
🤔 ဖေဖေ၊မေမေတို့အနေနဲ့ အိမ်က သားသားမီးမီးတို့က တစ်ချိန်လုံး Gameတွေပဲဆော့ ဖုန်းတွေသုံးနေလို့ ဘာလုပ်ရမှန်းမသိ စိတ်ညစ်နေပြီလား ?
😭 သားသားမီးမီးတို့ကလည်း Screen Time တွေများနေလို့ မျက်လုံးကိုထိခိုက်လာပြီလား?
😬 လူငယ်တွေအနေနဲ့လည်း ဖုန်းနဲ့မျက်နှာမခွာနိုင်ဘဲ Social Media ပေါ်မှာပဲ အချိန်ကုန်နေမိပြီလား?
အဲဒါဆိုရင်တော့ Thate Pan Hub ရဲ့ ဒီနေ့ Episode လေးက သူငယ်ချင်းတို့အားလုံးအတွက် အထောက်အကူဖြစ်စေမှာပါ 🤩
ဒီနေ့ Podcast လေးမှာဆိုရင်တော့ ယနေ့ခေတ် လူငယ်အများစုရင်ဆိုင်နေရတဲ့ Screen Time များခြင်းပြဿနာကို ဥဥ နဲ့ ကုကုဆိုတဲ့ သူငယ်ချင်းဇီးကွက်လေးနှစ်ကောင်က သူတို့ရဲ့အတွေ့အကြုံနဲ့ယှဥ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
သားသားမီးမီးတို့ကလည်း Thate Pan Hub ရဲ့ ဥဥ ကုကု ဇာတ်ကောင်လေးတွေကို သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။
နောက်လာမယ့် အပိုင်းသစ်တွေမှာလည်း ဘယ်လိုမျိုးအကြောင်းအရာတွေ ဘယ်လိုခေါင်းစဥ်တွေကိုနားထောင်ချင်ကြလည်း ဆိုတာ Comment ပေးသွားဖို့ မမေ့ကြပါနဲ့ဦးနော်
ဒီနေ့ရဲ့ စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာလေး ကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း Like & Share လုပ်ပြီး အားပေးကြလို့ရပါတယ်ရှင့် ။ နောက်တစ်ပတ်တွေမှာလည်း အသစ်အဆန်းတွေထပ်ပြီး ဖန်တီးချပြသွားမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း... 🧡
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#TP001 #ThatePanHub