
စစ်အာဏာရှင်အမြစ်ဖြတ်ဖို့၊ အာဏာရှင်မှန်သမျှ တော်လှန်ဖို့ဆိုပြီး ကြွေးကြော်လာတဲ့ “၁၀၂၇ စစ်ဆင်ရေး” ညီနောင်မဟာမိတ်တွေက ဉီးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်းကို တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။
“၁၀၂၇စစ်ဆင်ရေး” မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ နယ်မြေအများအပြားသိမ်းပိုက်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း ပြည်သူတွေ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အာဏာရှင် အမြစ်မဖြတ်သေးခင်မှာ စစ်ရေး ရပ်တန့်ခဲ့ရပြီး၊ ညီနောင်မဟာမိတ်တွေ သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကို တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်လာခဲ့ပါတယ်။
ဒ့ါကြောင့် “၁၀၂၇ စစ်ဆင်ရေး”မှာ မသန်စွမ်းပြည်သူတွေ ဘယ်လိုအသက်ရှင် ရပ်တည်ခဲ့လဲဆိုတာကို ဒီတစ်ပတ် Podcast အစီစဉ်အနေနဲ့ သိန္နီမြို့နေ မသန်စွမ်း နန်းဆမ် အကြောင်းကို တင်ဆက်ပေးသွားမှာပါ။
လုံခြုံရေးအရ ဆောင်းပါအတွင်းကိုတော့ နာမည် နဲ့အသံကို အစားထိုးအသုံးပြုထားပါတယ်။ မူရင်းဆောင်းပါးကို ပြန်လည်ဖတ်ရှူချင်တယ်ဆိုရင်တော့ burmese.shannews.org မှာသွားရောက်ဖတ်ရှူနိုင်ပါတယ်။