
Arakan Sagawar
Rakhine State's News-You-Can-Use Talk Show. A weekly curated news and talk radio program and podcast with episodes in Rohingya and Rakhine languages. The show promotes social cohesion and reconciliation in Rakhine State, creating a space for dialogue on ethnic and religious diversity.
ရခိုင်ပြည်နယ်ရဲ့ News-You-Can-Use Talk Show နှစ်ပတ်တကြိမ် သတင်းအစီအစဥ်၊ စကားပြော ရေဒီယိုအစီအစဥ်နဲ့ အသံ podcast တွေကို ရိုဟင်ဂျာ၊ ရခိုင်ဘာသာစကား ၂ မျိုးနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။
Episode - 1 မှာတော့
ပင်လောင်းမြို့နယ် နန်းနိမ်းရွာမှာ ဒေသခံ ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့သတင်း
ဘာလုခါလီဒုက္ခသည်စခန်း မီးလောင်မှုကြောင့် နေအိမ် ၂၀၀၀ ကျော် ဆုံးရှုံးသွားတဲ့သတင်း
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ်ကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ထပ်တိုးအမှုဖွင့်ခံရတဲ့သတင်း
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာ ၂၆ သန်း အကူအညီထပ်ပေးတဲ့သတင်း
စစ်ကောင်စီထံမှာ ANP ပါတီ ပြန်လည်မှတ်ပုံတင်မယ့်သတင်း
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာ ၈၇၆ သန်း လိုအပ်နေတယ်လို့ ကုလပြောဆိုလိုက်တဲ့သတင်း
ကျောက်တလုံးမွတ်စလင်ဒုက္ခသည်စခန်း ရွှေ့ပြောင်းဖို့စီစဉ်ထားတဲ့နေရာ အဆင်မပြေဖြစ်နေတယ်လို့ ဒုက္ခသည်တွေ ပြောဆိုလိုက်တဲ့သတင်း
စစ်တွေက မွတ်စလင်ဒုက္ခသည် ၃ဝ ကျော်ကို နိုင်ငံသားစိစစ်ရေးသက်သေခံ NVC ကတ်တွေထုတ်ပေးတဲ့သတင်းနဲ့
အာဆာခေါင်းဆောင်တစ်ဦး အူခီးယာဒုက္ခသည်စခန်းမှာ ပစ်သတ်ခံရတဲ့သတင်းတွေကို တင်ဆက်ပေးထားသလို...................
စစ်တွေမြို့နယ်ထဲက ဖွဲရာကုန်း ခေါ် ချမ်းသာကုန်းဒုက္ခသည်စခန်းက မွတ်စလင်အမျိုးသမီး ၄၀ ကျော် အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသမီးများအဖွဲ့ ချုပ် (RWLH) ရဲ့ သဘာပတိ ဒေါ်စောပုစိန်နဲ့ အဲဒီဒုက္ခသည်စခန်းမှာ နေထိုင်သူ ဦးမာမတ်ဟူဆောင်းတို့ကို Arakan Sagawar က တွေ့ ဆုံမေးမြန်းထား ပါတယ်။