
အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “တို့ဆေး”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ ဒုစရိုက်တွေ ၊ ခိုးယူ ၊ လုယက် ၊ လိမ်လည်မှုတွေ များပြားလာခဲ့ပါတယ်။
တရားဥပဒေစိုးမိုမှုလည်း မရှိတာကြောင့် အရေးယူဆောင်ရွက်ရေးပိုင်းမှာလည်း အားနည်းလာပါတယ်။
အထူးသဖြင့် မသမာသူတွေက အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေ ၊ ကလေးတွေကို ဦးတည်ပြီး ဖြားယောင်းဖမ်းဆီးခေါ်ဆောင်သွားပြီး လူကုန်ကူးတဲ့အဆင့်ထိ အတင်းအဓမ္မပြုကျင့်တာ စတာတွေကိုလည်း ပြုလုပ်လာပါတယ် ။
ဒီတစ်ပတ် Podcast ထဲမှာတော့ တို့ဆေး ကို အသုံးပြုပြီးတော့ အမျိုးသမီးငယ်တွေ အသက်ကြီးတဲ့အမျိုးသမီးတွေကို ဦးတည်ပြီး ပြုလုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
အခုတင်ဆက်ပေးမဲ့ဆောင်းပါးကို “အမျိုးသမီးလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ တို့ဆေးဆိုတဲ့ ခေါင်းဆောင်နဲ့ နန်းခမ်းကူက ရေးထားပြီ သျှမ်းသံတော်ဆင့်မှ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။
ဒါကြောင့် တို့ဆေးတွေကိုဘယ်လိုအသုံးချပြီ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလဲဆိုတာကို သိရှိဖို့ အခုတင်ဆက်ပေးမဲ့ Podcast ကို အဆုံးထိ နားဆင်းဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်။