
Apple ရဲ့ airpods product line တစ်ခုတည်းက ဝင်ငွေက ဒေါ်လာ ၃၀ ဘီလီယံ ကျော်ရှိတယ်။ ဒါဟာ တစ်ခြား နည်းပညာ company တွေဖြစ်တဲ့ Spotify, Uber, Adobe တို့ထက်ပိုများတယ်။ smart phone တွေပြီးတာနဲ့ earbuds တွေ headphone တွေဟာ ဒုတိယ လူသုံးအများဆုံး products တွေဖြစ်ပါတယ်။ ဖုန်းထုတ်တဲ့ company တော်တော်များများကလည်း နားကြပ်ပေါက်တွေဖျောက်လိုက်တော့ ကြိုးမဲ့နားကြပ်တွေဟာ မရှိမဖြစ်လိုအပ်လာတာကိုတွေ့ရတယ်။ နောက်ပိုင်း phone company တွေအားလုံးနီးပါးလည်းကိုယ်ပိုင် earbuds တွေထုတ်လာပြီး သူတို့ရဲ့ဖုန်းတွေနဲ့ တွဲသုံးလို့ရတဲ့ အပိုင်းကိုပိုပြီးအာရုံစိုက်လာတာကိုတွေ့ရပါတယ်။
ဒီနေ့ episode မှာတော့ consumer space ထဲကို အသွင်မတူ ထူးခြားပြီး အတွင်းပိုင်းကိုရှင်းရှင်းလင်းလင်း မြင်ရတဲ့ earbuds တစ်ခုကို nothing ဆိုတဲ့ company ကမိတ်ဆက်လိုက်တဲ့ အကြောင်းကို အဓိကထားဆွေးနွေးထားပါတယ်။ nothing ကိုတော့ One Plus ရဲ့ အရင် cofounder Carl Pei ကတည်ထောင်ထားတာဖြစ်ပြီး earbuds တွေအပြင်တစ်ခြား product line တွေကိုလည်း အနာဂတ်မှာထုတ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
Follow Burmese Tech Cafe on Facebook - https://www.facebook.com/burmesetechcafe
Chat with us live on Clubhouse - https://www.clubhouse.com/club/burmese-tech-cafe