
၂၀၂၄ ခုနှစ် UNODC ရဲ့ မြန်မာဘိန်းစစ်တမ်း အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှုမှာ အများဆုံးနိုင်ငံအဖြစ်နဲ့ မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။
အဆိုးဆုံးကတော့ သျှမ်းပြည်ထဲမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကတော့ ၈၈ ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်နေပါတယ်။
ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများလာတာနဲ့အတူ သုံးစွဲမှုတွေကများပြားပြီးတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကစ မူးယစ်ဆေးဝါးကို သုံးစွဲလာတက်ကြပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးတွေကျဆင်းလာပြီ လုပ်အားခနဲ့မညီမျှတဲ့ လခတွေကိုရနေကြတာကြောင့် လူငယ်တွေကျောင်းထွက် အလုပ်လုပ်ပြီး မူးယစ်ဆေးဝါးကို စွဲသုံးနေတာတွေလည်းရှိနေပါတယ်။
ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်နေတဲ့ သျှမ်းပြည်ထဲက မူးယစ်ဆေးဝါးတွေကို သုံးစွဲနေတဲ့ အသက်မပြည်လူငယ်တွေရဲအကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆောင်းပါးအတွင်းမှာ လုံခြုံရေးအရ နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။ တကယ်လို့ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannewsburmese.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။