့ စိတ်က ဆိုပေးလို့ရပါတယ်။ အသက်ရှုထုတ်တဲ့အခါ "သက်သာတယ်" ဆိုတာကတော့ မိမိကိုယ်မှာ ‌သက်တောင့်သက်သာ ဖြစ်နေတဲ့ ရုပ်အခြေအနေ၊ စိတ်အခြေအနေကို ပြန်ပြီး သုံးသပ်တဲ့သ‌ဘောပါ။ အဲလို သက်သက်သာသာ ဖြစ်နေတာကိုလည်း သတိထားမိအောင် ကြိုးစားပါ။ အဲဒီ အဆင့်ကို ကျွမ်းကျင်သွားရင် နောက်တဆင့် တက်နိုင်ပါ။ . နောက်တဆင့်ကတော့ "ပြုံးတယ်၊ လွှတ်ချတယ်" ဆိုပြီး ဝင်လေမှာ ပြုံးမယ်၊ ထွက်လေမှာ လွှတ်ချမယ်။ ပြုံးချင်စိတ် မရှိဘူး ဆိုရင်တောင် ကြိုးစားပြီး ပြုံးကြည့်ပါ။ ပြုံးလိုက်တဲ့အခါ ပျော်တဲ့ဓာတ်၊ ငြိမ်းအေးတဲ့ဓာတ်တွေ အလိုလိုရောက်လာပြီး တင်းမာနေတာတွေ လျော့ကျသွားတယ်။ ထွက်လေနဲ့ အတူ "လွှတ်ချတယ်" လို့ ရေရွတ်ရင်း ပူပန်စရာတွေ၊ စိုးရိမ်စရာ၊ ကြောက်စရာ၊ ဒေါသတွေ၊ အတွေးတွေ ကို လွှတ်ချလိုက်ပါ။ . နောက်ဆုံးအဆင့်က "ပစ္စုပ္ပန်ကာလ၊ အံဖွယ်ကာလ" ပါ။ "အသက်ရှုသွင်းတယ်၊ ပစ္စုပ္ပန်မှာ တည့်အောင်နေတယ်။ အသက်ရှုထုတ်တယ်၊ ဒီအချိန် အံဖွယ်အချိန် ပါလား။" ဆိုပြီး အသက်ရှုသွင်းတိုင်း၊ ရှုထုတ်တိုင်းမှာ အခုလက်ရှိအချိန်ဟာ ကိုယ့်အတွက် အံဖွယ်ကာလ တခုပါလား ဆိုတာ သိနေ အောင် ကြိုးစားပါ။ ဗုဒ္ဓ ပြောခဲ့တဲ့ "ဘဝဆိုတာ လက်ရှိအချိန်ပါ" ဆိုတာ ကို မှတ်မိတယ် မဟုတ်လား။ ဒါကြောင့် ဘဝကို သိနိုင်ဖို့ လက်ရှိအချိန် ပစ္စုပ္ပန် ကို ပြန်ပြန်လာရပါတယ်။ . ကျနော်တို့ရဲ့ အသက်ရှုနေမှု (ဝင်လေထွက်လေ) တွေဟာ ကိုယ်နဲ့ စိတ်ကို ဆက်ပေးထားတဲ့ တံတားတွေနဲ့ တူပါတယ်။ နေ့စဥ်ဘဝေတွမှာ ကျနော်တို့ ကိုယ်နဲ့ စိတ်ဟာ တနေရာစီမှာ ရှိနေတတ်ပါတယ်။ ကိုယ်က ဒီနေရာမှာ ဆိုပေမဲ့ စိတ်ကတော့ အတိတ်နဲ့ အနာဂတ် မှာ ရောက်နေမယ်။ ဒါကို စိတ်လွှင့်တယ်လို့ ဆိုကြတယ်။ ကျနော်တို့ သတိရှိရှိနဲ့ ဝင်လေထွက်လေ ရှုတဲ့အခါ ခန္ဓာကိုယ်ဟာ စိတ်ဆီ ပြန်သွားသလို စိတ်ဟာလည်း ကိုယ်ဆီကို ပြန်လာပါတယ်။ လူနဲ့ စိတ်နဲ့ ကပ်သွားတဲ့ သဘောပေါ့။ . အဲဒီအချိန်မှာ ခင်ဗျားဟာ လက်ရှိနေရာနဲ့ လက်ရှိအချိန်မှာ ဘဝကို ပြည့်ပြည့်ဝဝ နေထိုင်လိုက်ရတာပါလား လို့ သဘောပေါက်လာ လိမ့်မယ်။ ဘဝကို နက်နက်ရှိုင်းရှိုင်း ထိတွေ့နိုင်တဲ့ အနေအထားမှာ ရှိလာပါတယ်။ ဒီလို အနေအထား ရောက်ဖို့ မခက်လှပါဘူး။ လူတိုင်း ကျင့်ရင် ဖြစ်နိုင်ပါတယ်။ . (ဆက်ရန်) အပိုင်း(၇) - https://www.facebook.com/akmoe2001/posts/2979152625681888 အပိုင်း(၉) - https://www.facebook.com/akmoe2001/posts/298137329879
Show more...
3 years ago
4 minutes 37 seconds

The Healing Path_Myanmar
25. လွတ်လပ်သူလို လမ်းလျှောက်ပါ
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++++++++++++ ဒီမနက် ကျနော် ထောင်ဝင်းထဲကို ဝင်လာတော့ သတိရှိရှိနဲ့ လှမ်းဝင်ခဲ့တယ်။ ကျနော် ဘာကို သတိထားမိသလဲ ဆိုတော့ ထောင်ဝင်းအတွင်းက လေရှုရတဲ့အရသာဟာ ‌အပြင်မှာ လိုပဲ။ ကျနော် ကောင်းကင်ကို မော့ကြည့်တယ်။ အပြင်မှာတုန်းက မြင်ရတဲ့ ကောင်းကင်ပြာပဲ။ ‌‌‌ထောင်ဝင်းထဲမှာ မြက်ပင်တွေ၊ ပန်းပွင့်တွေကလည်း အပြင်က အတိုင်းပါပဲ။ ကျနော့် ‌‌ခြေလှမ်းတိုင်းဟာလည်း အပြင်မှာလို ခိုင်ခံနေတယ်၊ လွတ်လပ်နေတယ်။ ဒီတော့ ကျနော့်အမြင် ပြောရရင် ဒီထောင်တွင်းမှာလည်း ခင်ဗျားတို့ သတိအကျင့် အောင်အောင်မြင်မြင် ကျင့်နိုင်ဖို့၊ ကိုယ်တွင်း လွတ်လပ်မှု၊ ယုံကြည်မှုတွေ ရလာစေဖို့ မဖြစ်နိုင်စရာ မရှိဘူး။ . လမ်း‌လျောက်တဲ့အခါ၊ အသက်ကို ရှုသွင်း၊ ‌‌ခြေလှမ်း တလှမ်းနှစ်လှမ်း လှမ်းလိုက်၊ လူတယောက် နာမည်ကို (စိတ်ထဲ) က ခေါ် လိုက်ပါ။ ခင်ဗျား ချစ်ရတဲ့သူတယောက်၊ ခင်ဗျား ကို ကြင်နာသူ၊ ပျော်ရွှင်စေသူ၊ သူ့အကြောင်းတွေးလိုက်ရင် ခွန်အားဖြစ်စေသူ၊ လန်းဆန်းစေသူ စတဲ့သူ တ‌ယောက်ယောက်ပေါ့။ ဥပမာ ‌ဒေးဗစ် ဆိုတဲ့သူ ဆိုပါစို့။ အသက်ရှုသွင်း လိုက်ရင်း ‌ခြေလှမ်းနှစ်လှမ်း လှမ်းတယ်၊ လှမ်းနေရင်း "ဒေးဗစ်၊ ဒေးဗစ်" လို့ စိတ်ထဲက ခေါ်လိုက်ပါ။ အသက်ရှုထုတ်လိုက်ရင်း နောက်ထပ် ‌ခြေနှစ်လှမ်း လှမ်းလိုက်၊ လှမ်းနေရင်းနဲ့ "ငါဒီမှာ၊ ငါဒီမှာ" လို့ စိတ်ကနေ ရေရွတ်လိုက်ပါ။ တခြား ဘာကိုမှ မစဥ်းစားပါနဲ့။ ဒီလမ်းလျောက်တာရယ်၊ အသက်ရှုတာရယ်၊ ဒေးဗစ်ရယ်ကိုပဲ အာရုံထားပါ။ အဲလို "ဒေးဗစ်၊ ဒေးဗစ်၊ ငါဒီမှာ၊ ငါဒီမှာ " လို့ လမ်းလျောက်ရင်း ရွတ်ဖန်များလာတဲ့အခါ ခင်ဗျားဟာ ဒေးဗစ်နဲ့ အတူတူ အေးအေးချမ်းချမ်း လမ်းလျောက်နေတယ်လို့ ခံစားလာရမယ်။ . အဲဒီလိုပဲ။ ကမ္ဘာ‌ကြီးကို နာမည်ခေါ်ပြီး လမ်းလျှောလို့လည်း ရတယ်။ "Earth, Earth, Here I am, Here I am" (‌‌‌ကမ္ဘာ၊ ကမ္ဘာ၊ ငါဒီမှာ၊ ငါဒီမှာ) လို့။ ကမ္ဘာ‌ကြီးဆိုတာ ကျနော်တို့ရဲ့ မိခင်ကြီးပါ။ သူက ကျနော်တို့အတွက် အမြဲရှိနေတယ်လေ။ အစားအသောက်တွေ ထုတ်ပေးတယ်၊ အသက်ရှင်အောင် လုပ်ပေးတယ်၊ ‌ကျနော်တို့ ကောင်းကောင်း ဆိုးဆိုး လက်ခံတယ်။ ဒါကြောင့် မိခင်ကမ္ဘာ‌ကြီး ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျနော် ဟာ သူ့နာမည်ခေါ်ပြီး ကျနော်ရှိနေကြောင်း ပြောတာပါ။ ဒါဟာလည်း သတိကျင့်စဥ် တမျိုးပါ။ အဲဒီလိုသာ ခင်ဗျား ပုံမှန် လေ့ကျင့်လိုက်ရင် ရက်အနည်းငယ်၊ လအနည်းငယ် အတွင်းမှာ သိသိသာသာ ထူးခြားလာပါလိမ့်မယ်။ . ကိုယ့်ခန္ဓာကိုယ် ထဲက ဓာတ်တွေနဲ့ ထိတွေ့တတ်အောင် လေ့ကျင့်ဖို့လည်း လိုပါတယ်။ ဒီဓာတ်တွေက ကျနော်တို့ လန်းဆန်းစေတယ်၊ ရောဂါတွေ ပျောက်စေတယ်။ ပုံမှန်အားဖြင့် ကျနော်တို့ဟာ ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေတဲ့ဓာတ်တွေကို အဝင်ခံလေ့ရှိတယ်။ အဲလိုဝင်လာရင် ကျနော်တို့ဟာ စိတ်တိုလာတယ်၊ စိတ်ဆိုးလာတယ်၊ စိတ်ဓာတ်ကျလာတယ်။ ကျနော့်ဆရာ ဗုဒ္ဓ ကပြောတယ်။ ဘယ်အရာမှ အစာမရှိဘဲ အသက်မရှင်နိုင်ဘူးတဲ့။ ကျနော်တို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အမုန်းတရားတို့ဟာ (စိတ်)အစာ မရှိဘဲ မရှင်သန်နိုင်ပါဘူး။ . ခင်ဗျားမှာ အမုန်းတရား ဖြစ်နေတယ် ဆိုပါစို့။ ဒီအမုန်းပင်ကို ရှင်သန်အောင် ခင်ဗျားက အစာကျွေးနေတယ်၊ ရေလောင်းနေတယ်။ ဒီတော့ ဘယ်အစာ အာဟာရဟာ ဒီစိတ်ကို ကြီးထွားအောင် လုပ်နေသလဲ ဆိုတာ အသေအချာ သိအောင် လုပ်ပြီး အစာဖြတ်တောက်ရမယ် လို့ ဗုဒ္ဓက အကြံပေးတယ်။ အဲလိုသာ ဖြတ်တောက်နိုင်ခဲ့ရင် ခင်ဗျားရဲ့ အမုန်းတရားတွေ၊ စိတ်ညစ်တာတွေဟာ တဖြည်းဖြည်း သေးငယ် ပပျောက်သွားမယ်။ ဒီလို သိနိုင်ဖို့ သတိအကျင့် လိုပါတယ်။ . သတိအကျင့် နေ့စဥ်ဘဝမှာ မရှိရင်တော့ ကျနော်တို့ဟာ ပတ်ဝန်းကျင်က အဆိပ်တွေကို ကြည့်ရင်း နားထောင်ရင်း စိတ် အစာ ကျွေးနေတတ်ပါတယ်။ အဲဒီကနေ ဒေါသတွေ အမုန်းတွေ‌ဟာ အဆိပ်စားပြီး ကြီးထွားလာကြတယ်။ နေ့စဥ်ဘဝမှာ အဆိပ်အတောက် ရနိုင်တဲ့‌နေရာ များစွာ ရှိပါတယ်။ ဥပမာ တီဗီကြည့်ရင်း ဒေါသထွက်နေတာမျိုးပေါ့။ အကယ်လို့ ဝင်လေထွက်လေအပေါ််မှာ သတိရှိနေတယ် ဆိုရင် ဒါဟာ ငါ့ဒေါသကို ကြီးထွားစေတဲ့ အဆိပ် ပဲလို့ သိလာမယ်။ အဲဒီတော့ အချိန်မီ တားလိုက်နိုင်တာပေါ့၊ သတိရှိရှိ နေခြင်း ဆိုတာ အဲလို အဆိပ်အတောက် အမျိုးမျိုးကို မသုံးစွဲမိအောင်၊ ဝင်မလာအောင် နေထိုင်ခြင်းပါ။ အဲလို အဆိပ်တွေ အစား အံဖွယ်ရာ၊ လန်းဆန်းရာ၊ ခွန်အားဖြစ်ရာ ထိတွေ့နိင်အောင် ကြိုးစားခြင်းပါ။ ဒီအရာတွေက ခင်ဗျား ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်မှာ အပြည့်ရှိပါတယ်။ . __________________________ AKMoe 2022/02/03
Show more...
3 years ago
4 minutes 33 seconds

The Healing Path_Myanmar
24. လွတ်လပ်မှုကို အခုပဲ ရယူပါ
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ++++++++++++++++++++++ ခုန ပြောခဲ့သလို ကောင်းကင်နိုင်ငံကို ထိတွေ့နိုင်ဖို့ အလေ့အကျင့်နည်းနည်းနဲ့ အတူတူ လေ့ကျင့်ဖော်တယောက်ပဲ လိုတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ညီအကိုမောင်နှမပဲဖြစ်ဖြစ် ရင်းနှီးသူတယောက် ဆိုရင်တော့ ပိုကောင်းတာပေါ့။ တယောက်ယောက်က သတိအကျင့်လေးနဲ့ လမ်းလျောက်နေတာကို မြင်ရင် တခြားသူတွေကလည်း လိုက်လုပ်ချင်လာတာပဲ။ . ကျနော့်ဆီကို ပြင်သစ်က အကျဥ်းသားတဦးက စာရေးဖူးတယ်။ သူက ကျနော့်စာအုပ်တွေဖတ်ပြီး သူ့ဘာသာ သတိအကျင့်နဲ့ လမ်းလျောက်တယ်တဲ့။ အကျဥ်းထောင်ရဲ့ လှေကားထစ်တွေကို အခေါက်ပေါင်းများစွာ သတိအကျင့်နဲ့ အတက်အဆင်းလုပ်တယ်။ သူ့ခြေလှမ်းတိုင်းကို သူကျေနပ် နေမိတယ်။ အဲလိုစကျင့်တဲ့အချိန်က စပြီး သူ့ဘဝဟာ ပြောင်းသွားတယ်။ အရင်ကထက်စာရင် အများကြီး ငြိမ်းချမ်းလာတယ်။ တခြားသူတွေ အလောတကြီး သွားလာတာကို တွေ့ရင် သူမှာ သူတို့ကို သတိအကျင့်နဲ့ လမ်းလျောက်တတ်နိုင် သင်ပေးချင်စိတ် ဖြစ်မိတယ်တဲ့။ သူလိုပဲ သူတို့ကို ငြိမ်ချမ်းစေချင်တဲ့ ဆန္ဒ ဖြစ်မိတယ်လို့ ရေးထားတယ်။ . လမ်းလျောက်တဲ့အခါ လွတ်လပ်သူ တယောက်လို လျောက်ကြပါ။ ခြေလှမ်းတိုင်းက မိမိသိက္ခာ၊ ယုံကြည်မှု၊ လွတ်လပ်မှု တွေကို ယူလာပေးနေတယ် ဆိုတဲ့စိတ်နဲ့ လျောက်ပါ။ အဲလိုသာ သတိနဲ့ လျောက်လှမ်းနေရင် ဟိုစာရေးတဲ့ မိတ်ဆွေလို ခင်ဗျားတို့ရင်ထဲမှာ ငြိမ်းချမ်းမှုတွေ၊ စာနာမှုဂရုဏာတွေ ပေါ်လာလိမ့်မယ်။ . လူအများစုဟာ အကြောက်တရား၊ အမုန်း၊ ဒေါသ၊ တွေေဝမှုတွေနဲ့ လျောက်နေတယ် ဆိုတာကို သတိထားမိလာလိမ့်မယ်။ အဲလို အခါမှာ သူတို့ကိုလည်း ပစ္စုပ္ပန်တည့်တည့် လွတ်လပ်သူတွေ အဖြစ် နေတတ်အောင်၊ စားတတ်အောင်၊ လမ်းလျောက်တတ်အောင် ကူညီလိုစိတ်တွေ ပေါ်လာမယ်။ လူတယောက်ရဲ့ အပြုအမှုဟာ သူ့ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိတယ် ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ . ကျနော် ပထမဦးဆုံး အနောက်နိုင်ငံတွေကို ထွက်လာတော့ ကျနော့်မှာ မိတ်ဆွေလည်း မရှိဘူး။ ကျနော်ကျင့်နေတဲ့ သတိအကျင့်ပဲ ရှိတယ်။ ကျနော်ထွက်လာရတဲ့ ရည်ရွယ်ချက်က ကျနော့်နိုင်ငံမှာ ဖြစ်နေတဲ့ ကြမ်းတမ်းရက်စက် လူသားမဆန်တဲ့ ကိစ္စတွေကို ရပ်အောင် ကြိုးစား ကြည့်မယ် ဆိုတဲ့ ဆန္ဒပါ။ ကျနော် ဘယ်နေရာ ရောက်ရောက် သတိအကျင့်နဲ့ စားတယ်၊ သွားတယ်။ ကျနော့်အလေ့အကျင့် ထက်သန်လာတယ်။ . ကြာတော့ ကျနော့်တို့ရဲ့ ဗီယက်နမ် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာလည်း အားကောင်းလာတယ်။ အဲလိုပဲ ကျနော့်မှာလည်း မိတ်ဆွေတွေ တဖြည်းဖြည်း တိုးလာတယ်။ သူတို့ကလည်း ကျနော့် သတိအကျင့်ကို သတိထားမိလာတယ်။ ကျနော့်ကို သင်ပြပေးဖို့ တောင်းဆိုကြတယ်။ အခုဆိုရင် ထောင်ပေါင်းများစွာသော ကျနော့်မိတ်ဆွေတွေဟာ ကမ္ဘာအနှံမှာ သတိအကျင့်ကို နေ့စဥ် ကျင့်နေကြတယ်။ အဲလိုကျင့်သူတွေရဲ့ ဘဝတွေဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာတယ်။ စာနာမှု၊ သည်းခံမှု၊ ခွင့်လွတ်တတ်မှုတွေ ပြည့်ဝလာကြတယ်။ သူတို့ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခနည်းအောင် ကူညီလာနိုင်တယ်။ __________________________ AKMoe
Show more...
3 years ago
2 minutes 49 seconds

The Healing Path_Myanmar
23. သင်ဟာလည်း အံ့ဖွယ်ရာ
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
Show more...
3 years ago
3 minutes 27 seconds

The Healing Path_Myanmar
22. တန်ခိုးသတ္တိများကို ထိတွေ့ခြင်း ၊ သစ်နက်ဟန်
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
Show more...
3 years ago
1 minute 52 seconds

The Healing Path_Myanmar
21. လွတ်လပ်ရေးကို စိုက်ပျိုးမယ် ၊ သစ်နက်ဟန်
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
Show more...
3 years ago
4 minutes 58 seconds

The Healing Path_Myanmar
20. လွတ်မြောက်စေခြင်း၏ စွမ်းအင်၊ သစ်နက်ဟန်
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
Show more...
3 years ago
4 minutes 14 seconds

The Healing Path_Myanmar
19. မေတ္တာနဲ့လူ့အဖွဲ့အစည်းအကြောင်း ၊ ဂျေဒုကရိသျှမုတ္တိ
ဂျေဒုကရိသျှမုတ္တိ၏ Penguin Krishnamurti Reader တွင် ပါရှိသော For the Young အပိုင်းတွင်ပါရှိသော ဟောပြောချက် ၂၄ ခုကို စုစည်းပြီး ရှင်သန်နေသော ဘဝ အမည်ဖြင့် ဆရာမောင်သာမည ဘာသာပြန်ထားသော စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
Show more...
3 years ago
9 minutes 55 seconds

The Healing Path_Myanmar
18. နွေးထွေးမှုအတွက်၊ သစ်နက်ဟန်
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ===========================+++++++++++++++++ မိတ်ဆွေများခင်ဗျာ။ ဒီကဗျာလေးကို ကျွန်ုပ်ဟာ ဗီယက်နမ်စစ်ပွဲကာလတုန်းက ရေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်လေတပ်ဟာ ဘမ်တမ်း(Ben Tre) မြို့ကို ဗုံးကျဲနေစဉ် ဖြစ်ပါတယ်။ ဒီမြို့လေးဟာ ကျနော်နဲ့အတူပါလာတဲ့ ဒီကညီမ ချမ်ကောင်း ရဲ့ မွေးရပ်ဇာတိ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေဟာ တမြို့လုံးကို ဗုံးကျဲ ဖျက်ဆီးလိုက်တယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဒီမြို့လေးမှာ ဗီယက်နမ်ပြောက်ကျား လေး၊ငါးယောက် ရှိလို့တဲ့။ နောက်တော့ သူတို့အရာရှိတယောက်က ဒီလို ကြေငြာတယ်ဗျာ။ ဘမ်တမ်းမြို့လေးကို ကွန်မြူနစ်လက်အောက်က လွှတ်မြောက်အောင် သူတို့ ဗုံးကျဲ ဖျက်ဆီးလိုက်ရပါတယ်တဲ့။ ဒီကဗျာလေးဟာ ဒေါသအကြောင်းဖြစ်ပါတယ်။ . ငါ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတယ်။ ဟင့်အင်း၊ ငါ မငိုနေပါဘူး။ ငါ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတယ် အထီးကျန်တဲ့ နွေးထွေးမှုတွေကို ထိန်းထားဖို့ ဒီလက်တွေနဲ့ ကာကွယ်ထားတယ် ဒီလက်တွေနဲ့ ပျိုးထောင်ပေးမယ် ဒေါသကြောင့် ငါ့အသက်ဝိဉာဉ် ကိုယ်ထဲက ထွက်မသွားအောင် ဒီလက်တွေနဲ့ ဆွဲထားမယ်။ . . အဲဒီအချိန်မှာ ကျနော်ဟာ အလွန်ဒေါသ ဖြစ်နေခဲ့တယ်။ ဒီဒေါသဟာ ကျနော့်ဒေါသတော့ သီးသန့် မဟုတ်ဘူး။ တနိုင်ငံလုံးက ဖြစ်နေတဲ့ဒေါသ။ ဒေါသ ဟာ စွမ်းအင်တမျိုးပါ။ ကိုယ်နဲ့တကွ ကိုယ့်အနီးအနားလူတွေကိုပါ ဒုက္ခပေးနိုင်တဲ့ စွမ်းအင်။ ဘုန်းကြီးတပါးအနေနဲ့တော့ ကျနော်ဟာ ဒေါသထွက်ရင် ဒေါသကို ဂရုစိုက်တတ်အောင် လေ့ကျင့်ပါတယ်။ ဒေါသက ကိုယ့်ကို နှိပ်စက်ခွင့်၊ ဖျက်ဆီးခွင့် ကို ကျနော် မပေးဘူး။ မိမိရဲ့ဒေါသကို ဂရုစိုက်နိုင်ရင်၊ ဒေါသကို အစားထိုးနိုင်ရင်၊ သင်ဟာလည်း ပိုပြီး အေးအေးချမ်းချမ်း နေလာနိုင်မယ် လို့ ကျနော် ယုံကြည်တယ်။ ___________________ AKMoe 2022/01/24 #BeFreeWhereYouAre #ThichNhatHanh
Show more...
3 years ago
1 minute 53 seconds

The Healing Path_Myanmar
17. မေတ္တာတရားအကြောင်း ၊ ဂျေဒုကရိသျှမုတ္တိ
ဂျေဒုကရိသျှမုတ္တိ၏ Penguin Krishnamurti Reader တွင် ပါရှိသော For the Young အပိုင်းတွင်ပါရှိသော ဟောပြောချက် ၂၄ ခုကို စုစည်းပြီး ရှင်သန်နေသော ဘဝ အမည်ဖြင့် ဆရာမောင်သာမည ဘာသာပြန်ထားသော စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
Show more...
3 years ago
9 minutes 58 seconds

The Healing Path_Myanmar
16.ကိုယ်နဲ့ စိတ်တို့ ဖြေလျှော့နည်း
အိပ်မရ ပင်ပန်း ညောင်းညာနေသူတွေအတွက်
Show more...
3 years ago
5 minutes 14 seconds

The Healing Path_Myanmar
13. ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 3
အရှင်မြတ်ဒလိုင်းလားမာနဲ့ ဆရာတော်တူးတူးတို့ ဒရ်ဆာလာမှာ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးကို The Book of Joy ဆိုပြီး စာအုပ်လေး ထုတ်ထားတယ် ဒါကို ဆရာပီတိက ပြန်ဖတ်ပြီး ပြန်ရေးထားတာလေး ဆရာတော်တူးတူး မရှိတော့ပေမယ့် သူပြောခဲ့တာတွေ သူအားထုတ်မှုတွေ ကျန်နေဆဲ ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။
Show more...
3 years ago
16 minutes 53 seconds

The Healing Path_Myanmar
15. ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 5
ဆရာတော် ဒတ်စမွန်တူးတူး ဘုန်းတော်ဝင်စားလေပြီ အရှင်မြတ်ဒလိုင်းလားမာနဲ့ ဆရာတော်တူးတူး ဒရ်ဆာလာမှာ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးကို The Book of Joy ဆိုပြီး စာအုပ်လေး ထုတ်ထားတယ် ဒါကို ဆရာပီတိက ပြန်ဖတ်ပြီး ပြန်ရေးထားတာလေး ဆရာတော်တူးတူး မရှိတော့ပေမယ့် သူပြောခဲ့တာတွေ သူအားထုတ်မှုတွေ ကျန်နေဆဲ ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။
Show more...
3 years ago
16 minutes 57 seconds

The Healing Path_Myanmar
14. ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 4
အရှင်မြတ်ဒလိုင်းလားမာနဲ့ ဆရာတော်တူးတူး ဒရ်ဆာလာမှာ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးကို The Book of Joy ဆိုပြီး စာအုပ်လေး ထုတ်ထားတယ် ဒါကို ဆရာပီတိက ပြန်ဖတ်ပြီး ပြန်ရေးထားတာလေး ဆရာတော်တူးတူး မရှိတော့ပေမယ့် သူပြောခဲ့တာတွေ သူအားထုတ်မှုတွေ ကျန်နေဆဲ ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။
Show more...
3 years ago
24 minutes 7 seconds

The Healing Path_Myanmar
12. ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 2
အရှင်မြတ်ဒလိုင်းလားမာနဲ့ ဆရာတော်တူးတူး ဒရ်ဆာလာမှာ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးကို The Book of Joy ဆိုပြီး စာအုပ်လေး ထုတ်ထားတယ် ဒါကို ဆရာပီတိက ပြန်ဖတ်ပြီး ပြန်ရေးထားတာလေး ဆရာတော်တူးတူး မရှိတော့ပေမယ့် သူပြောခဲ့တာတွေ သူအားထုတ်မှုတွေ ကျန်နေဆဲ ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။
Show more...
3 years ago
18 minutes 34 seconds

The Healing Path_Myanmar
11.ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 1
ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။ ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။
Show more...
3 years ago
13 minutes 14 seconds

The Healing Path_Myanmar
ကပ်ကာလ အတွင်း စိတ်ပိုင်းဆိုင်ရာ သက်သာပျောက်ကင်းနဲ့ ခံနိုင်ရည်စွမ်းအားမြင့်တင်စေမည့် အကြောင်းအရာများကို ဆက်တိုက် တင်ဆက်ပေးပါမယ်ခင်ဗျာ။ During the crisis in Myanmar(Burma), We will continue to present content that will improve mental healing and increase resilience among the people.