
ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ရေ...“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျမတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့ “ အထက်ဆင်နဲ့ဖက်ရှင်’ ဆိုတဲ့မငြိမ်းမေနဲ့ တော်လှန်သော ဖက်ရှင်ဒီဇိုင်နာ Nico တို့ အကြိတ်အနယ်ဆွေးနွေးတင်ဆက်ထားတဲ့အပိုင်းလေး နားဆင်ကြည့်ပါဦး။