
စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတတူးဖော်မှု
ပတ္တမြားနယ်မြေလို့ တင်စားခေါ်ဝေါ် တဲ့ မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်နိုင်တဲ့အချိန်မှာ ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာကြိုဆိုနေခဲ့ကြတာကို စာဖတ်ပရိသတ်တွေအနေနဲ့ မှတ်မိမယ်လို့ထင်ပါတယ်။
ဒါပေမဲ့ အခုချိန်မှာတော့ မိုးကုတ်မြို့ပြည်သူတွေဟာ TNLA တပ်ဖွဲ့ အပေါ် အားထားသလို မဖြစ်လာခဲ့ပဲ အာဏာရှင် အသစ်ထံပြောင်းသွားသလို ခံစားရတယ်လို့ဆိုပါတယ်။ အခုတော့ TNLA တပ်ဖွဲ့ကိုလည်း မိုးကုတ်မြို့ပြည်သူတွေကတော့ အားရကျေနပ်မှု လျော့နည်းလာပါတယ်။
ဘာတွေကြောင့် မိုးကုတ်ပြည်သူတွေက TNLA အပေါ် အားရကျေနပ်မှုတွေလျော့လာလဲ၊ TNLA က ဘယ်လိုတွေ လုပ်ဆောင်နေလဲဆိုတာ ကိုတော့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။