
ဖြတ်သန်းမှု စုံလင်သူနဲ့ မေးခွန်းကောင်း မေးတတ်သူ နှစ်ယောက်ဆုံတဲ့အခါ ဇာတ်လမ်းကောင်း တစ်ပုဒ်ထွက်ပါတယ်။
ဒီဇာတ်လမ်းကို Burma Podcast Network ဝိုင်းတော်သားတွေ မန်းမှုတ်လိုက်တဲ့အခါ Podcast ကောင်းတစ်ပုဒ်ရပါတယ်။
အဲ့ဒါကတော့ ကျောင်းသားခေါင်းဆောင်လူငယ်တွေဖြစ်သူ ဇေယျာလွင်နဲ့ မောက်ခမ်းဝါ တို့ နှစ်ပါးသွား Episode ဖြစ်ပါတယ်။ ဒီအပိုင်းဟာ ရသအတော်စုံတဲ့ Comedy Podcast တစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ ငွေကြေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဘာသာရေးနဲ့ လူငယ်ဘဝဖြတ်သန်းမှုတွေ၊ စွန့်ဦးတီထွင်ခရီးသွား လုပ်ငန်းတွေ နောက်ဆုံး ဓမ္မဒူတ လူငယ်လိုမျိုး ခင်ဗျားတို့ကျနော်တို့ မေ့နေပြီဖြစ်တဲ့ ငယ်ဘဝက မှတ်ဥာဏ်တွေကိုပါ ဖုန်သုတ်ပေးပါလိမ့်မယ်။ နားသောတဆင်ကြပါဦး။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်