
စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ
“ကျမကို သေနတ်နဲ့ ဝိုင်းချိန်ပြီး အဲ့ထဲက တစ်ယောက်က သေနတ်ဒင်နဲ့ ဉီးခေါင်းကို ထုတယ်။ စစ်ဖိနပ်နဲ့ ရင်ဝကို ကန်တယ်။ ကျမ အသိစိတ်တွေပါ ပျောက်သွားတယ်”
မြန်မာနိုင်ငံအတွင်းမှာ အာဏာရှင် ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မိသားစုတွေ ပြိုကွဲသွားခဲ့ရတာ အများအပြားရှိနေပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှု သတ်ဖြတ်မှုတွေကြောင့် ခွဲခွာသွားရတဲ့ မိသားစုတွေထဲမှာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်က ဒေါ်ငယ်ရဲ့ မိသားစုလည်း အပါဝင်ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ Podcast အစီစဉ်ထဲမှာဆိုရင်တော့ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့တဲ့ မိခင်ဒေါ်ငယ်အကြောင်း ဆောင်းပါးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
လုံခြုံရေးအရ ဆောင်းပါအတွင်းကို နာမည် နဲ့ အသံကို အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ www.shannewsburmese.org မှာ သွားရောက်ဖတ်ရှူနိုင်ပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။