
ဒီတစ်ပတ်ဆွေးနွေးပေးမယ့် ခေါင်းစဉ်ကတော့ ''တစ်နှစ်တာကိုပြန်လည်သုံးသပ်ခြင်း'' ဆိုတဲ့ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ တစ်နှစ်တာလုပ်ဆောင်ခဲ့သမျှအရာတွေ မှတဆင့် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာ၊ ကျေနပ်စရာများရှိခဲ့သလို နာကျင် ဝမ်းနည်းစရာ အဆင်မပြေမှုများလည်းရှိခဲ့နိုင်ပါတယ်။ဒီလိုအတက်အကျတွေနဲ့ ပင်ပန်းနေရတဲ့စိတ်လေးကို နှစ်တစ်နှစ်၏ နောက်ဆုံးလမှာ ခဏအနားပေးကာ ပြန်လည်သုံးသပ်ခြင်းဖြင့် နှစ်သစ်မှာ အကောင်းဆုံး ဆက်လက်လျှောက်လှမ်းဖို့ အတူတူကြိုးစားကြမယ်။