Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
News
Sports
TV & Film
About Us
Contact Us
Copyright
© 2024 PodJoint
Podjoint Logo
US
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts116/v4/ad/4e/19/ad4e19e3-0eee-589d-fd69-7f9379e7c2bf/mza_11794592046917545135.jpg/600x600bb.jpg
AskAlex
Alex Khine
260 episodes
1 day ago
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
RSS
All content for AskAlex is the property of Alex Khine and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Everything about business development, marketing, communication, blogging, vlogging and other stuffs.
Show more...
Marketing
Business
https://d3t3ozftmdmh3i.cloudfront.net/production/podcast_uploaded_nologo/19010008/19010008-1637092623770-f387651c9d17f.jpg
TikTok မှာ စ run မဲ့ Brand တွေအတွက် ဘယ်လို Strategy နဲ့သွားသင့်လဲ?
AskAlex
7 minutes 47 seconds
2 years ago
TikTok မှာ စ run မဲ့ Brand တွေအတွက် ဘယ်လို Strategy နဲ့သွားသင့်လဲ?
Q: ကိုယ့်ရဲ့ brand ကို TikTok မှာစ run မယ်ဆိုရင်ရှိရမဲ့ process လေးသိချင်ပါတယ်။ ပြီးတော့ ဘယ်လို strategy နဲ့သွားသင့်လဲဗျ။ TT ကိုတချို့ customer တွေကမကြိုက်တော့။ A: ဆိုတော့ပထမဆုံးမေးထားတဲ့မေးခွန်း TikTok မှာစ run တဲ့ process လေးတွေသိချင်ပါတယ်။ ဘယ်လို strategy မျိုးနဲ့သွားသင့်လဲ။ ဘာလို့လဲဆိုတော့ အခုထိ TikTok က grey area မှာရှိနေ သေးတာဆိုတော့ ဘယ်လို process နဲ့ run လဲဆိုတော့ ကျွန်တော့်အမြင်တော့ TikTok ကနှစ်ပိုင်း နဲ့သွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ TikTok သည်ကျွန်တော်တို့ marketing မှာ game changing ပုံစံ တစ်ခုနဲ့တော့မြင်တယ်။ ဘာလို့လဲဆိုတော့ အဓိကပုံနဲ့စာနဲ့တင်မရတာ။ အဲ့တာ main issue ပေါ့ လေ။ အဲ့တော့အရင်တုန်းက ကျွန်တော်တို့က Facebook မှာပုံနဲ့စာတင်တဲ့ပုံစံမျိုးသွားတာဆို တော့ အဆင်ပြေတယ်။ designer တွေအလုပ်ရတယ်။ အခုဟာကကျတော့ TikTok က very video based တွေဖြစ်သွားတဲ့အချိန်မှာ ပုံနဲ့စာမဟုတ်တော့ဘူး။ အဲ့တော့ video ရိုက်ကိုရိုက်ရ မယ်ဆိုတဲ့အထာတွေဖြစ်လာတယ်။ ကျွန်တော် Instagram, Facebook နဲ့ TikTok သွားပြီး ကြည့်တဲ့အချိန်မှာ ကျွန်တော်က local business တွေ‌ရော international business တွေရော ကြည့်တာပေါ့နော်။ ဆိုတော့မြင်ရတာက sure fix ဆိုတဲ့ မြန်မာပြည်က I Sure ကလုပ်ထားတဲ့ TikTok channel link တစ်ခုရှိတယ်။ လက်ရှိမှာကြည့်မိသလောက်က မြန်မာနိုင်ငံရဲ့ TikTok follower အများဆုံးဖြစ်မယ်နဲ့တူတယ်။ followers သိန်းနဲ့ချီနေပြီ။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ own content အနေနဲ့က TikTok သည်လုံးဝကြီး မြန်မာနိုင်ငံမှာတော့ စျေးရောင်းတယ်ဆိုတဲ့ ဟာထက်ကို ကိုယ့်ရဲ့ product ကိုဘယ်လိုမျိုးသုံးမလဲဆိုတဲ့ဟာမျိုးလေးတွေ ဥပမာ-ကျွန်တော့် မှာ market pen ရှိတယ်ဗျာ။ ဒီ marker pen ကိုရောင်းမယ်ဆိုရင် ဘယ်လိုကောင်းတယ်ဘာညာ ကို video ပြပြီးရောင်းနေမယ့်အစား ပုံလေးဆွဲပြတာမျိုး၊ ကိုယ့်ရဲ့ target audience စိတ်ဝင်စား မယ့် ဒီ marker pen ကိုသုံးနေကျပုံစံမျိုးတစ်ခုခုကိုလုပ်ပြတာက ပိုပြီးတော့အဆင်ပြေနိုင်မယ် လို့တော့ မြင်တယ်။ ကတ်ကြေးရောင်းမယ်ဆိုရင်လည်း ဒီကတ်ကြေးကိုစက္ကူညှပ်ပြတဲ့ပုံစံမျိုးနဲ့ ရောင်းမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်မယ်လို့တော့ မြင်တယ်။ နောက်တစ်ပိုင်းအရေးကြီး တာက creator market ဖြစ်သွားတယ်။ ဘယ်လိုခေါ်မလဲ ကျွန်တော်တို့က challenge တစ်ခု အနေနဲ့စလိုက်တယ်။ အဲ့တာကိုလူတွေကဝိုင်းပြီးတော့မှ သူတို့ရဲ့လုပ်တတ်တဲ့ လုပ်နေကျပုံစံမျိုး လေးတွေကို သွားလိုက်တဲ့ပုံစံမြင်ရတယ်ပေါ့နော်။ ဆိုတော့ TikTok မှာအ‌ရေးကြီးတာသည် ကျွန်တော်တို့ influence marketing လိုပဲသုံးသပ်ရမလား၊ creator marketing လို့ပဲသုံးသပ် ရမလား။ creator marketing ပုံစံမျိုးတွေက ပိုပြီးတော့များတယ်ဆိုတော့ Facebook ကအရင် တုန်းကလုပ်ခဲ့ဖူးတဲ့ content မျိုးလေးတွေက TikTok မှာလည်းအလုပ်ဖြစ်တယ်။ video ပြောင်း သွားတာပဲရှိတယ်ပေါ့လေ။ အဲ့ဟာတစ်ခုရနိုင်တယ်။ ပြီးတော့ TikTok မှာအရေးကြီးတာသည် hashtag ပါ။ TikTok ရဲ့ပေါက်တဲ့ viral ဖြစ်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့မြင်တာသည် သီချင်း ပါတယ်၊ hashtag ပါတယ်။ အဲ့နှစ်ခုကတော်တော်ကြီးကို content တစ်ပုဒ် viral ဖြစ်သွားဖို့ကို အများကြီး support ပေးတယ်ပေါ့နော်။ TikTok တစ်ခုတည်းမှမဟုတ်ဘူး။ ပြောမယ်ဆိုရင် Instagram reels တို့၊ Facebook story တို့၊ Facebook reels တို့၊ YouTube shorts တို့လည်း အဲ့တိုင်းပဲ။ background music ရယ်၊ hashtag ရယ် အဲ့နှစ်ခုကတော်တော်အရေးကြီးတယ်။ ပြီးတော့မှကိုယ်ပြောမယ့် topic ကိုဆက်တိုက်ဆက်တိုက်ပြောသွားတယ်ဆိုရင်က ဒါသည် လူတွေကတစ်ချိန်ချိန်မှာ ကျွန်တော်တို့ရဲ့ content တွေကိုဝင်ကြည့်ဖို့ chance ကပိုများတယ် ပေါ့။ ဒါကကျွန်တော်တို့မြန်မာနိုင်ငံမှာလုပ်တဲ့ဟာ။ အဲ့တော့ထိုင်းမှာဆိုရင် သူတို့ကဘာလုပ်လဲ ဆိုတော့ ထိုင်းက TikToker တွေက live ရနေပြီ။ မြန်မာပြည်မှာပဲ live မရသေးတာပေါ့နော်။ ထိုင်းကရနေပြီဆိုတော့ ဟိုမှာက live sale ကပေါက်တယ်။ ထိုင်းမှာသွားတုန်းက ဘာတွေခဲ့ဖူးလဲ ဆိုတော့ သူတို့အိမ်ပွဲစားတွေပေါ့။ estate agent တွေကဘာလုပ်လဲဆိုတော့ အိမ်ကိုလိုက်ပြတယ် ဆိုရင် TikTok မှာသူတို့အိမ်ကိုပြတဲ့ process လေးတွေ run ကြတယ်။ အဲ့တာသည် actually တော်တော်လေးကောင်းတဲ့ ပုံစံပေါ့နော်။ ဆိုတော့ TikTok က very video based ကိုအခြေခံ ထားတယ်။ ပြီးရင် very value based ။ hashtag link ကထိုင်းမှာဆိုရင် live နဲ့ပဲလုပ်ကြတယ် ဆိုတဲ့ပုံစံမျိုး ပိုပြီးတော့များလာတယ်။ value based သွားတဲ့ပုံစံမျိုးလေးတွေ ပိုပြီးတော့ များတယ်။ value based ဆိုတာ entertainment value ပဲဖြစ်ဖြစ်၊ knowledge value ပဲဖြစ်ဖြစ် ပေါ့နော်။ short form စက္ကန့်သုံးဆယ်ကနေ စက္ကန့်ခြောက်ဆယ်အထိသွားတာပဲ ပိုကောင်းပါ တယ်။ ကျွန်တော်တို့ကတော့ သုံးမိနစ်၊ နှစ်မိနစ်လောက်တော့သွားတယ်။ ဆိုတော့အဲ့လိုပုံစံမျိုး လေးနဲ့ ပြီးရင် hashtag, background music အရေးကြီးတယ်ပေါ့နော်။ ပြီးတော့သည် TikTok သည် sale in great area ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်ကတော့ဘာမဖြစ်စေချင်ဘူးလဲ ဆိုတော့ TikTok က video ကြီးကို Facebook မှာတို့၊ တခြားသော channel တွေမှာတို့တင်တာ မျိုးတော့ မလုပ်စေချင်သေးပါဘူး။ ဘာလို့လဲဆို‌တော့ အန္တရာယ်များလို့ပါ။ TikTok ကတချို့သော customer တွေကမကြိုက်ဘူးဆိုတော့ Facebook ကိုမသွားသေးဘဲနဲ့ TikTok platform ပေါ်မှာ ပဲအဲ့ video ကိုတင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ တဖြည်းဖြည်းနဲ့တော့ TikTok လည်းများလာနိုင်ချေတော့ ရှိပါတယ်။ သုံးတဲ့သူတွေကတော့ အများကြီးသုံးနေကြပြီပေါ့နော်။ #marketing #digitalmarketing #market #career #askalex #askalexmm
AskAlex
Everything about business development, marketing, communication, blogging, vlogging and other stuffs.